Pages

Friday, January 17, 2014

တရုတ်သို့ လူကုန်ကူးခံရသူများ လူပြန်ကုန်ကူး

Photo

RangonNewsDaily:: January . 17 .2014
မန္တလေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်သို့ လူကုန်ကူးခံရမှုများ
 ဖြစ်ပွားလေ့ရှိပြီး အဆိုပါ လူကုန်ကူး ခံရသူများက တစ်ဆင့်ပြန်၍ လူကုန်ကူးမှုများ ရှိနေကြောင်း လူကုန်
ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) ရုံး ရဲမှူး ဖေသိန်းကျော်က ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးမှု ရှစ်မှု ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ လူ
ကုန်ကူးမှု ခြောက်မှု ဖြစ်ပွားခဲ့ကာ ပြည်တွင်း လူကုန်ကူးမှု နှစ်မှု ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တား
ဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (မန္တလေး) ရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးမှု ခြောက်မှုသည် တရုတ်နိုင်ငံသားများ၏ ဇနီးမယား ပြုလုပ်ရန်
အတွက် ရောင်းစားခြင်း ဖြစ်ပြီး ယင်းလူကုန်ကူးခံရမှု ခြောက်မှုထဲမှ နှစ်မှုသည် လူကုန်ကူးခံရသူက တစ်
ဆင့် ပြန်လည်၍ လူကုန်ကူးခြင်း ဖြစ်ကြောင်း ရဲမှူး ဖေသိန်းကျော်က ရှင်းပြသည်။

တရုတ်အမျိုးသားများ၏ ဇနီးမယားအဖြစ် ရောင်းစားခြင်း ခံခဲ့ရပြီး နောက်ပိုင်းတွင် အဆိုပါ တရုတ်အမျိုးသား
များနှင့်ပူးပေါင်း၍အမျိုးသမီးတစ်ဦးလျှင်တရုတ်ငွေ ယွမ်သုံးသောင်းမှ တစ်သိန်းဖြင့် ရောင်းစားကာ ရရှိသော
 ငွေများကို တစ်ယောက်တစ် ဝက်ခွဲဝေယူခြင်းများ ပြုလုပ်လာကြောင်း ရဲမှူးဖေသိန်းကျော်က ထပ်မံပြော
ကြားသည်။

“ကျွန်တော်တို့ လူကုန်ကူးတဲ့သူကို ဖမ်းမိတော့ သူကအရင်တုန်းက လူကုန်ကူး ခံရတယ်လို့ ထွက်ဆိုတယ်၊ သူ့ကိုဘယ်သူက လူကုန်ကူးသလဲဆိုတော့ သူကမသိဘူးလို့ ထွက်ဆိုတယ်” ဟု ရဲမှူးက ဆိုသည်။

ယင်းကဲ့သို့ တစ်ဆင့်လူကုန်ကူးသူများကို ၂၀၁၃ ခုနှစ် မတ်လက ချမ်းမြသာစည် မြို့နယ်တွင် အမျိုးသမီးတစ်
ဦး၊ အောက်တိုဘာလက ချမ်းအေးသာစံမြို့နယ်တွင် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ ထပ်မံသိရသည်။

“တချို့အမျိုးသမီးတွေဆိုရင် တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်ဆိုတာ သိသိကြီးနဲ့ သွားတာတွေရှိတယ်။ သူတို့တွေကလည်း ပြန်ပြီး လူကုန်ကူးတာတွေ ရှိတယ်။ တချို့ အမျိုးသမီးတွေဆိုရင် လူကုန်ကူးခံရတဲ့သူနဲ့ လူကုန်ကူးတဲ့သူနဲ့ ပေါင်းပြီး တရုတ်နိုင်ငံသားဆီကနေ ငွေယူပြီးတော့ ထွက်ပြေးတာတွေ လုပ်တယ်” ဟု ရဲမှူးဖေသိန်းကျော်က ထပ်လောင်းဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းက ရန်ကုန်မြို့တော်ရှိ လူကုန်ကူးသည့် အမျိုးသားတစ်ဦးသည် မိန်းကလေး
တစ်ဦးကို ချစ်သူအဖြစ် ဟန်ဆောင်ကာ သမီးရည်းစား သက်တမ်းခြောက်လ အကြာတွင် အဆိုပါ အမျိုးသမီး
ကို ယုံကြည်အောင် ပြောဆို၍ ထိုင်းနိုင်ငံသို့ ရောင်းစားခဲ့သည့် ဖြစ်စဉ် ရှိခဲ့ဖူးကြောင်း ရဲမှူးက ထပ်မံပြော
ကြားသည်။

“အခုနောက်ပိုင်းမှာ ကျွန်တော်တို့တွေက ရပ်ကွက်၊ ကျေးရွာ စောင့်ကြည့်ရေး အဖွဲ့တွေကနေ ပညာပေး
 ဟောပြောပွဲတွေ လုပ်တဲ့အတွက်ကြောင့် လူကုန်ကူးမှုတွေ လျော့ကျလာတယ်၊ ပြည်သူတွေကလည်း နား
လည် သဘောပေါက်လာတယ်၊ ပြည်သူတွေကနေ တစ်ဆင့် ဝိုင်းဝန်း ဖမ်းဆီးပေးတာတွေ ရှိလာတယ်၊ အဲဒီ
လိုမျိုး အသိပညာတွေ ရှိလာတဲ့အတွက် လူကုန်ကူးသူတွေအတွက် ခက်ခဲသွားမယ်။ လူကုန်ကူး သူတွေက
လည်း တစ်မျိုးပြောင်းပြီး ရုပ်ရည်သန့်ပြန့်တဲ့ အမျိုးသားတွေကို အသုံးပြုပြီး သမီးရည်းစားကနေတစ်ဆင့် လူ
ကုန်ကူးတာတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ စာသင်ကျောင်းနှင့် ဌာနဆိုင်ရာများရှိ လူကုန်
ကူးမှုဆိုင်ရာ ရပ်ရွာအခြေပြု စောင့်ကြည့်ရေး အဖွဲ့များကို ၂၀၁၃ ခုနှစ်အတွင်း ပညာပေး ဆွေးနွေးပွဲ (၁၅၀) ကြိမ် ပြုလုပ်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) ရုံးမှတ်တမ်းများအရ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily
Photo

Photo

0 comments:

Post a Comment