Pages

Sunday, October 20, 2013

ရန်ကုန်မြို့ သိမ်ကြီးဈေး ဒီရုံ အနီးကားပါကင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


RangonNewsDaily:: October. 20 .2013 ရန်ကုန်မြို့ သိမ်ကြီးဈေး ဒီရုံ အနီးကားပါကင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်းသတင်း၇ရှိပါသည်.။
မင်္ဂလာ ရုပ်ရှင်ရုံအောက်ထပ်နှင့်ကားပါကင်နေရာ ၄ ထပ်တွင် ဆက်လက်လောင်ကျွမ်းနေတာဖြစ်ပါတယ် ။ ည ၈း၂၀ မီးစတင်လောင်ကျွမ်းတာ ဖြစ်ပါတယ်။ယခုလက်ရှိ မီးသတ်နှစ်ဦး မီးခိုးမွှန် ရန်ကုန်ဆေးရုံကြီးသို. ဆေးရုံကားဖြင်.ပိုဆောင်.နောက်ထပ်ဆေးရုံကား
များ ထပ်ရောက်လာ...အထိ.ခိုက် စာရင်း အတိကျ မရသေးပါ ။ မီးလောင်မှုကြောင့် ရုပ်ရှင်ကြည်. ပရိသတ်
များ ရှေ.ပေါက်မှ ထွက်ပြေးခဲ့၇ပါတယ်။ ယခုသတင်းရေးနေစဉ်မီးသတ်ယာဉ်များထပ်ရောက်၇ှိလာတာ
ကိုတွေ့ရပါတယ်။ ယခုအချိန်ထိ မီးမငြိမ်းသေးပါ ။
 
သိမ်ကြီးဈေး Dရုံမီးလောင်မှု မီးအတော်များလာပါပြီ ။ မီးသတ်ကား ၁၅စီးကျော်ရောက်ရှိနေပြီ ။ အကှုရေ
သည်ကားများနှင့် ဆေးရုံကားများပါ တစ်ပါတည်းရောက်ရှိလာနေကြပါတယ် ။ အရန်မီးသတ် များမှ အများ
အပြား လိုက်ပါသွားကြတာကို မျက်မြင်တွေ့၇ှိသူမှပြောကြားလာပါတယ်။

ကိုဆွေ (လသာ)
စမ်းချောင်းမီးသတ် ၊ အလုံမီးသတ် ၊ ရန်ကင်း မီးသတ် ။မြောက်ဥက္ကလာပ မီးသတ်များ

မှကားများအဆက်မပြတ်ရောက်ရှိလာနေကြပါတယ် ။မီးသတ်တပ်ဖွဲ့မှ မီးကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြ
ပါတယ်ခင်ဗျာ ။

သိမ်ကြီးဈေးမှ ဆိုင်ခန်းပိုင်ရှင်များလည်း ရောက်လာနေကြတာကိုတွေ့ရပါတယ်။မီးလောင်မှုကြောင့်လသာ

တွင် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်နေတာကိုလဲတွေ့ရပါတယ် ။ ရောက်ရှိလာသော မီးသတ်ကားများ
ပါ ကားလမ်းပိတ်ဆို့မှုကြားမှာညှပ်နေပါတယ် ။ယာဉ်ပိုင်ရှင်များအနေဖြင့် မီးသတ်ယာဉ်များကို ဦးစားပေး
ဖို့ မေတ္တာရပ်ခံအပ်ပါတယ်....


ယခုမီးလောင်မှုဖြစ်ပွားနေသောနေရာမှာ သိမ်းကြီးဈေး Dရုံ ကားပါကင်တွင်မီးလောင်မှုဖြစ်ပွားနေ တာဖြစ်
ပြီး ၄င်း အောက်ထပ်တွင် သိမ်းကြီးဈေးအနီး ပျံကျဈေးသည်များ ပစ္စည်များသိမ်းဆည်းသော နေရာဖြစ်တယ်
လို့လဲ သတင်းရရှိပါသည်။

သိမ်ကြီးဈေးD ရုံအပေါ်ထပ်မီးလောင်မူကြောင့်မီးသတ်ကားများစွာအားဖြည့်ငြိမ်းသတ်နေရ ပြီး၂၄လမ်း
ဘက်အခြမ်းမှမီးသတ်ကားများဝင်ရောက်ရသလိုသိမ်ကြီးဈေးအပေါ်ထပ်သို့ ကားများတက်ရောက်ငြိမ်း
သတ်နေကြကြောင်းသိရသည်။
 
 
Ko Aung Lay, ko Htun Wai , Ko Swe (Latha) , kolatt(PBDN)
RangonNewsDaily
Photo

Photo

Photo: မီးလောင်ရာသို့ရောက်ရှိလာနေသော မီးသတ်တပ်ဖွဲ့ဝင်များ
မီးလောင်ရာသို့ရောက်ရှိလာနေသော မီးသတ်တပ်ဖွဲ့ဝင်များ

Photo: မီးလောင်ရာသို့ရောက်ရှိလာနေသော မီးသတ်တပ်ဖွဲ့ဝင်များ
မီးလောင်ရာသို့ရောက်ရှိလာနေသော မီးသတ်တပ်ဖွဲ့ဝင်များ

Photo

Photo

Photo

0 comments:

Post a Comment