Pages

Tuesday, June 17, 2014

လျှို့ဝှက်မဲပေးစနစ်ကို အခြေအနေအရ လွှတ်တော်ဥက္ကဋ္ဌ၏ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်သွားရန်ရှိသည်ဟု သူရဦးရွှေမန်းပြော

RangonNewsDaily:: June . 17 .2014
လွှတ်တော်အတွင်းတွင် လျှို့ဝှက်မဲ ပေးစနစ်ကို အခြေအနေအချိန်အခါအရ လွှတ်တော် ဥက္ကဋ္ဌ၏ အဆုံးအဖြတ်အတိုင်း ဆောင်ရွက်သွားရန်ရှိ ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။မြေပုံမဲဆန္ဒနယ်မှ ပြည်
သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဖေသန်း၏ စက်ခလုတ်ကိုအသုံးပြု၍ လျှို့ ဝှက်မဲပေးရာတွင် အချက်ပြမီးစနစ်အား ပြုပြင်
ပေးနိုင် ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်အဆိုနှင့် ပတ်သက်ပြီးမေး မြန်းရာတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က လျှို့ဝှက်မဲပေးသည့်စနစ်နှင့်ပတ်သက်၍ ''ဘယ် တော့ကျင့်သုံးမှာပါလဲ၊ ဘယ်
ချိန် ကျင့်သုံးမှာပါလဲ ဆိုတာနဲ့ပတ်သက်ပြီး ဟုတ်ပါတယ်။ ကျင့်သုံးခြင်း မရှိ သေးပါဘူး။ ဘယ်တော့ ဘယ်အချိန်မှာဆို
တဲ့ ကိစ္စက တော့ အခြေအနေပေါ်မူတည်ပြီးတော့ ဒါကိုလွှတ်တော် ဥက္ကဋ္ဌရဲ့ အဆုံးဖြတ်ပဲ မလွှဲမသွေ လျှို့ဝှက်မဲပေး
မယ် ဆိုတဲ့ကိစ္စကျရင်တော့ ဥပဒေအတိုင်းပဲ လွှတ်တော် ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်များ လိုက်နာရမှာပဲဖြစ်ပါတယ်'' ဟု ဇွန် ၁၃ ရက်ကပြုလုပ်သော ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့အစီအစဉ်တွင် ယခုကဲ့သို့ပြောသည်။

လက်ရှိ လွှတ်တော်သက်တမ်းအတွင်းကျင့် သုံးနေသည့် စက်ခလုတ်နှိပ် မဲပေးစနစ်သည် ဗြောင် မဲပေးစနစ် (မတ်တပ်

ရပ်၊ ထိုင်လျက်)စနစ်ကိုသာကျင့်သုံးနေပြီး၊ မိမိတို့ပေးသည့်မဲစနစ်နှင့် ပတ်သက်ပြီးကိုယ့် မဲမပျောက်အောင် ကိုယ့်မဲ ဘယ်
ရောက်နေသည်ကို သိရှိစေရန်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော
သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ''စက်ခလုတ်ကိုသုံးပြီးတော့လျှို့ဝှက်မဲပေးခြင်းဆိုတာလွှတ်တော်
တက်
တာ သုံးနှစ်ရှိပါပြီ ခုမှ သိရပါ တယ်''ဟု ပြောသည်။

ဆန္ဒမဲပေးစနစ်တွင် ကွန်ပျူတာနှင့် ဆာဗာ ကို တိုက်ရိုက်ချိတ်ဆက်ထားပြီး ကွန်ပျူတာဆာဗာတွငှ်နခမနအ ဠသအန(လျှို့
ဝှက်မဲပေးစနစ်)၊ ဥစနည ဠသအန(ဗြောင် မဲပေးစနစ်)နှစ်မျိုးရှိကြောင်း၊ လက်ရှိအချိန်အထိ ဗြောင် မဲပေးသည့်စနစ်ကို
သာ အများဆုံးအသုံးပြုနေပြီး လျှို့ ဝှက်မဲပေးသည့်စနစ်ကို မကျင့်သုံးသေးကြောင်း ပြည် သူ့လွှတ်တော် အခွင့်အရေးကော်
တီမှ အတွင်းရေး မှူး ဒေါက်တာစိုးရင်၏ လွှတ်တော်အတွင်း ရှင်းလင်းပြော ကြားချက်အရ သိရသည်။

Flower News Journal အတွဲ(၁၀) အမှတ်(၂၃)
Yangon Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment