Pages

Sunday, January 12, 2014

မိတ္ထီလာတွင် လုံခြုံရေးအခြေအနေ အရေးပေါ်တိုးမြှင့်

RangonNewsDaily:: January . 12 .2014
ဖြစ်စဉ်မှာ - လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာမှ လင်ဖြစ်သူက မယားကို ရိုက်နက်နှိပ်စက်ပြီး အိမ်
ပေါ်မှနှင်ချ။ ထိုအဖြစ်အပျက်ကို အဲဒီအမျိုးသမီး၏ အစ်ကို(၄ယောက်) ကြားသိပြီးမကျေမနပ်ဖြစ်ကာ - အမျိုး
သမီးခင်ပွန်းဖြစ်သူ(ယောက်ဖ)အား သွားရောက်ခိုက်ရန်ဖြစ်ပွား။ စကေဘာများဖြင့်အပြန်အလှန်ထိုးကြပြီး
၊ ယောက်ဖဖြစ်သူသေဆုံး။
အမျိုးသမီး၏ အစ်ကိုဖြစ်သူ(၄)ယောက်ထဲမှာ တစ်ယောက်သည်စကေဘာဒဏ်ရာများကြောင့် မိတ္ထီလာဆေး
ရုံကိုတင်ပို့ထားရပြီး။ကျန်တဲ့(၃)ယောက်ကို ရဲစခန်းတွင် ဖမ်းဆီးထား။

ထိုသတင်းကို မိတ္ထီလာမြို့ရှိ လူအများကြားတွင် ပျံ့နှံ့သွားပြီးဘာသာမတူလူများ ခိုက်ရန်ဖြစ်ပွားပြီး၊ တစ်ခြား

ဘာသာဝင်အုပ်စုမှ -အခြားဘာသာဝင်တစ်ဦးအားဝိုင်းဝန်းသတ်ဖြတ်သည်ဟုသတင်းဖြစ်သွားခဲ့သည်။အထူး
သဖြင့် - ဖေ့ဘုတ်ပေါ်တွင်ဘာသာရေး၊ လူမျိုးရေးသွေးထိုးပေးတတ်သည့် Page တစ်ခုတွင်ထိုသတင်းစတက်
လာခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် ဘာသာရေးလူမျိုးရေးသွေးထိုးသူများပုံဖော်ချက်ကိုရှင်းလင်းရမည်ဆိုပါက - အသတ်ခံရသူသည် မူလသူကိုးကွယ်ရာဘာသာမှ အခြားဘာသာသို့ (အမည်အားဖြင့်)ကူးပြောင်းထားသူဖြစ်သည်။မယားဖြစ်သူ

မှာ ယခင်က သူ့ယောက်ျားနှင့်ဘာသာအတူဖြစ်ပြီး၊သူမ၏အစ်ကိုများမှာလည်း မူလကိုးကွယ်ရာဘာသာအ
တိုင်းသာဘာသာမပြောင်းပဲရှိသည်။ ( ထိုအချက်ကို အသုံးချ၍ ဘာသာရေး၊လူမျိုးရေးအမြင်ဖြစ်အောင် ဖွပေး
လိုက်ခြင်းဖြစ်သည် )။

ဤနေရာတွင် အထူးသတိထားရန်မှာ ဘာသာရေးကြောင့် ခိုက်ရန်ဖြစ်ခြင်းမဟုတ်သည်ကိုမူလဖြစ်စဉ်အနေ

အထားအရ ချင့်တွက်နိုင်ပါသည်။ သူတို့ညီမဖြစ်သူကို အနိုင်အထက်ပြုနှိပ်စက်ရိုက်နှက်လိုက်သဖြင့် မခံချင်
သောအစ်ကိုမောင်များ၏ တုန့်ပြန်မှုအဖြစ် ( ရာဇ၀တ်မှု)အနေနှင့်သာ ရှုမြင်သုံးသပ်ရပေမည်။ မည်သည့်
ဘာသာရေး၊ လူမျိုးရေး အရောင်အစွန်းဖြင့်မျှမရှုကြည့်စေလိုပါ။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့ခံလူထုသည် ယခင်ဖြစ်ပွားခဲ့သောပဋိပက္ခအရှိန်ကြောင့် မည်သို့ဖြစ်လာမည်၊ မည်သို့အန္တရာယ်ရှိနိုင်သည်ကို စိုးရိမ်စိတ်များဖြစ်ပွားနေပြီး...အခြေအနေများအားစောင့်ကြည့်လျှက် ရှိနေပါ

သည်။(ထိုသို့ဖြစ်ချင်းကို မိတ္ထီလာတွင် အုံးအုံကျတ်ကျတ်ဖြစ်နေပြီ၊ ပဋိပက္ခတွေပြန်စနေပြီဟု.အချို့သော အဖွ
အကောင့်များ၊ အဖွ Page များတွင်တင်ခဲ့သည်များရှိပါသည်။ )

နောက်ဆုံးသိရှိရသည်မှာသာမန်ရာဇ၀တ်မှုမှ ပိုမိုကြီးမားသည့် ပဋိပက္ခများထပ်မံပေါ်ပေါက်ခြင်းမရှိအောင်

မိတ္ထီလာမြို့ရဲတပ်ဖွဲ့ဝင်များ၊အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကြိုးပမ်းဆောင်ရွက်လျက်
ရှိကြောင်းသိရပါသည်။

အထူးသတိပြုရန်မှာ - မကြာခင်ကျင်းပတော့မည် ဘာသာရေးအခမ်းအနားတစ်ခုကျင်းပခါနီးတွင်...အာရုံပို

ကျစေရန်.. ပဋိပက္ခများကြီးထွားအောင်တပ်လှန့်လိုသော လူအုပ်စုတစ်စုတစ်ဖွဲ့က ရာဇ၀တ်မှုကို၊ လူမျိုးရေး၊ ဘာသာရေးပုံဖော်ဝါဒဖြန့်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။

ရာဇ၀တ်မှုကို...ရာဇ၀တ်မှုအဖြစ် ရှုမြင်သုံးသပ်ဖြေရှင်းမှသာ အခြားသောဘေးထွက်ရန်လိုမှုများ ချုပ်ငြိမ်းနိုင်

မည်ဖြစ်ပါသည်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ဆင်းရဲလိုခြင်း အချင်းချင်း၊ ကင်းဝေးကြပါစေ။


မော်ကွန်းသစ် ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment