Pages

Friday, December 6, 2013

မိကျောင်းကန်သပိတ်စခန်း ၁၀ ရက်မြောက်နေ့အထိ သက်ဆိုင်ရာမှ ဖြေရှင်းပေးခြင်း မရှိသေး

Photo: မိကျောင်းကန်သပိတ်စခန်း ၁၀ ရက်မြောက်နေ့အထိ သက်ဆိုင်ရာမှ ဖြေရှင်းပေးခြင်း မရှိသေး
Friday, December 6, 2013

မိချောင်းကန် သပိတ်စခန်း ၁၀ ရက်မြောက်နေ့အထိ အစိုးရမှ တစ်စုံတစ်ရာ တာဝန်ယူ ဖြေရှင်းပေးမှု မရှိသေးသည့်အပြင် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ဆန္ဒပြဧရိယာအနီး လုံခြုံရေး ရယူမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက သပိတ်စခန်း အနီးရှိ မြစာရံအေးစေတီ၏ ၀င်ပေါက်ထွက်ပေါက်များကို ကာရံရန် ဘိလပ်မြေအိတ် ၃၀ နှင့် သဲအိတ်များ လာရောက်ချထားခဲ့သည်။ ထို့ပြင်ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင်လည်း စစ်တပ်မှ သပိတ်စခန်း အနောက်ဘက်တွင် လက်နက်အပြည့်အစုံဖြင့် နေရာယူနေ မှုများကြောင့် ဆန္ဒပြမှုများလည်း အရှိန်မြင့်တတ် လာခဲ့ရကြောင်း သိရသည်။

ဆန္ဒပြသူများက ယင်းကဲ့သို့ တံတိုင်းကာရံခြင်း မပြုရန်နှင့် သပိတ်စခန်း အနောက်ဘက်ရှိ ဧရိယာများ အတွင်းတွင်လည်း တပ်မတော်သားများ လုံခြုံရေး ရယူခြင်း မပြုရန် အော်ဟစ်ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည့်အပြင် တံတိုင်းကာရံမည့် အပေါက်များ၏ ရှေ့တွင်လည်း ကာရံခြင်း မပြုနိုင်ရန် လူများဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းကဲ့သို့ ပြုလုပ်နေစဉ် အတောအတွင်းတွင် ဆန္ဒပြသူများထဲမှ သက်ကြီးရွယ်အို နှစ်ဦးမှာ ကျန်းမာရေး မကောင်း၍ ဆေးရုံသို့ ပို့ခဲ့ရကြောင်းလည်း သိရသည်။

ထို့ပြင် သပိတ်စခန်း ဖွင့်လှစ်ရာ နေရာသို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည် တို့ကလည်း လာရောက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ''ဒီရက်ပိုင်း အတွင်းမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ဆန္ဒပြသူတွေဘက်က ကိုယ်စားလှယ်တွေရယ်၊ ကျွန်တော်တို့ရယ် သုံးပွင့်ဆိုင် ဆွေးနွေးနိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြောင်းကြားပါမယ်။ သူတို့ဘက်က လက်ခံမယ် မခံဘူးတော့ မသိဘူး။ လက်မခံဘူးဆိုရင် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြသွားပါမယ်'' ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက ဒီဇင်ဘာနှစ်ရက်က ယင်းကိစ္စမှာ အစိုးရနှင့် သက်ဆိုင်ခြင်း မရှိ၍ တပ်မတော်သို့သာ တင်ပြထားပါသည်ဟု မိကျောင်းကန် ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြောကြားမှုနှင့် ပတ်သက်၍ The Daily Eleven ၏ မေးမြန်းချက်ကို ဦးခိုင်မောင်ရည်က ''ကျွန်တော်တို့က ဆိုင်တာ မဆိုင်တာကို ပြောတာမဟုတ်ဘူး။ အစိုးရက တာဝန်ရှိတယ်။ အစိုးရအဖြစ် တာဝန်ပေးထားရင် အစိုးရလုပ်ငန်း လုပ်ကိုလုပ်ရမယ်။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး နေလို့မရဘူး။ ရန်ကုန်တိုင်း ဒေသကြီးထဲမှာ ဖြစ်တဲ့ကိစ္စဟာ ရန်ကုန်တိုင်း အစိုးရမှာ တာဝန်ရှိတယ်' ဟု ပြောကြားခဲ့သည်။

မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြနေသူများကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group
မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြနေသူများကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
RangonNewsDaily:: December . 6 .2013
မိချောင်းကန် သပိတ်စခန်း ၁၀ ရက်မြောက်နေ့အထိ အစိုးရမှ တစ်စုံတစ်ရာ တာဝန်ယူ ဖြေရှင်းပေးမှု မရှိသေးသည့်အပြင် ဒီဇင်ဘာ ၅ ရက် ညနေပိုင်းက ဆန္ဒပြဧရိယာအနီး လုံခြုံရေး ရယူမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက သပိတ်စခန်း အနီးရှိ မြစာရံအေးစေတီ၏ ၀င်ပေါက်ထွက်ပေါက်များကို ကာရံရန် ဘိလပ်မြေအိတ် ၃၀ နှင့် သဲအိတ်များ လာရောက်ချထားခဲ့သည်။ ထို့ပြင်ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင်လည်း စစ်တပ်မှ သပိတ်စခန်း အနောက်ဘက်တွင် လက်နက်အပြည့်အစုံဖြင့် နေရာယူနေ မှုများကြောင့် ဆန္ဒပြမှုများလည်း အရှိန်မြင့်တတ် လာခဲ့ရကြောင်း သိရသည်။

ဆန္ဒပြသူများက ယင်းကဲ့သို့ တံတိုင်းကာရံခြင်း မပြုရန်နှင့် သပိတ်စခန်း အနောက်ဘက်ရှိ ဧရိယာများ အတွင်းတွင်လည်း တပ်မတော်သားများ လုံခြုံရေး ရယူခြင်း မပြုရန် အော်ဟစ်ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကြသည့်အပြင် တံတိုင်းကာရံမည့် အပေါက်များ၏ ရှေ့တွင်လည်း ကာရံခြင်း မပြုနိုင်ရန် လူများဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းကဲ့သို့ ပြုလုပ်နေစဉ် အတောအတွင်းတွင် ဆန္ဒပြသူများထဲမှ သက်ကြီးရွယ်အို နှစ်ဦးမှာ ကျန်းမာရေး မကောင်း၍ ဆေးရုံသို့ ပို့ခဲ့ရကြောင်းလည်း သိရသည်။

ထို့ပြင် သပိတ်စခန်း ဖွင့်လှစ်ရာ နေရာသို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည် တို့ကလည်း လာရောက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ''ဒီရက်ပိုင်း အတွင်းမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ဆန္ဒပြသူတွေဘက်က ကိုယ်စားလှယ်တွေရယ်၊ ကျွန်တော်တို့ရယ် သုံးပွင့်ဆိုင် ဆွေးနွေးနိုင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြောင်းကြားပါမယ်။ သူတို့ဘက်က လက်ခံမယ် မခံဘူးတော့ မသိဘူး။ လက်မခံဘူးဆိုရင် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြသွားပါမယ်'' ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက ဒီဇင်ဘာနှစ်ရက်က ယင်းကိစ္စမှာ အစိုးရနှင့် သက်ဆိုင်ခြင်း မရှိ၍ တပ်မတော်သို့သာ တင်ပြထားပါသည်ဟု မိကျောင်းကန် ပြည်သူများနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောကြားမှုနှင့် ပတ်သက်၍ The Daily Eleven ၏ မေးမြန်းချက်ကို ဦးခိုင်မောင်ရည်က ''ကျွန်
တော်တို့က ဆိုင်တာ မဆိုင်တာကို ပြောတာမဟုတ်ဘူး။ အစိုးရက တာဝန်ရှိတယ်။ အစိုးရအဖြစ် တာဝန်ပေး
ထားရင် အစိုးရလုပ်ငန်း လုပ်ကိုလုပ်ရမယ်။ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး နေလို့မရဘူး။ ရန်ကုန်တိုင်း ဒေသကြီး
ထဲမှာ ဖြစ်တဲ့ကိစ္စဟာ ရန်ကုန်တိုင်း အစိုးရမှာ တာဝန်ရှိတယ်' ဟု ပြောကြားခဲ့သည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment