Pages

Tuesday, July 23, 2013

ရုရှား- ဘီလာရုစ် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်ပေါင်း ၁၃ဝဝဝ ခန့် ပါဝင် လေ့ကျင့်မည်

ရုရှား- ဘီလာရုစ် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်ပေါင်း ၁၃ဝဝဝ ခန့် ပါဝင် လေ့ကျင့်မည်
Tuesday, 23 July 2013

စက်တင်ဘာလတွင် ပြုလုပ်မည့် Zapad 2013 အမည်ရှိ ရုရှား- ဘီလာရုစ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်ပေါင်း ၁၃ဝဝဝ ခန့် ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ရုရှားတပ်ဖွဲ့ဝင် ၂၅ဝဝ နှင့် ဘီလာရုစ် တပ်ဖွဲ့ဝင် ၁ဝ၄ဝဝ တို့ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ် လက်အောက်ရှိ နည်းဗျူဟာမြောက် လေ့ကျင့်ရေး ညွှန်ကြား
ရေးမှူး ယာချီစလက်ဗ်ဆိခ်က ပြောကြားခဲ့သည်။

ထို့အပြင် လေယာဉ်နှင့် ရဟတ်ယာဉ် အစင်းပေါင်း ၆ဝ နှင့် တိုက်ခိုက်ရေး ယာဉ် ၂၅ဝ ကျော်ပါဝင် သွားမည် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြား
ခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းကို ဘီလာရုစ် နိုင်ငံနှင့် ရုရှားနိုင်ငံ အနောက်
ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ဘားရန့်စ် နှင့်ဘောလ်တစ် ပင်လယ်တို့တွင် ပြုလုပ်
သွားမည် ဖြစ်ပြီး ထို စစ်ရေး လေ့ကျင့်ခန်းသို့ နေတိုးတပ်ဖွဲ့ဝင်များကို
ဖိတ်ကြားသွားရန် အစီအစဉ် မရှိကြောင်း သိရသည်။

မြ၀တီ

Tuesday, 23 July 2013

စက်တင်ဘာလတွင် ပြုလုပ်မည့် Zapad 2013 အမည်ရှိ ရုရှား- ဘီလာရုစ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်ပေါင်း ၁၃ဝဝဝ ခန့် ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ရုရှားတပ်ဖွဲ့ဝင် ၂၅ဝဝ နှင့် ဘီလာရုစ် တပ်ဖွဲ့ဝင် ၁ဝ၄ဝဝ တို့ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ် လက်အောက်ရှိ နည်းဗျူဟာမြောက် လေ့ကျင့်ရေး ညွှန်ကြား
ရေးမှူး ယာချီစလက်ဗ်ဆိခ်က ပြောကြားခဲ့သည်။

ထို့အပြင် လေယာဉ်နှင့် ရဟတ်ယာဉ် အစင်းပေါင်း ၆ဝ နှင့် တိုက်ခိုက်ရေး ယာဉ် ၂၅ဝ ကျော်ပါဝင် သွားမည် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြား
ခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းကို ဘီလာရုစ် နိုင်ငံနှင့် ရုရှားနိုင်ငံ အနောက်
ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ဘားရန့်စ် နှင့်ဘောလ်တစ် ပင်လယ်တို့တွင် ပြုလုပ်
သွားမည် ဖြစ်ပြီး ထို စစ်ရေး လေ့ကျင့်ခန်းသို့ နေတိုးတပ်ဖွဲ့ဝင်များကို
ဖိတ်ကြားသွားရန် အစီအစဉ် မရှိကြောင်း သိရသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan): 22.7.2013

0 comments:

Post a Comment