Pages

Thursday, January 2, 2014

အမေရိကန်မှာ ရေနံတင်ရထားနှင့် တခြားရထားတို့ တိုက်မိပေါက်ကွဲ

Photo: အမေရိကန်မှာ ရေနံတင်ရထားနှင့် တခြားရထားတို့ တိုက်မိပေါက်ကွဲ
Thursday, January 2, 2014

အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်မှာ ရေနံတွေ တင်လာတဲ့ ရထားတစီးဟာ တခြား ရထားတစီးနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က တိုက်မိခဲ့လို့ ရထားတွဲ အနည်းဆုံး ဆယ်တွဲ မီးလောင် ပေါက်ကွဲခဲ့ပါတယ်။
ကတ်ဆဲလ်တန်မြို့ပြင်မှာ ၁ မိနစ်အတွင်း ပေါက်ကွဲသံကြီး ၅ ကြိမ် ကို ဒေသခံတွေ ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရထားတွဲ ၁၁၂ တွဲပါတဲ့ ပဲပုပ်စေ့တွေ တင်လာတဲ့ ရထားက လမ်းချော်ပြီး နေ့မွန်းလွဲ ၂ နာရီမှာ ရထားတွဲ ၁၀၄ တွဲပါတဲ့ ရေနံစိမ်းတင်ထားတဲ့ ရထားနဲ့ ၀င်တိုက်ခဲ့တာလို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။
ဒဏ်ရာရမှု သတင်းတွေတော့ ထွက်ပေါ်မလာသေးသလို ရထားတိုက်မိမှုကြောင့် ရေနံစိမ်း တင်လာတဲ့ ရထားရဲ့ အင်ဂျင်၂ ခုစလုံး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

တိုက်မိတဲ့ရထား ၂ စီးလုံးဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ၀ါရင့်ဘက် ဖတ်ပိုင်တဲ့ BNSF ရထားကုမ္ပဏီက ဖြစ်ပါတယ်။ အခင်းဖြစ်ရာနဲ့ ၁၀ မိုင်ပတ် လည်က ဒေသခံတွေကို မီးခိုးငွေ့တွေကို ရှောင်ရှားနိုင်ရေးအတွက် အိမ်ထဲ မှာပဲ နေဖို့ အကြံပြု ထားပါတယ်။

အခင်းဖြစ်ရာ အနီးတ၀ိုက်က ဒေသခံတွေကို နေရာရွှေ့ပြောင်း ပေးထား ပါတယ်။

မြောက်ဒါကိုတာဟာ အောက်တိုဘာလအတွင်းက ၁ ရက်ကို ရေနံစိမ်းစည် ၉ သိန်းခွဲနီးပါး ထုတ်လုပ်ပြီး ရေနံစိမ်းအများစုကို ရထားနဲ့ တင်ပို့ပါတယ်။

DVB

RangonNewsDaily:: January . 2 .2014
အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်မှာ ရေနံတွေ တင်လာတဲ့ ရထားတစီးဟာ တခြား ရထားတစီးနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကတိုက်မိခဲ့လို့ရထားတွဲအနည်းဆုံးဆယ်တွဲ မီးလောင် ပေါက်ကွဲခဲ့ပါတယ်။ကတ်ဆဲလ်
တန်မြို့ပြင်မှာ ၁ မိနစ်အတွင်း ပေါက်ကွဲသံကြီး ၅ ကြိမ် ကို ဒေသခံတွေ ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။ ရထားတွဲ၁၁၂ တွဲပါတဲ့ပဲပုပ်စေ့တွေ တင်လာတဲ့ ရထားက လမ်းချော်ပြီး နေ့မွန်းလွဲ ၂ နာရီမှာ ရထားတွဲ ၁၀၄
တွဲပါတဲ့ ရေနံစိမ်းတင်ထားတဲ့ ရထားနဲ့ ၀င်တိုက်ခဲ့တာလို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။ဒဏ်ရာရမှုသ
တင်းတွေတော့ ထွက်ပေါ်မလာသေးသလို ရထားတိုက်မိမှုကြောင့် ရေနံစိမ်း တင်လာတဲ့ ရထားရဲ့ အင်ဂျင်၂ ခုစလုံး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

တိုက်မိတဲ့ရထား ၂ စီးလုံးဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ၀ါရင့်ဘက် ဖတ်ပိုင်တဲ့ BNSF ရထားကုမ္ပဏီ
က ဖြစ်ပါတယ်။ အခင်းဖြစ်ရာနဲ့ ၁၀ မိုင်ပတ် လည်က ဒေသခံတွေကို မီးခိုးငွေ့တွေကို ရှောင်ရှားနိုင်ရေးအ
တွက် အိမ်ထဲ မှာပဲ နေဖို့ အကြံပြု ထားပါတယ်။

အခင်းဖြစ်ရာ အနီးတ၀ိုက်က ဒေသခံတွေကို နေရာရွှေ့ပြောင်း ပေးထား ပါတယ်။

မြောက်ဒါကိုတာဟာ အောက်တိုဘာလအတွင်းက ၁ ရက်ကို ရေနံစိမ်းစည် ၉ သိန်းခွဲနီးပါး ထုတ်လုပ်ပြီး ရေ
နံစိမ်းအများစုကို ရထားနဲ့ တင်ပို့ပါတယ်။

DVB , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment