Pages

Wednesday, April 16, 2014

"အတူရေကစားစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးအားရေလောင်း သည်ကို စိတ်ဆိုးပြီး ပိုးသတ်ဆေး သောက်၍သေဆုံး"

RangonNewsDaily: April . 16 .2014
၁၅.၄.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်၍လှိုင်သာယာဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေး
ရာ သေဆုံးသူမှာ မသဲစုလှိုင်၊ (၂၀)နှစ်၊ (ဘ)ဦးထွန်းရွှေ၊ အတွင်းပဒံကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူဖြစ်ပြီး ပြင်ပဒဏ်ရာတစ်
စုံတစ်ရာ မတွေ့ရှိဘဲသေဆုံးနေသည်ကိုတွေ့ရှိရသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၀၃၀ အချိန်ခန့်က အတွင်းပဒံကျေးရွာ၊ ကျန်းလေးဘုန်းကြီးကျောင်း လမ်းအတွင်း ခင်ပွန်းဖြစ်သူနှင့်
အတူ သင်္ကြန်ရေကစားနေစဉ် ခင်ပွန်းဖြစ်သူမှ အခြားမိန်ကလေးတစ်ဦးအား ရေလောင်းသည်ကိုစိတ်ဆိုပြီး နေအိမ်သို့တစ်ဦး
တည်းပြန်သွားကာ ခင်ပွန်းဖြစ်သူ ငှက်ဖမ်းရာတွင် အသုံးပြုသော ပိုတက်ဆေးမှုန့်များအားသောက်ခဲ့ကြောင်း၊ ၁၁၀၀ အချိန်တွင် ခင်ပွန်းဖြစ်သူမှ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ်အော့အန်နေသည်ကိုတွေ့ရှိခဲ့၍ လှိုင်သာယာဆေးရုံသို့ပို့အပ် ကုသခဲ့ရာမှ ၁၁၃၀
 အချိန်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သောင်ကြီးနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး

လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment