Pages

Saturday, January 25, 2014

လွတ်ငြိမ်းခွင့်ဖြင့် လွတ်ခဲ့သူ ဆိုင်ကယ်ပြန်ခိုး

RangonNewsDaily:: January . 25 .2014
ခိုးမှုကျူးလွန်ကာ ထောင်ဒဏ် အပြစ်ပေးခံရစဉ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတစ်ဦး ဆိုင်ကယ်တစ်စီးကို ထပ်မံခိုးယူလာစဉ် မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ် ဖြိုးဝေဂိတ် အနီးတွင် ဖမ်းဆီးမိခဲ့ကြောင်း နယ်မြေပိုင် အမှတ်(၂) ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ ၂၂ ရက် ည ၇ နာရီခန့်က ဈေးအရှေ့ပြင်ရပ် သြဇာခြံနယ်မြေရှိ ငွေစင်ကြယ် ကွန်ပျူတာဆိုင်မှ ကိုခန့်ကျော်အောင်သည် ဆိုင်ရှေ့တွင် သော့ခတ်ထားခဲ့သော အနက်ရောင် လော့ဂျာ ဆိုင်ကယ် ပျောက်နေ၍ အကြောင်းကြားခဲ့သဖြင့် အရှေ့ပြင်ရပ် ဖြိုးဝေဂိတ်အနီး လှည့်ကင်းအဖွဲ့က ည ၉ နာရီခန့်တွင် မသင်္ကာဖွယ်လူတစ်ဦး ဆိုင်ကယ် စက်မနိုးဘဲ တွန်းလာသည်ကို ရပ်တန့် စစ်ဆေးရာမှ ခိုးမှုတရားခံ ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သီရိမင်္ဂလာရပ်နေသူ ဆိုင်ကယ် ခိုးသူစိုးသူအောင်ကို အမှတ် (၂) ရဲစခန်းက (ပ) ၂၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (ဆ) အရ အမှုဖွင့် အရေးယူခဲ့သည်၊

ခိုးမှုကျူးလွန်သူ စိုးသူအောင်သည် ယခင်ကလည်း ခိုးမှုကျူးလွန်ခဲ့၍ မိတ္ထီလာထောင်တွင် အကျဉ်းကျခံနေရစဉ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment