Pages

Tuesday, December 24, 2013

စီပိုးရောဂါဝေဒနာရှင် ၃၀ ကို တန်ဖိုးမြင့် ဆေးဝါးများ ကူညီထောက်ပံ့ရန် စီစဉ်

RangonNewsDaily:: December . 24 .2013
အသည်း ရောင်စီပိုးရောဂါရှိသူ၃၀ကိုတန်ဖိုးမြင့်သော ဆေးဝါးများကူညီထောက်ပံ့ပေးရန်စီစဉ်နေ ကြောင်း

HIV နှင့်အတူနေထိုင် သူများကွန်ရက်မှ သိရသည်။မြန်မာနိုင်ငံတွင် အခြား သော ရောဂါများအတွက် နိုင်ငံ 
တကာအဖွဲ့အစည်း များမှ လှူဒါန်း မှုများရှိနေသော်လည်း အသည်း ရောင်စီပိုး ရောဂါအတွက် သုံးစွဲရ သော
ဆေးဝါးများမှာမူ နိုင်ငံတကာလှူဒါန်းမှုများမရှိသေးသည့် အတွက် မိမိတို့အဖွဲ့မှ တတ်နိုင် သည့်ဝန်ဖြင့် စတင်
ခြင်းဖြစ် ကြောင်း HIV နှင့်အတူနေထိုင် သူများကွန်ရက်ဥက္ကဋ္ဌ ဦးမျိုးသန့် အောင် က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
''စီပိုးရောဂါရှိတဲ့သူ ၃၀ ကို လက်ရှိမြန်မာနိုင်ငံမှာ တစ်လုံး ကျပ် ၁၂၀၀၀၀ ပေါက်ဈေးရှိတဲ့ ဆေးလုံး ၅၄ပတ်
စာ ဆေးပတ်လည်တဲ့အထိ ထောက်ပံ့သွားမှာပါ''ဟု HIV နှင့်အတူနေ ထိုင်သူများကွန်ရက် ဥက္ကဋ္ဌဦး မျိုးသန့်
အောင်က ပြောသည်။

အဆိုပါဆေးကို၅၄ပတ် ဆေးပတ်လည်အောင်ထိုးရမည် ဖြစ်ပြီး ဆေးပတ်လည်သွားပါက ရောဂါပျောက်
နိုင်

မည်မဟုတ် သော်လည်းပိုးကောင်အရေအတွက် လျှော့ကျကာ နောက်ဆက် တွဲရောဂါများဖြစ်ပွားမှုကို နည်း
ပါးသွားစေမည်ဖြစ်ကြောင်း သိ ရသည်။

လက်ရှိအချိန်တွင် ဆေး ပေးရန်မှာမူလူနာများကမိမိတွင်ပိုးရှိမရှိစစ်ဆေးရန်လိုအပ်ပြီး ရောဂါအဆင့်အ
လိုက်

 ကုသမှု ပေးရန်မှာမူဆရာဝန်ကြီးများ၏အကူအညီပါမှသာလျှင် ဖြစ်နိုင်လမည်ဖြစ်ကြောင်းဦးမျိုးသန့် အောင်
က ပြောသည်။

အသည်းရောင်စီပိုးရောဂါရှိကြောင်း ဆေးစစ်ပြီးနောက် ဆေးအတွက် ငွေကြေးချို့တဲ့သူ များကို ဆေးပေးနိုင်

ရန်ကူညီပေး သွားမည်ဖြစ် သဖြင့် ဆေး လိုအပ် သူများသည် အမ်ပီဂျီကွန်ရက်၊ အခန်း-၈၄၂ (AB) ခုနစ်လွှာ အထက်ဗဟိုလမ်း၂-ရပ်ကွက်မရမ်းကုန်းမြို့နယ်ရန်ကုန်မြို့ဖုန်း-၀၉-၃၁၀၆၅၅၁၀သို့ဆက် သွယ်နိုင်ကြောင်း
 သိရသည်။

Yangon Media Group , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment