Pages

Sunday, August 25, 2013

ထန်းကုန်း သတင်း ည ၁၂း၀၀ မှ နံနက် ၂း၀၀ အထိနောက်ဆုံးရသတင်း

RangonNewsDaily:: Aug 25, 2013

ထန်းကုန်းတွင် အစ္စလာမ်ဘာသာဝင်များပိုင် ဆိုင်ခန်းများအား ၉၆၉ အကြမ်းဖက်သမားများမှ  မီးရှိ့ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ကားများ ရောက်ရှိလာသောလည်း လူအုပ်ကြီး
မှ ပေးမ၀င်ခဲ့ကြောင်းသိရှိရသည်။ စတင်စုဝေးပြီး လာရောက်အကြမ်းဖက်သူများမှာ ထန်းကုန်း မြို့ခံများ မဟုတ်ပဲ ထန်းကုန်းမြို့ နှင့် ၁၀ မိုင်ခန့် အကွာရှိ ဇီးပင်သာမှ လူများဖြစ်မည်ဟု နောက်ဆုံးဆက်သွယ် ရရှိသော သတင်းများအရ သိရှိရပါသည်။

ထန်းကုန်းမြို့ရှိ ဖုံးလိုင်းများမှာ လည်း ပြတ်တောက်လျက်ရှိနေကြောင်း သတင်းရရှိပါသည်။

ရွှေဘိုမြို့ အခြေအနေ

ရွှေဘိုမြို့တွင် အခြေ အနေများ တည်ငြိမ်ဆဲဖြစ်ကြောင်း၊ သို့သော် အဆိုပါ အကြမ်းဖက်သမားများ အနက်မှ ၃ ဦးသည် ရထားဖြင့် ရွှေဘိုမြို့အား လှုံဆော်ရန်လာရောက်ခဲ့ကြပြီး သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သတင်းရရှိသည်။

ထန်းကုန်း
ည ၁၂း၁၀သတင်း

သက်ဆိုင်ရာ အဖွဲံ့စည်းတချို့နှင့် ဒေသခံ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဒဘာသာဝင်များ ခုခံကာကွယ်နေလို့ ၉၆၉ အကြမ်းဖက်သမားများ နီးစပ်ရာရွာများသိုးအပြေးအလွားရှောင်ပုန်းနေကြ
ပြီဖြစ်ကြောင်းသတင်းရရှိပါသည်.။

မီးလောင်နေသော နေရာများသိုီ့းသတ်ကားများရောက်ရှိနိုင်ခြင်းမရှိသေးပါ။

ခွေးများကိုခြောက်လှန့်နေရလို့ မီးမငြိမ်းသတ်နိုင်သေးလို့ မီးတခြားနေရများသိုးမကူးစက်နိုင်ေ
အာင် ဒေသခံများမှ ၀ိုင်းဝန်းဆောင်ရွက်နေကြကြောင်းသတင်းရရှိသည်။
 

ထန်းကုန်းသတင်း ည ၁း၁၅

မိတ်ဆွေများအားလုံးစိတ်မပူ ကြပါနဲ့ အင်ရှာအောလ္လာ ထန်းကုန်းမှာ တပ်မတော်နဲ့ ရဲအင်အားများ အာဏာပိုင်များရောက်ရှိလာ ပြီးမပြီးဆုံးသေးပေမဲ့ အသေ အပျောက်မရှိပါ ။

ပလီနားကို ခွေးများလုံးဝမကပ်ရဲကြပါ ထန်းကုန်းရှိ မွတ်စလင်မန်များ ရဲရင့်သူများဖြစ်ကြပါသည် ။

ယခင်တုန်းကလဲ ခွေးများ ထောင်နှင့်ချီပြီးပြေးခဲ့ဘူးပါသည် ထန်းကုန်းရှိမွတ်စလင်များ ကိုအောလ္လာ အစဉ်ထာဝရ စောက်ရှောက်ထိန်းသိန်းပါစေ မော်လဝီအောင်လွင်ထံမှတစ် ဆင့်သိရပါသည် ။


ထန်းကုန်းသတင်း နံနက် ၂နာရီ

ထန်းကုန်းအနောက် ဗလီကြီး တစ်ဝိုက်ရှိ အိမ်များ မီးရှို့ခံနေရဆဲဖြစ်ကြောင်း အိမ်ခြေ ၅၀ မှ ၁၀၀ ကြား အထိ ဖြစ်နိုင်ကြောင်း ထန်းကုန်းမှ ရွှေဘို သို့ ဆက်သွယ်ရရှိသော သတင်းများအရ သိရှိရပါသည်။

ဒေသခံများမှာ အကြမ်းဖက်သမားများ၏ ရန်မှ ကင်းဝေးစေရန် ဗလီအနီးတွင် တိမ်းရှောင်နေကြကြောင်း သိရှိရပါသည်။


မြန်မာမွတ်စလင်မ်မီဒီယာ 
RangonNewsDaily
kolatt (Pabedan): 25.8.2013

0 comments:

Post a Comment