Pages

Sunday, December 22, 2013

တပ်သိမ်းမြေကိစ္စပြောရန် ကာချုပ်ကို တွေ့ခွင့်တောင်းသူ ရဲစခန်းတွင် ကိုးနာရီကြာ စစ်ဆေးခံရ

RangonNewsDaily:: December . 22 .2013
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထားဝယ် ခရီးစဉ်အတွင်း သဗြေချောင်း

ကျေးရွာတွင် တပ်မတော် ဆေးကုသမှုအဖွဲ့နှင့်အတူ ဒေသခံများအား ဆေးကုသမှု ပေးနေစဉ်တပ်သိမ်းမြေ
ကိစ္စ ပြောရန်ကာချုပ်ကို တွေ့ခွင့်တောင်းရာ ထားဝယ်မြို့မ ရဲစခန်းတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကိုးနာရီ
ခန့်ကြာ ခေါ်ယူ စစ်ဆေးခံခဲ့ရကြောင်း စစ်ဆေး ခံခဲ့ရသည့် သဗြေချောင်း ကျေးရွာမှ ဦးစိုးသိန်းက ပြောကြား
သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ဆေးကုသမှု အဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း
တွင် သဗြေချောင်းကျေးရွာ ငါးကျဲအင်း ကျောင်းတိုက်တွင် ဒေသခံ ပြည်သူများနှင့် တပ်မှ မိသားစုဝင်များအား အခမဲ့ ဆေးကုသမှု ပေးနေစဉ်တပ်မတော်အရာရှိတစ်ဦးအားကာချုပ်နှင့် တွေ့ခွင့်တောင်းရာခွင့်မပြုခဲ့ကြောင်း၊ 

ဝန်ကြီးချုပ်ထံ တင်ပြရန် ပြောဆိုခဲ့သော်လည်း သွားရောက် မပြောဖြစ်ခဲ့ဘဲ ဆေးကုသရန် ဆက်စောင့်နေ
ရာမှ တပ်မတော် အရာရှိတစ်ဦးက ဝန်ကြီးချုပ်ထံသို့ လိုက်ပို့ပေးခဲ့ရာ ဝန်ကြီးချုပ်က မြို့နယ် အုပ်ချုပ်ရေးမှူးထံ
သို့ စေလွှတ်ခဲ့ပြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံစဉ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရောက်ရှိလာကာအကျိုးအကြောင်း
ကို မေးမြန်းပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ရဲစခန်းတွင် နံနက် ၁၀ နာရီကျော်ခန်
့မှ ည ၇ နာရီအထိ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရကြောင်း ဦးစိုးသိန်းက ရှင်းပြသည်။

“ဆေးကုဖို့ စောင့်နေရင်းနဲ့တပ်သိမ်းမြေကိစ္စ ပြောပြချင်တဲ့စိတ်ကူးပေါက်လာလို့ခွင့်တောင်းမိတာပါ။ ရဲစခန်း

ကနေ ည ၇ နာရီမှ ပြန်လွှတ်တယ်” ဟု ၎င်းကဆိုသည်။

ထားဝယ်မြို့မ ရဲစခန်းတွင် ကိုးနာရီခန့်အကြာ စစ်ဆေး မေးမြန်းခြင်းများ ခံခဲ့ရသော်လည်း အချိန်ကြာစေရန် တမင်တကာ စောင့်ဆိုင်း၍စစ်ဆေးနေခြင်းမျိုး မဟုတ်ဘဲ ရဲတပ်ဖွဲ့ဝင်များမှာ အလုပ်များသည့်အတွက် အချိန်

ကြာမြင့်နေခြင်းဟု ထင်မြင်မိကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ဆေးကုသမှု အဖွဲ့များနှင့် တာဝန်ရှိသူများ

က ဒေသခံ များအား ဆေးကုသမှု ပေးနေစဉ် ဆေးကုသနေမှု အနှောင့်အယှက် မဖြစ်စေရန် ထားဝယ်မြို့မ ရဲစခန်းသို့ ခေါ်ယူ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။

“စခန်းမှာ ထိန်းသိမ်းထားတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတော် အကြီးအကဲအတွက် အနှောင့်အယှက် မဖြစ်စေဖို့ စခန်းကိုခေါ်ပြီး စစ်ဆေး မေးမြန်းတာပါ” ဟု ၎င်းကရှင်းပြသည်။

တပ်မတော်မှ သိမ်းဆည်းခံ ထားရသောမြေနှင့် ပတ်သက်၍ မိမိပိုင် တစ်ခုတည်းအတွက် တောင်းဆိုခြင်း မ

ဟုတ်ဘဲ မြေယာများသိမ်းဆည်းခံထားရသော ဒေသခံ ပြည်သူများအတွက် တွေ့ဆုံခွင့် တောင်းခဲ့ခြင်း ဖြစ်
ကြောင်း သဗြေချောင်းကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ စည်းရုံးရေးမှူး တစ်ဦးလည်း
 ဖြစ်သည်ဟုဆိုသူ ဦးစိုးသိန်းက ဆိုသည်။

ထားဝယ်မြို့နယ် ရဲစခန်းတွင် ကိုးနာရီခန့်အကြာ စစ်ဆေး ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ထားဝယ်မြို့နယ် အုပ်

ချုပ်ရေးမှူးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ‘ပြောပြတဲ့သူကိုပဲ မေးပါ’ ဟု မြို့နယ် အုပ်ချုပ်ရေး
မှူးက ရုံးဝန်ထမ်းတစ်ဦးမှ တစ်ဆင့် ပြန်လည် ဖြေကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ထားဝယ် ခရီးစဉ်အတွင်း ဒီဇင်ဘာလ ၁၇ ရက်နေ့

တွင် ရွှေတောင်စား စေတီလုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း အောင်ပွဲသို့ တက်ရောက်ခဲ့ပြီး ထား
ဝယ် ဘိုးဘွားရိပ်သာတွင် အလှူငွေများနှင့် ဆေးဝါးများ ပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည်ဒီဇင်ဘာ၁၈ ရက်နေ့နံနက်ပိုင်းတွင်သဗြေချောင်း ကျေးရွာငါးကျဲအင်းကျောင်း

တိုက်တွင် ဆေးကုသမှု အဖွဲ့နှင့်အတူ ဒေသခံ ပြည်သူများအား အခမဲ့ ဆေးကုပေးခြင်းနှင့် ဆေးဝါးများ လှူ
ဒါန်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့ မြောက်ရွာရပ်တွင်ထားဝယ်တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်

လှိုင်သည် ရွှေတောင်စားစေတီ ထီးတော် တင်လှူပွဲတွင်လည်း လာရောက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ထားဝယ် ခရီးစဉ်တွင်လည်း လယ်သမားများ လယ်သိမ်း

ခံရမှု ဆန္ဒဖော်ထုတ် ပြောဆိုခွင့် ပိတ်ပင်ခံခဲ့ရသည်။

(Dawei Watch) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment