Pages

Friday, January 31, 2014

တရုတ် နှစ်သစ်ကူး ရက်များအတွင်း မြန်မာများသိရှိရန် (သတိပေးချက်များ)

RangonNewsDaily:: January . 31 .2014
မလေးရှားရောက် မြန်မာများ အားလုံးအတွက် နှစ်တစ် နှစ် ရဲ့ အလုပ်ပိတ်ရက် အများဆုံးဖြစ်တဲ့ တရုတ် နှစ်သစ်ကူး ရုံးပိတ်ရက် ၊ အလုပ်ပိတ်ရက်များ စတင်ပြီဖြစ်သည် ။ ထို့အတူ မလေးရှားရောက် မြန်မာများ အတွက် အောက်ပါအချက်များ သိရှိထားရန် ကျွန်တော်တို့ စုပေါင်းရေးသားတင်ဆက်သည် ။ ပထမ
****

၂၂.၁.၂၀၁၄ တွင်စတင်ဖမ်းဆီးသော အော်ပရာစီ အတွင်း မြန်မာစုစုပေါင်း ၁၈၀ ကျော် ဖမ်းဆီး ခံခဲ့ရသည် ထိုဖမ်းဆီးခံရသော သူများ သည် မည်သည့် အထောက်အထားမျှ မရှိသော သူ၊ အလုပ်ရှင်မှ တာဝန်မယူသော အဖြစ်အပျက်များ ကြောင့် ဖမ်းဆီးခံကြရခြင်းဖြစ်သည် ။ တရားဝင် လုပ်သမားများ ဖမ်းဆီး ခံရခြင်းမပါဝင်ကြောင်း သိရသည် ။

သို့သော် ပါမစ် မိတ္တူ ၊ ပိတ်စပို့ မိတ္တူ အနွမ်းများ ၊ အပြဲများ သာ လက်တွင်ရှိပါက မိမိတို့ အလုပ်ရှင် ၊ အေးဂျင်းများထံ ရဲစစ်ပါက သေချာစေရန် ကုမ္မဏီ တံဆိပ်တုံး ၊ အလုပ်ရှင် လက်မှတ်များ ဖြင့် သပ်ရပ်စွာ မိတ္တူများကို ကိုင်ဆောင်ရန်လိုအပ်ပြီး အလုပ်ရှင် ဖုန်းနံပတ်ပါ ထိုပါမစ် ၊ ပတ်စပို့ မိတ္တူပေါ်တွင် ပါဝင်ရန် ပြင်ဆင်ထားသင့်သည် ။

ထို့အပြင် လွန်ခဲ့သော ၂၄.၁.၂၀၁၄ နေ့က မလေးရှားနိုင်ငံသားတရုတ်လူမျိုးများအဖွဲ့ချုပ် MALAYSIA CHINESE ASSOCIATION မှ ယခုဖမ်းဆီးမှုသည် တရုတ် နှစ်ကူးမတိုင်မီ ကာလအတွင်း လုပ်ငန်းရှင်များ ၊ ဈေးဆိုင်များ၏ တင်ပြချက်များအရ စည်းပွားရေး နစ်နာမှုများ အလွန်များပြားသည် ဟု မလေးရှားအစိုးရအား တရားဝင်ကန့်ကွက်သွားခဲ့သည် ။

သို့ကြောင့် ယခု နစ်သစ်ကူးတွင် အဖမ်းအဆီး ကြီးကြီးမားမား ရှိမည်ဟု မလေးရှားရောက် မြန်မာများမှ FACEBOOK မှ မယူဆပါ ။ အဖမ်းအဆီး ကြမ်းမည်ဆိုပါက မလေးရှားအစိုးရမှ ကြော်ငြာသည် ။ ယခု နှစ်ကူးတွင် စီပွားရေး နစ်နာမှုများ ရှိသည်ဆိုသောကြောင့် အဖမ်းဆီး ကြီးများစွာ ရှိမည်မဟုတ်ကြောင်း မလေးရှားနိုင်ငံသားများ မှ မှတ်ချက်ပြုကြောင်းသိရသည် ။ နှစ်ကူးပြီးပါက ဆက်လက်စောင့်ကြည့်ရန် လိုအပ်သည် ။

ဒုတိယ
****

မလေးရှားနိုင်ငံရှိ လူအများဆုံး အသုံးများသော ဘဏ်တစ်ဘဏ် ဖြစ်သည့် CIMB ဘဏ်သည် 31.1.2014 11:00PM မှ 3.2.2014 6:00 AM ကြား 3 ရက်လုံး ATM , CDM , QDM , SELF BANKING , ONLINE BANKING အားလုံး ရပ်နားမည်ဖြစ်သည် ။ ထိုသို့ ၃ ရက်လုံး ဘဏ်စနစ်ပြင်ဆင်မည်ဖြစ်သောကြောင့် CIMB ဘဏ်အသုံးပြုနေသော မြန်မာများအားလုံး မိမိတို့ ငွေကြေးကို ထိုရက်များအတွက် ကြိုတင်ခန့်ခွဲထားရန် အထူးအရေးကြီးကြောင်းအသိပေးသည် ။

CIMB ဘဏ်သုံးသူများအတွက် နံနက်ဖြန်တစ်ရက်သာ ကျန်သည် ။ ၃.၂.၂၀၁၄ မတိုင်မီအထိ မည်သည့် CIMB ဘဏ်ဝန်ဆောင်မှုမှ ရှိမည်မဟုတ်ပါ ။

တတိယ
*****

မလေးရှားနိုင်ငံ၏ အဖိုးနည်းလေကြောင်းလိုင်း ဖြစ်သော AIRASIA လေကြောင်းလိုင်းအား ဇန်နဝါရီ ၃၀ ၊ ၃၁ - ဖေဖော်ဝါရီ ၁ ၊ ၂ ၊ ၃ ရက်များအတွင်း စီးနင်းမည့်သူများအနေဖြင့် လေဆိပ်တွင် ၃ နာရီ မတိုင်မီကြိုတင်ရောက်ရှိရမည်ဖြစ်ကြောင်း တရားဝင် ကြော်ငြာထားသည် ။ ထို့အတူ လေဆိပ်တွင် CHECK IN မဝင်ပဲ WEB CHECK-IN ဝင်ရန် လိုအပ်ကြောင်း သတိပေးစာများ ၊ SMS များထုတ်ပြန်ထားသည် ။ ယနေ့အထိ ကားဂျမ်းဖြစ်သောကြောင့် လေယာဉ်မမှီလိုက်သူ များပြားလျှက်ရှိကြောင်း အသိပေးသည် ။ လေဆိပ် ဝင်ဝ တွင်ပင် မိနစ် ၃၀ ကျော် ခန့် ကားပိတ်လျှက် ရှိနေပြီဖြစ်သည် ။ သို့ကြောင့် စောနိုင်သမျှ စောကာ ထွက်ရန် မလေးရှားရောက် မြန်မာများ ပြင်ဆင်သင့်သည် ။

စတုထ္တ
****

ကွာလာလမ်ပူ မြန်မာဆိုင်တန်းများ ရှိရာ နေရာတွင် ယနေ့အထိ မည်သည့် အော်ပရာစီမှ မရှိခဲ့ပါ ။ မည်သည့် အဖမ်းအဆီးမျှ မရှိပါ ။

၂၄.၁.၂၀၁၄ က သိဒ္ဒိဝင်ဆိုင်ရှိ မြန်မာတိုင်းရင်းဆေး ၊ အနောက်တိုင်းဆေးများကို သိမ်းဆည်းသွားခဲ့သည် ။ သို့သော် ဆိုင်အား ပိတ်မသွားကြောင်း နှင့်ယနေ့တိုင် မလေးရှား ရှိ သိဒ္ဒိဝင် ဆိုင်အားလုံး ပုံမှန်လည်ပတ်လျှက် ရှိကြောင်း သိရသည် ။ အခြား မည်သည့် အဖမ်းအဆီး မျှ မရှိခဲ့ပါ ။

ပဉ္စမ
***

မလေးရှားရောက် မြန်မာများ အားလုံး မည်သည့် အရေး ကြုံ ကြုံ ၊ မည်သည့် မတရားမှုများ ရှိရှိ မြန်မာအစိုးရမှ တရားဝင် လိုင်စင်ထုတ်ပေးထားသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီသည် မလေးရှားတွင် ရုံးခန်းဖွင့်ပြီဖြစ်သည် ။ သို့ကြောင့် မြန်မာပြည်မှ တရားဝင် ရောက်ရှိနေသော မြန်မာအလုပ်သမားများသည် မိမိတို့ မြန်မာပြည်မှ အေးဂျင်းများထံ မလေးရှား အလုပ်ရှင်များ၏ မတရားမှုများကို တိုင်ကြားနိုင်တော့မည်ဖြစ်သည် ။

မြန်မာအစိုးရမှ တရားဝင် လိုင်စင်ရှိသော အေးဂျင်စီများ ထံတွင်သာ ပြည်ပအလုပ်အကိုင်များအတွက် ဆင်လက်ဆောင်ရွက်ရန် နှင့် အဆိုပါ တရားဝင် လိုင်စင်ရှိသော ကုမ္မဏီများ ဖြင့် မလေးရှား နိုင်ငံသားမက မည်သည့် နိုင်ငံအတွက်မဆို အလုပ်အကိုင် ကိစ္စများ ဆောင်ရွက်ရန် တရားဝင်စာထုတ်ထားပြီးဖြစ်သည် ။

မိမိတို့မိတ်ဆွေ ၊ ညီအကိုမောင်နှမ ၊ ဆွေမျိုးသားချင်းများအား မလေးရှားတွင် လာရောက်လုပ် ကိုင်လိုပါက ထိုတရားဝင် ကုမ္မဏီများ ဖြင့်သာ ဆောင်ရွက်ရန် မြန်မာအစိုးရမှ တရားဝင်ကြော်ငြာသွားခဲ့သည် ။

မြန်မာနိုင်ငံသားများ မည်သည့် နိုင်ငံတွင် မဆို မတရား မှုများ ရှိပါက ထိရောက်စွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည် ။

ဆဌမ
****

မလေးရှား အစိုးရမှ မည်သည့် တရားဝင် ပါမစ် ထုတ်ပေးမည့် အစီအစဉ် မျှ ရှိသည် ဟု ယနေ့တိုင် မကြော်ငြာထားပါ ။ ထို့ အတူ မြန်မာ သံရုံးမျှ မည်သည့် ပတ်စပို့မှ ထုတ်မသေးကြောင်း တာဝန်ရှိသူများ ထံမှ သိရသည် ။
အကြောင်းမှာ ပတ်စပို့ လာရောက် လျှောက်ထားသူများအား နိုင်ငံသား ဖြစ်မဖြစ် ကိုတင်းကြပ်စွာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည် ။

ထို့အတူ C of I (မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်) အား ကိုယ်တိုင် လာရောက် လျှောက်ထားရန် ကြော်ငြာထားသည် ။ CI အား မည်သည့် အေး ဂျင်းကိုမျှ ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည် ။

ဆက်လက်ပြီး မြန်မာနိုင်ငံသားများ သိရှိသင့်သည့် ထူးခြားချက် ၊ သတင် ၊ ကြော်ငြာချက် ၊ သတိပေးချက် များအားလုံး အား အချိန်မှီ တင်ဆက်ပေးနေမည် ။

မလေးရှားရောက် မြန်မာများ Facebook

တရုတ်နှစ်ကူးမတိုင်မီ အဖမ်းဆီး ရပ်တန့်ပေးရန်ဆောင်းဆိုခဲ့သော မလေးရှားတရုတ် အဖွဲ့ချုပ် ဥက္ကဌပုံ နှင့် နောက်ဆုံးဖမ်းဆီးခဲ့သော သတင်းများမှ ပုံ

Credit : Thestar Online
Ref : မလေးရှားရောက်မြန်မာများ
kolatt(PBDN)
RangonNewsDaily
 

0 comments:

Post a Comment