Pages

Thursday, May 8, 2014

ကားမှတ်တိုင်တွင် ခြင်ထောင်ထောင်၍ အိပ်နေသည့် ၁၂ နှစ် အရွယ်မိန်းကလေးကို မုဒိန်းကျင့်ရန်ကြံသူအား ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖမ်းဆီး

RangonNewsDaily: May . 8 .2014
ကားမှတ်တိုင်နောက်တွင်ခြင်ထောင်ထောင်အိပ်နေသူကိုသားမယားအဖြစ် ပြုကျင့်ရန်ကြံစည်သူအား ၀ိုင်းဝန်းဖမ်းဆီးမှု မေ၅ရက် နံနက်၁နာရီ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နေ(၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးကသက်ဆိုင်ရာသို့တိုင်ကြား
ခဲ့ရာတွင် မိမိနှင့် (၁၂) နှစ်အရွယ် တူမတို့ လသာမြို့နယ် ဗိုလ်ချုပ်လမ်းကားမှတ်တိုင်နောက်တွင် ခြင်ထောင်ထောင်၍
အိပ်နေစဉ် အမည်မသိလူငယ်တစ်ဦးခြင်ထောင်ထဲသို့ရောက်ရှိလာပြီးတူမဖြစ်သူအားသားမယားပြုကျင့်ရန် ကြံစည်နေ
သည်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီတောင်းဖမ်းဆီးခဲ့သည်။
::
အဆိုပါလူငယ် မှာ လှိုင်သာယာမြို့နယ်နေ ဇော်မင်းကို (၂၆) နှစ်ဖြစ်ကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့

သည်။လသာမြို့မ ရဲစခန်းမှ (ပ)၁၂၅/၂၀၁၄၊ ပြစ်မပုဒ်မ- ၃၇၆/၅၁၁ အရ အမှုဖွင့်အရေးယူထားသည်။

ထွန်းလင်း
စံတော်ချိန်သတင်းစာ ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment