Pages

Friday, October 11, 2013

တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲ

RangonNewsDaily:: October. 11 .2013

တောင်ငူမြို့ ၁၇ ရပ်ကွက် ချမ်းမြေ့ တည်းခိုခန်း အခန်းအမှတ် (၆) တွင် ယနေ့ည ၈နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် ဦနေမျိုးကျော် မှာ ပွဲချင်းပြီး သေဆုံးပြီး အသက် ၂၂ အရွယ်ီအမျိုးသမီးတစ်ဦး အပါအဝင် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်းသတင်း
ရရှိသည်။
အဆိုပါဧည့်ရိပ်သာ၏ အပေါ်ထပ်အခန်းနံပါတ် (၆)မှပေါက်ကွဲခဲခြင်းဖြစ်ပြီး ယင်းအခန်းတွင် တည်းခိုသူ မြို့မ(၄) ရပ်ကွက် ညောင်လေးပင်မြို့နေသူများဖြစ်ကြသော မယုခိုင်(ဘ) ဦးသိန်းဝင်း( ၂၄ နှစ်) မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မငြိမ်းသီတာ(ဘ) ဦးခင်မောင်သန်း(၂၇) မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး တောင်ငူခရိုင်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
::
၎င်းအခန်း ၆ နှင့် ကပ်လျှက် အခန်း (B) တွင်တည်းခိုသူ နေမျိုးကျော် (၂၉နှစ်) (ဘ)ဦးကျော်လွင် ဌက်ပျောတောကျေးရွာ လယ်ဝေးမြို့နေသူမှာ ပွဲချင်းပြီးနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

ကိုလတ်(ပန်ဘဲတန်း)


0 comments:

Post a Comment