Pages

Friday, October 5, 2012

ကမ္ဘောဇဘဏ်၏ဘဏ်လုပ်ငန်းများရပ်တန့်သွားပြီဆိုခြင်းမှာ လုံးဝ မဟုတ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌပြောကြား

ကမ္ဘောဇဘဏ်၏ဘဏ်လုပ် ငန်းများရပ်တန့်သွားပြီဆိုခြင်းမှာ လုံးဝ မဟုတ်ကြောင်း ကမ္ဘောဇဘဏ် လီမိတက် ၏ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ထုတ်ဖော် ပြောကြားလိုက်သည်။
ကမ္ဘောဇဘဏ် လီမိတက်၏ ဥက္ကဋ္ဌဦးအောင်ကိုဝင်းကို
 ဖမ်းဆီးထား သည်၊ ဒုတိယ
ဥက္ကဋ္ဌ ဦးသန်းလွင် အား ဖမ်းဆီးထားပြီဆိုသည့် ကောလာဟလ သတင်းများကြောင့်ယင်းဘဏ်တွင် ငွေစာရင်း ဖွင့်သူများ က ပြန်

လည် ထုတ်ယူ နေကြပြီဟုသတင်းများထွက်ပေါ်နေခြင်း တို့ကို ရန်ကုန်မီဒီယာဂရုပ် မှမေးမြန်း ခဲ့ ရာယင်း ပုဂ္ဂိုလ်က ပြန်လည်ြေ


ကြားခဲ့ ခြင်းဖြစ်သည်။''ဘဏ်တစ်ခုပြိုလဲသွားရင် ကျန်တဲ့တစ်ခြားဘဏ်တွေလည်းလိုက် ပါလာမှာ။ ကောလဟာလ သတင်းတွေ ကြောင့်ဖြစ်ရတာပါ။

ကျွန်တော်တို့ဘဏ် ဘက်ကတော့ ဒီကိစ္စကိုဖြေရှင်းတာ မျိုး တွေမလုပ်ဘူး။ ဖြေရှင်းတယ်ဆိုရင် မရိုးသားတဲ့ သဘောဖြစ်သွား မ
ယ်

။ အခုလည်း ဒီသတင်းကိုမေးတဲ့ အတွက် ပြောပြရခြင်းပါ''ဟု ရန်ကုန်မီဒီယာဂရုပ် မှ လတ်တလောဖြစ်နေသည့်ဖြစ် စဉ်များ နှင့်စပ်


လျဉ်း၍ မေးမြန်းချက်ကို ဦးသန်းလွင် ကပြန်လည်ရှင်းပြသည်။

တောင်ကြီးမြို့ပုဂ္ဂလိက ဆေးရုံ သစ်ဆောက်လုပ်စဉ် ငြမ်းပြိုမှုကြောင့် အလုပ်သမားများ သေဆုံးခဲ့ ရသည့်ဖြစ်စဉ် မှာ ကမ္ဘော


ကုမ္ပဏီပိုင် ဆောက်လုပ် ရေးလုပ်ငန်းတစ်ခုဖြစ်သည့် အတွက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း အားဖမ်း ဆီးထိန်း သိမ်းထား သည်ဆို


သည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း တောင်ကြီး မြို့တွင် နေထိုင်သည့် ကမ္ဘောဇကုမ္ပဏီအဖွဲ့ဝင် အောင်ပန်းမြို့ နီလာရိုးမ
စက်

သုံးဆီ ဆိုင်၏ တာဝန်ခံ ဦးဝင်းနိုင်က ပြောကြားသည်။

''တောင်ကြီးမှာဆောက်လုပ်ဆဲ ဆေးရုံငြမ်းပြိုကျသွားတယ်ဆိုတာ ကမ္ဘောဇကုမ္ပဏီနဲ့ဘာမှ မဆိုင် ပါဘူး။ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကိုယ်တိုင်အောက် တိုဘာ ၄ ရက်နေ့က သုဝဏ္ဍဘဏ်ခွဲ ကိုဖွင့် ပေးခဲ့ သေးတယ်။ လက်ရှိ ရန်ကုန်မှာ ရှိနေပါတယ်''ဟု အော
က်

တိုဘာ ၅ ရက်နေ့က ဦးဝင်းနိုင် ကပြော သည်။



ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထိပ်တန်းအရာရှိတစ်ဦးထံ သို့ဆက်သွယ်မေး မြန်းရာတွင် ''ဘဏ်တွေ
ကိုမြန်

မာနိုင်ငံတော် ဗဟိုဘဏ်က နေပြီးတော့ ဘဏ်အသင်းများအနေနဲ့ လည်း ကူညီတယ်။ ပြိုလဲမှုမရှိအောင် မြန်မာနိုင်ငံတော်
ဗဟို

ဘဏ် ဥပဒေ တွေ အတိုင်း ကူညီဆောင် ရွက်ပေး နေတာ တွေရှိတယ်။

အရေးကြီးဆုံးဖြစ်တဲ့ ငွေ ရေးကြေးရေးကဏ္ဍတွေကိုအစဉ် အမြဲ ဆောင် ရွက်ပေး နေပါတယ်''ဟု ပြော ကြားသည်။'ဟိုး
အရင်တုန်း

ကဆိုရင် တော့ ဖြစ်နိုင်တယ်။ လက်ရှိမှာဗဟိုဘဏ်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ နဲ့ ဂျပန် အစိုးရကလက်ရှိ
မှာထောက်ပံ့ပေး

နေတာ တွေရှိတယ်။အဲဒါကြောင့်လက်ရှိမှာ ဘဏ် တစ်ခုပြိုလဲတော့မယ် အနေအထားဆို ရင် ဗဟိုဘဏ်က ဝင်ထိန်းပေး
နိုင်တဲ့

နေ အထားရှိတယ်။ အဲဒါကြောင့် လက်ရှိမှာ အရင်တုန်းကလိုမျိုး ဘဏ်တွေပြိုလဲသွား တာကို နိုင်ငံတော်ကလည်း ကြည့်နေမှာ မ


ဟုတ်ဘူး''ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးကပြော ကြားသည်။''ဒီသတင်းကလုံးဝ
မဟုတ်မှန် ပါဘူး။ 




သတင်းကမှားနေပါတယ်။အဲဒီ သတင်းနဲ့ပတ်သက်ပြီး အစည်းအဝေး လုပ် နေပါတယ်။ ဗဟိုဘဏ်က လည်း ဒီနေ့ ညနေ ၆ နာရီ


သတင်းအဲဒီ အကြောင်း အရာ နဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းကြေငြာသွားမယ်လို့သိရ တယ်''ဟု ကမ္ဘောဇဘဏ်မှတာဝန်ရှိတစ်


ဦးဖြစ် သည် ဦးသီဟ က အောက်တိုဘာ၅ ရက်နေ့တွင် ပြောကြား သည်။လက်ရှိတွင်ကမ္ဘောဇဘဏ် သည်
 မြန်မာတစ်နိုင်ငံလုံးတွင်

ဘဏ်ခွဲ ပေါင်း ၇၉ခုကိုဖွင့်လှစ်ထားပြီး ၂၀၁၀ ခုနှစ် အထိ အဆိုပါဘဏ်၏ မတည်ရင်းနှီး ငွေမှာ ကျပ်သန်းပေါင်း ၃၅ ဘီလီယံ ရှိ


ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခု၏ နှစ်ပတ် လည်အစီရင်ခံစာအရသိရှိရသည်။



ကမ္ဘောဇဘဏ်လီမိတက် သည် လေကြောင်းလိုင်း၊ အာမခံလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ဆီအုန်း ခြံလုပ်ငန်း၊ဘိလပ်ြေ


စက်ရုံ၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ကြောင်း သိရသည်။








ရန်ကုန်မီဒီယာ

0 comments:

Post a Comment