Pages

Saturday, August 24, 2013

ဂြိုဟ်အသွားအလာအရ နယ်ပယ်စုံက ကြယ်ပွင့်တွေ ကြွေလွင့်နိုင်သေးဟုဆို

RangonNewsDaily:: Aug 24, 2013

ရန်ကုန်၊ သြဂုတ် ၂၀- အခုလက်ရှိလှည့်ပတ်နေတဲ့ဂြိုဟ်အသွားအလာအရ နယ်ပယ်ပေါင်းစုံကထင်ရှားတဲ့ကြယ်ပွင့်တွေကြွေလွင့်မှုက ၂၀၁၄ ခုနှစ် ဇွန်လထိဖြစ်ပေါ်နိုင်တဲ့အပြင် အနုပညာရှင်၊ နိုင်ငံအဆင့်ထင်ရှားတဲ့ခေါင်းဆောင်နဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့လဲ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာထပ်မံကြွေလွင့်မှုတွေရှိနိုင်သေးတယ်လို့ နက္ခတ်သိပ္ပံကျောင်းမှအမှုဆောင်အရာရှိချုပ်ဦးဇေယျာကိုကဆိုပါတယ်။ သြဂုတ်လ ၂ ရက်က မန္တလေးမှလူရွှင်တော်ပါပါလေး၊ ၁၁ ရက်မှာသတင်းစာဆရာမောင်ဝံသ၊ ၁၄ ရက်မှာစာ ရေးဆရာဦးမင်းလူ၊ ၁၈ ရက်မှာအဆိုတော်မျိုးမြင့်လေး၊ ၁၉ ရက်မှာငြိမ်းချမ်းရေး ကဗျာဆရာကြီးဒဂုန်တာရာတို့ ကြွေလွင့်ခဲ့ကြပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့စာပေ၊ အနုပညာရှင်၊ မီဒီယာရပ်ဝန်းကကြယ်ပွင့်တွေကြွေလွင့်တဲ့အခြေအနေနဲ့ပတ်သက် ပြီး ဦးဇေယျာကိုက “ လက်ရှိဖြစ်ပေါ်နေတဲ့ဂြိုဟ်ဇာတာခွင်အရ စာပေအနုပညာရှင်တွေကိုကိုယ်စားပြုတဲ့ကြာသ ပတေးဂြိုလ်က မရဏလို့ခေါ်တဲ့သေဆုံးခြင်းနေရာဌာနမှာရောက်ရှိနေတယ်။ 
သူ့ကိုပိုပြီးသေဆုံးခြင်းဘေးအန္တာ ရာယ်ဖြစ်စေမှုကိုတွန်းပို့ပေးနိုတဲ့ရာဟုဂြိုလ်က တူရာသီမှာတည်ရှိပြီး ကြာသပတေးဂြိုဟ်နဲ့ဆက်သွယ်မှုရှိနေ တယ်” လို့ပြောပါတယ်။ ကြာသပတေးဂြိုဟ်က မရဏဘာဝသေဆုံးခြင်းနေရာမှာဆက်လက်ရှိနေဦးမယ့်အပြင် ကြာသပတေးဂြိုဟ်နဲ့ ရာ ဟုဂြိုလ်က ၁၂၀ ဒီဂရီအကွာအဝေးမှာတည်ရှိနေတာကြောင့် ၂၀၁၄ ခုနှစ် ဇွန်လအထိ နယ်ပယ်ပေါင်းစုံက ကြယ်ပွင့်တွေကြွေလွင့်မှုရှိနေနိုင်သေးတယ်လို့သိရတယ်။ 
ဒါ့အပြင် ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ၊ မော်ဒယ်လ် စတဲ့အနုပညာရှင်တွေကို ကိုယ်စားပြုတဲ့သောကြာဂြိုဟ်၊ နိုင်ငံအဆင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာခေါင်းဆောင်၊ လုပ်ငန်းရှင်တွေကို ကိုယ်စားပြုတဲ့တနင်္ဂနွေဂြိုဟ်တို့က ရာဟုဂြိုဟ်၊ စနေ ဂြိုဟ်တို့နဲ့ပေါင်းဆုံမှာကြောင့်ကြွေလွင့်မှုတချို့ထပ်မံဖြစ်ပေါ်ဦးမယ်လို့သိရတယ်။ 
စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်းမှာအနုပညာရှင် တချို့ကြွေလွင့်မှုဖြစ်နိုင်ပြီး အောက်တို ဘာ ၁၈ ရက်မှ နိုဝင်ဘာ ၁၆ ရက်အတွင်းမှာတော့နိုင်ငံအဆင့်ထင်ရှားတဲ့ပုဂိုလ်တချို့ကြွေလွင့်မှုဖြစ်ပေါ်နိုင် တယ်လို့ဆိုပါတယ်။ နက္ခတ်သိပ္ပံကျောင်းမှအမှုဆောင်အရာရှိချုပ်ဦးဇေယျာကိုက” မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ် ဇန္န ဝါရီ ၄ ရက်၊ ရန်ကုန်မြို့ဒေသစံတော်ချိန် နံနက် ၄: ၂၀ နဲ့ယှဉ်ပြီးတွက်ချက်မှုအရ ဒါကို ၁၀၀ ရာနှုန်းပြည့်မှန်ကန် ဖို့ယူဆလို့မရပေမယ့် ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းတော့တိုက်ဆိုင်ညီညွတ်ဖို့ရှိတယ်။ မလွဲဧကန်ဖြစ်လာမှာပဲ” လို့ပြောပါ တယ်။
 ဖြစ်ပေါ်လာမယ့်သေဆုံးခြင်းတွေက ကိုယ့်ရဲ့မွေးဖွားတဲ့ခုနှစ်၊လ၊ရက်နဲ့ အချိန်နာရီ၊မိနစ်၊ နေရာဒေသကို အခြေ ပြုတွက်ချက်ထားတဲ့ ဖွားဇာတာပေါ်မှာပဲအဓိကမူတည်တယ်လို့သိရတယ်။ ကံဇာတာအနိမ့်အမြင့်အရ ယတြာ ချေနိုင်ဖို့၊ ခုခံကာကွယ်ဖို့က ကိုယ့်ရဲ့ဇာတာခွင်ကိုပညာရှင်တချို့နဲ့ဆန်းစစ်ကာရှောင်ကြဉ်နိုင်တယ်လို့ ဦးဇေ ယျာကိုက ဆိုပါတယ်။

The Modern News , RangonNewsDaily
kolatt (Pabedan): 24.8.2013

0 comments:

Post a Comment