Pages

Tuesday, January 29, 2013

မန္တလေးမြို့အနီးနားမှာ တံတားဦးဟိုတယ်ဇုံကို သတ်မှတ်ပေးလိုက်ပြီ

မန္တလေး တံတားဦးဟိုတယ်ဇုံ သတ်မှတ်ပေးလိုက်ပြီ
--------------------------------------------------------
မန္တလေးမြို့အနီးနားမှာ တံတားဦးဟိုတယ်ဇုံကို သတ်မှတ်ပေးလိုက်ပြီး နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူများအတွက် ဟိုတယ်အလုံး ၁၀၀ နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ဟိုတယ် ၁၉၂ လုံး လျာထားပေးကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းဖယ်ဒရေးရှင်း က ပြောသွားပါတယ်။ နိုင်ငံခြားသားတွေအတွက် ၂၃၆.၅ ဟက်တာ (၁ ဟက်တာ = ၁၀၀၀၀ စတုရန်းမီတာ) နဲ့ ပြည်တွင်းလုပ်ငန်းရှင်အတွက် ၄၁၀ ဟက်တာ မြေအကျယ်အ၀န်းမှာ တည်ဆောက်ခွင့်ပေးမယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာ့စက်မှုဇုံနဲ့ အိမ်ခြံမြေ ဖွံ့ဖြိုးမှု ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

တံတားဦးဟိုတယ်ဇုံ က ၂၂၂၁ ဟက်တာ ကျယ်ဝန်းပြီး ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာသန်း ၅၆၀ ထိ ရနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ ရှော့ပင်းမောများ၊ ဘဏ်၊ ဘတ်စ်ကားဂိတ်များ၊ ရထားဘူတာရုံများ၊ ဆိပ်ကမ်း၊ ဂေါက်ကွင်း၊ ညဈေး၊ လက်မှုပညာထုတ်ကုန်ဈေး၊ ဖျော်ဖြေရေးဇုံ စသည်တို့ပါဝင်မယ်လို့ ဆိုထားပါတယ်။ တံတားဦးဟိုတယ်ဇုံစီမံကိန်းကို  မြန်မာ့ခရီးသွားလုပ်ငန်းဖယ်ဒရေးရှင်းရဲ့ Myanmar Tourism Development Co. Ltd က တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
(Ref; Jan 28, 2013, EMG, ElevenMyanmar.com, Foreign investors get 100 hotels in Mandalay’s new hotel zone)

မန္တလေးမြို့အနီးနားမှာ တံတားဦးဟိုတယ်ဇုံကို သတ်မှတ်ပေးလိုက်ပြီး နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူများအတွက် ဟိုတယ်အလုံး ၁၀၀ နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ဟိုတယ် ၁၉၂ လုံး လျာထားပေးကြောင်း မြန်မာ့ခရီးသွားလုပ်ငန်းဖယ်ဒရေးရှင်း က ပြောသွားပါတယ်။ နိုင်ငံခြားသားတွေအတွက် ၂၃၆.၅ ဟက်တာ (၁ ဟက်တာ = ၁၀၀၀၀ စတုရန်းမီတာ) နဲ့ ပြည်တွင်းလုပ်ငန်းရှင်အတွက် ၄၁၀ ဟက်တာ မြေအကျယ်အ၀န်းမှာ တည်ဆောက်ခွင့်ပေးမယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာ့စက်မှုဇုံနဲ့ အိမ်ခြံမြေ ဖွံ့ဖြိုးမှု ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

တံတားဦးဟိုတယ်ဇုံ က ၂၂၂၁ ဟက်တာ ကျယ်ဝန်းပြီး ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာသန်း ၅၆၀ ထိ ရနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ ရှော့ပင်းမောများ၊ ဘဏ်၊ ဘတ်စ်ကားဂိတ်များ၊ ရထားဘူတာရုံများ၊ ဆိပ်ကမ်း၊ ဂေါက်ကွင်း၊ ညဈေး၊ လက်မှုပညာထုတ်ကုန်ဈေး၊ ဖျော်ဖြေရေးဇုံ စသည်တို့ပါဝင်မယ်လို့ ဆိုထားပါတယ်။ 
 
တံတားဦးဟိုတယ်ဇုံစီမံကိန်းကို မြန်မာ့ခရီးသွားလုပ်ငန်းဖယ်ဒရေးရှင်းရဲ့ Myanmar Tourism Development Co. Ltd က တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Eleven Media:

0 comments:

Post a Comment