Pages

Wednesday, March 26, 2014

အစိုးရ၀န်ထမ်းတွေ လစာကျပ် နှစ်သောင်းတိုးဖို့ လွှတ်တော် သဘောတူ


RangonNewsDaily: March . 26 .2014
လာမယ့် ဧပြီလကုန်ကစပြီး အစိုးရ၀န်ထမ်းတွေကို လစာငွေကျပ် ၂ သောင်းတိုးပေးဖို့ ထည့်သွင်းလျာထားတဲ့ ၂၀၁၄ -၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
အဲ့ဒီဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခုလို ကြေညာခဲ့ပါတယ်။

"၂ဝ၁၄ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို သဘောမတူသူ မရှိတဲ့အတွက် <b>၂ဝ၁၄ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုကြောင်း ကြေညာပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ အစိုးရ၀န်ထမ်းတွေကို ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၂ သောင်း တစ်ကြိမ်၊ ကျပ် ၃ သောင်းတစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ဒီတစ်ကြိမ်တိုးမြှင့်တာကို လာမယ့် ဧပြီလကုန်မှာ ခံစားကြရမှာ ဖြစ်ပါတယ်။

RFA , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment