Pages

Thursday, August 9, 2012

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံမှုမရှိသောနေရာများသိုမသွားချင်တော့သည့် ဆရာဆရာမများနေရာတွင် ဆွဲခန့်ဆရာ၊ဆရာမ ယာယီထားရှိမည်



ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံမှုမရှိသောနေရာများသို့သွားလိုစိတ်မရှိတော့သည့် ဆရာဆရာမများနေရာ
တွင်   ဒေသခံဘွဲ့ရလူငယ်များကိုဆရာ/ဆရာမအဖြစ် ဆွဲခန့်ထားရှိမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက
သိရှိရသည်။

မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ/ဆရာမ အချို့မှာ၎င်းနေရာတွင် တာဝန်ထမ်း ဆောင်လို စိတ်မရှိကြသူများရှိသဖြင့်ဒေသခံများကိုခန့်ထားရှိမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ အရာရှိ တစ်ဦးကပြောသည်။

လုံခြုံရေးမရှိလို့ဆရာ၊ဆရာမတွေ အဲဒီမှာ မသင်နိုင်ရင် တခြားလူတွေကအဲဒီနေရာကို မသွားချင်ဘူးဆိုရင် ဒေသခံတွေထဲက တိုင်းရင်းသားဘွဲ့ရတွေဘာတွေရှိရင် ဆွဲခန့်အနေနဲ့ခန့်ဖို့လို့တော့ အထက် ကိုတင်ပြ
ထားတယ်။အဲဒီကလူတွေကို အဲဒီနေရာမှာခန့်လိုရအောင်လို့ဟု အဆိုပါအရာရှိကပြောသည်။

သို့သော် အဆိုပါနေရာများတွင် လုံခြုံမှုအပြည်အဝပေးနိုင်ရင်ဆရာ/ဆရာမများအနေဖြင့် ၄င်းတို့ နေရာ
တွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဟု၎င်းကဆိုသည်။


ဇွန်လပဋိပက္ခဖြစ်စဉ်အတွင်း   ကျောင်းဆရာအချို့အသက်ဆုံးရှုံးမှုများရှိခဲ့သဖြင့်  မောင်တောတွင် တာဝန်
ထမ်းဆောင်လိုစိတ်မရှိသည့် ဆရာဆရာမ အများအပြားရှိနေကြောင်းကိုလည်းသိရှိရသည်။

လုံးဝ တကယ့်ကိုစိတ်ခံစားမှုမပျောက်နိုင်လို့ ကြောက်လို့ မသွားဝံ့ဆိုတဲ့တစ်ချို့ကတော့ ဘာပဲ ဖြစ်ဖြစ်   နှုတ်ထွက်ချင်လဲထွက်ရမှာ ၊နှုတ်ထွက်သူလည်းရှိကောင်းရှိနိုင်တယ်။ပြောလို့တော့ မရ၊တစ်ချို့က တကယ့်
ကိုကြောက်သွားကြတာတွေ ရှိတယ်ဟု အဆိုပါ အရာထမ်းကပြောသည်။ 

ထို့အပြင် ပဋိပက္ခဖြစ်စဉ်များကြောင့် ပိတ်ထားရသည့်ကျောင်းများကိုပြန်လည်ဖွင့်လှစ်ထားရှိသော်လည်း လုံခြုံ အရေးအအချို့်ကျောင်းများမှာပိတ်ထားရဆဲဖြစ်သည်။

မောင်တောတစ်မြို့နယ်လုံးတွင်အခြေခံပညာကျောင်းများကိုပိတ်ထားရသော်လည်းပြန်ဖွင့်ဖို့အစီအစဉ်လုပ်နေကြောင်းသိရှိရသည်။

‘’မောင်တောမှာတော့ ကျောင်းဖွင့်ဖိုစီစဉ်နေတယ်၊မောင်တောတစ်မြို့နယ်လုံးမဖွင့်ရသေးဘူး၊ ဘယ်အချိန်
လို့ တော မဟုတ်ဘူးအခြေနေပြီးရင် ကျောင်းတစ်ကျောင်းပြီးတကျောင်းဖွင့်မှာ၊ အချိန်ကန့်သတ်ချက်
မဟုတ်၊ဟိုတနေ့ကဆိုရင်    ဘူးသီးတောင်ကစဖွင့်တယ်။လုံခြုံရေးပေးနိုင်ရင်ဖွင့်တယ်။

မာင်တောဆိုရင်လုံခြုံရေးပေးနိုင်ရင်ဖွင့်တယ်၊    လုံခြုံရေးရှိတဲ့နေရာတွေမှာဖွင့်ဖို့စီစဉ်နေကြတယ်။  လုံခြုံစိတ်ချရတယ်ဆိုမှ ၊လုံခြုံရေး အဓိကပါ  ဟု၎င်းက ဆက်ပြောသည်။

ဘင်္ဂလီဒုက္ခသည်စခန်းများရှိ ကျောင်းသားကျောင်းသူများအတွက်ယူနီဆက်အကူအညီဖြင့်  ယာယီ ကျောင်းများဆောက်လုပ်ပေးနိုင်ရန်စီစဉ်ထားရှိပြီး ရခိုင်ကျောင်းသားကျောင်းသူများအတွက်နီးစပ်ရာ ကျောင်းတွင်ပညာသင်ကြားရမည်ဟု ပြည်နယ်ပညာရေးဋ္ဌာနက သိရှိရသည်။

လုံခြုံမှုမရှိသေးသဖြင့် စစ်တွေ၊ကျောက်တောင်၊ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင်   ကျောင်းအချို့ ပိတ်ထားရဆဲဖြစ်သည်။

ပြည်နယ်ပညာရေးဋ္ဌာနမှ  ယခုလ ၇ ရက်နေ့စွဲဖြင့် ရရှိသော သတင်းများအရရခိုင်ပြည်နယ်တွင် မဖွင့်နိုင်သေးသည့်ကျောင်း ၃၄၉ ကျောင်းရှိပြီးစစ်တွေမြို့နယ်တွင်၂၂ ကျောင်း၊ ကျောက်တော်မြို့နယ်တွင် ၁၅ကျောင်း၊ရသေ့တောင်တွင် ၁၀ကျောင်း၊ ဘူးသီးတောင်တွင် ၁၄၃ကျောင်း၊မောင်တောမြို့နယ်တွင် ၁၅၉ ကျောင်းရှိကြောင်း သိရသည်။

မြစ်မခသတင်း

1 comments:

Anonymous said...

This design is incredible! You certainly know how to keep a
reader entertained. Between your wit and your videos, I was almost moved
to start my own blog (well, almost...HaHa!) Great job.
I really loved what you had to say, and more than that,
how you presented it. Too cool!

my web site ... www.guam.co.kr

Post a Comment