Pages

Tuesday, April 16, 2013

Time မဂ္ဂဇင်းက ဆယ်စုနှစ်အတွင်း ကမ္ဘာကို လွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ် ရွေးချယ်ပွဲတွင် မန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်အမေရိကန်အဆိုတော်လေဒီဂါဂါ တို့ မဲအများဆုံရရှိကာ ဆက်လက်ယှဉ်ပြိုင်လျှက်ရှိနေ

တိုမ်းမဂ္ဂဇင်းက ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံး လူသားတစ်ရာရွေးချယ်မှု ၁၀နှစ် ပြည့်အထိမ်းအမှတ်အနေနှင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကမ္ဘာကို လွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ်ကို ပရိသတ်များအား မဲပေးရွေးချယ်စေ လျှက်ရှိ ရာ နောက်ဆုံး အဆင့်တွင် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်အမေရိကန်အဆိုတော်လေဒီဂါဂါ တို့ မဲအများဆုံရရှိကာ ယှဉ်ပြိုင်လျှက်ရှိသည်။ ယနေ့ည ၈နာရီ အချိန်အထိ မဲရရှိမှုများ အရ ဒေါ်အောင် ဆန်းစုကြည်က ၅၅ရာခိုင်နှုန်း နှင့် လေဒီဂါဂါက ၄၅ရာခိုင်နှုန်း မဲရရှိလျှက်ရှိသည်။ အမေရိ ကန်သမ္မတ ဘားရက် အိုဘားမား ၊ ဂူးဂဲလ်တည်ထောင်သူ လာရီပေ့ဂ်ျ ၊အစီအစဉ်တင်ဆက် သူ အော်ပရာဝင်းဖရေး ၊ ဗြိတိန်မင်းသားဝီလျှံ၏ကြင် ယာတော် ကိတ်မင်ဒက် တန်၊ အမေရိကန်သမ္မတကတော် မီရှဲအိုဘားမား တို့ကို မဲအ သာဖြင့် ဖြတ်ကျော် ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် လေဒီဂါဂါ တို့က နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဧပြီ ၁၇ရက်တွင် ဆယ်စုနှစ်အတွင်း ကမ္ဘာကိုသြဇာအရှိဆုံးပုဂ္ဂိုလ် အဖြစ်ရွေး ချယ်ခံရသူကို ကြေညာမည်ဖြစ်သည်။မဲပေးရွေးချယ်လိုပါက အောက်ပါ လင့်ခ်အတိုင်း သွားရောက်ကြည့်ရှု့နိုင်ပါသည်။
http://time100.time.com/2013/04/11/face-off-whos-the-most-influential/

7Day News Journal, Rangonnewsdaily
RND:16.4.2013

0 comments:

Post a Comment