Pages

Wednesday, April 30, 2014

ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှု တောင်ကိုရီးယား သမ္မတ ပက်ဂျုံဟီးနှင့် အစိုးရအဖွဲ့ တောင်းပန်


RangonNewsDaily: April . 30 .2014
- Sewol ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှုအား မတားဆီးနိုင်ခြင်းနှင့် တိမ်းမှောက်ခဲ့ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများ အမြန် မဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူပေါင်း ၃၀၀ ခန့် သေကြေ၊ ပျောက်ဆုံးခဲ့ရသည့်အတွက် တောင်ကိုရီးသမ္မတ ပက်ဂျုံဟီးက တောင်းပန်လိုက်သည်ဟု သိရသည်။
အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်ခဲ့ခြင်းမဟု အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ ဆွေမျိုးများက ဝေဖန်ခဲ့ပြီးနောက် ပက်ဂျုံဟီးက ယခုကဲ့သို့ တောင်းပန်ခဲ့ခြင်းဖြစ်သည်။

“ဒီမတော်တဆမှုကို ဖြစ်မလာအောင် မတားဆီးနိုင်ခဲ့တဲ့အတွက်နဲ့၊ တိမ်းမှောက်ပြီးတဲ့နောက် လျင်လျင်မြန်မြန် မဆောင်ရွက်နိုင်
တဲ့အတွက် ကျွန်မ ဘယ်လိုတောင်းပန် ရမှန်းတောင် မသိတော့ပါဘူး။ ပြည်သူတွေအတွက် ၀မ်းနည်းမိပြီး၊ အဖိုးတန်ဘ၀တွေ ဆုံးရှုံးသွားရတဲ့အတွက် ကျွန်မ တော်တော်လေး ကြေကွဲရပါတယ်” ဟု ပက်ဂျုံဟီးက ကတ်ဘိနတ် အဖွဲ့အတွင်း ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ပြည်သူများအား ကတ်ဘိနတ် အဖွဲ့မှ တောင်းပန်မှုကို နိုင်ငံပိုင် ရုပ်သံက ယနေ့တွင် ထုတ်လွှင့်ပြသ ခဲ့သည်။

ပက်ဂျုံဟီးမှာ သင်္ဘောပေါ်တွင် လိုက်ပါသွားသည့် ကျောင်းသားများ ကျောင်းတက်ရာ အန်ဆန်မြို့ရှိ အထက်တန်းကျောင်း၌ ပြုလုပ်ထားသော အောက်မေ့ဖွယ် အခမ်းအနားကို သွားရောက်ခဲ့ပြီး သေဆုံးသွားသူများအတွက် ဂါရ၀ပြုခဲ့သည်။

ထိုကျောင်းတွင် သေဆုံးသွားသူများ၏ မိသားစုဝင်များက ၎င်းအား အော်ဟစ်ခဲ့ကြပြီး၊ ၎င်းတို့၏ ပြောဆိုမှုကို ပက်ဂျုံဟီးက ၁၀ မိနစ်ခန့် နားထောင်ခဲ့ကာ နောက်ပိုင်းတွင် ထိုနေရာမှ ပြန်လည်ထွက်ခွာခဲ့သည်။

လူပေါင်း ၄၇၆ ဦးအား တင်ဆောင်သွားခဲ့သည့် အဆိုပါသင်္ဘော နစ်မြုပ်မှုကို တာဝန်ယူသည့်အနေဖြင့် တောင်ကိုရီးယား ၀န်ကြီးချုပ်မှာ စောစောပိုင်းက နှုတ်ထွက် သွားခဲ့သည်။ ထိုသင်္ဘောမှ ခရီးသည် ၁၇၄ ဦးကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်။ လက်ရှိချိန်အထိ ၁၈၀ ကျော်၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၀၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

M-Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment