Pages

Sunday, April 21, 2013

အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ

Alanka Monywa
အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ ( မောက္ခပညာရေးမဂ္ဂဇင်း )
မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ
ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-
၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။
၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့ တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင် နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့ စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။
(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့ ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့ တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါတယ်)။
၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ တွေ့ရပါတယ်။
၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။
၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့ မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့ ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့ ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။
ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက ဘာကြောင့် လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန် တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။

နိဂုံး
ဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုးရက ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ် ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုခွင့်ရှိပါတယ်။
ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။
ဝါရှင်တန်တက္ကသိုလ်မှ ဦးခင်ရွှေအား မည်သည့်အခါကမျှ မည်သည့်ဘွဲ့မျိုး မပေးအပ်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည့်စာ

Kyaymhon Khin

အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ မှောင်ခို ဒေါက်တာဘွဲ့အတုဆို
တာ ဖော်ထုတ်နိုင်ပြီ ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန်တက်ကြွလှုပ်ရှားသူတွေက စုံ
စမ်းဖော်ထုတ်ရာမှာ-၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အ
သိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲဟာဝိုင်အီကျွန်းမှာမှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်
နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ဘွဲ့တွေ ရောင်းစားနေတဲ့တက္ကသိုလ်အတု ဖြစ်နေတာတွေ့
ရပါတယ်။


ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။

၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့ တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်

ရဲ့သတင်းကြောင့်အမေရိကန်နိုင်ငံ St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင်
နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့ စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ
ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။

(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့ ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်

တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ တရားစွဲ
ခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာ
ဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့ တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါတယ်)။

၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဆိုတာစင်္ကာပူနိုင်

ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ တွေ့ရပါတယ်။

၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ Philadelphia မှာရှိတဲ့ Drexellတက္ကသိုလ်ကဓါတုဗေဒ ပါမောက

္ခဖြစ်နေတာ တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်
လို့ သိရပါတယ်။

၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အ

စည်းတခုက ပေးတဲ့ မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့ ကုန်ကျ
စရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့ ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာ
ရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။

ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက ဘာကြောင့် လုပ်ပေးရသလဲဆိုရင်ဒေါ်

အောင်ဆန်းစုကြည်ကို နိုင်ငံတကာကဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာမနာလိုတဲ့အတွက် ဖြစ်နိုင်
တယ်လို့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန် တက်ကြွလှုပ်
ရှားသူတွေက မှတ်ချက်ချပါတယ်။

နိဂုံးဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုး

သားလွှတ်တော်မှာ ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိဦးသိန်းစိန်အစိုးရကခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ် ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို သိက္ခာမဲ့တဲ့
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆို
ခွင့်ရှိပါတယ်။

ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။
Kyaymhon Khin 

Rangonnewsdaily
RND:21.4.2013

0 comments:

Post a Comment