Pages

Friday, August 24, 2012

မြန်မာအရာရှိများ ဘိန်းရာဇာနော်ခမ်းကို စစ်ဆေး

 
 မြန်မာဖက်က စစ်ဖက် အရာရှိတွေဟာ တရုတ်က ဖမ်းဆီးမိထားတဲ့ မူးယစ်ရာဇာ နော်ခမ်း ကို ယူနန်ပြည်နယ်ကို လာရောက်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက မနေ့ကထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနဲ့ ဆက်လျဉ်းပြီး ရှမ်းအမျိုးသား နော်ခမ်းကို မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံအတော်များများက အလိုရှိနေကြတာပါ။ သူ့အပါအ၀င် ဖမ်းမိထား သူတွေကိုတရုတ်သင်္ဘော
သားတွေကို သတ်ဖြတ်မှုနဲ့ တရားစီရင်စစ်ဆေးတော့ မယ်လို့လည်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ဆက်ပေးမှာပါ။

မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု လူသတ်မှုတွေနဲ့ စပ်လျဉ်းပြီး မြန်မာ၊ တရုတ်၊ ထိုင်း၊ လော နိုင်ငံတို့က အလိုရှိနေတဲ့ မူးယစ်ရာဇာနော်ခမ်းကို မြန်မာအရာရှိတွေ တရုတ် ယူနန်ပြည်နယ်ကို သွားရောက်ပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို တရုတ် ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါ
တယ်။

မနှစ် အောက်တိုဘာလ ၅ ရက်နေ့ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုမှာ နော်ခမ်း
ဟာ အဓိက တာဝန်ရှိသူလို့ တရုတ်အာဏာပိုင်တွေဖက်က ယူဆထားကြတာပါ။ နော်ခမ်းဟာ ဒီနှစ် ဧပြီလ ၂၅ ရက်နေ့ လောနိုင်ငံတွင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်တာခံရပါတယ်။ တရုတ်နိုင်ငံအနေနဲ့တော့ သူ့ကို ရှေလထဲ တရားစီရင်ကြားနာဖို့ရှိတယ်လို့ ယူနန်ပြည်နယ် ရဲဌာန ဒုတိယ
အကြီးအကဲ Xian Yanming က ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ ၅ ရက် အမှုကိစ္စနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့မှာ ပတ်သက်နေတဲ့ နော်
ခမ်း၊ ရှော်ခမ်း၊ ယင်းလန် နဲ့ အခြားသံသယရှိသူတွေကို နောက်လကျရင် တရုတ်နိုင်ငံထဲမှာ တရားစီရင်ကြား
နာသွားမှာဖြစ်ပါတယ်။”

အသက် ၄၈ နှစ်အရွယ် မူးယစ်ရာဇာ နော်ခမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အလိုရှိတဲ့စာရင်းမှာပါ ထည့်သွင်း
ဖော်ပြထားတာဖြစ်ပါတယ်။ နော်ခမ်းဟာ မဲခေါင်မြစ်အတွင်း သင်္ဘောတွေကို တိုက်ခိုက်တာ သင်္ဘောသား
တွေကို သတ်ဖြတ်တာတွေကြောင့် ရွှေတြိဂံဒေသမှာ ပြီးခဲ့တဲ့နှစ်ကာလက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါ
တယ်။

မြန်မာဖက်က အဲဒီ လူသတ်မှုတွေအတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ မဲခေါင်မြစ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ နယ်စပ်တကြောဖြစ်နေတဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးကိစ္စရပ်
တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်ကို ရောက်နေတဲ့ မြန်မာစစ်အရာရှိတွေက ပြောခဲ့ပါ
တယ်။

တရုတ် သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာတော့ နော်ခမ်းအပါအ၀င် သူ့ရဲ့အမာခံအဖွဲ့ဝင်တွေနဲ့
ထိုင်းစစ်သားအချို့ပူးပေါင်းပတ်သက်နေတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။ နော်ခမ်းဖမ်းဆီးခံရပြီးတဲ့
နောက်တော့ သူ့ရဲ့လက်ထောက် စိုင်းအောင်မြတ်နဲ့ နောက်ပါအဖွဲ့ဝင်အတော်များများဟာ တာချီလိတ် အ
ခြေစိုက် မြန်မာစစ်တပ်ထံမှာ လက်နက်ချခဲ့ကြပါတယ်။ နောက်လိုက်အဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းပြီး ပြန်
လွှတ်ခဲ့ပေမယ့်၊ စိုင်းအောင်မြတ်ကိုတော့ ကျိုင်းတုံအကျဉ်းထောင်မှာ ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ သိရပါ
တယ်။

တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာ စိုင်းအောင်မြတ်လည်း ပတ်သက်တယ်ဆိုပြီး၊ တရုတ်နိုင်
ငံဖက်က လွှဲပြောင်းပေးအပ်ဖို့ မြန်မာဖက်ကိုတောင်းခံပေမယ့် မြန်မာအာဏာပိုင်တွေက ငြင်းပယ်ခဲ့ပါတယ်
။ စိုင်းအောင်မြတ်ဖမ်းမိပြီးနောက် မြန်မာနယ်စပ်မှာရှိတဲ့ နော်ခမ်းရဲ့ပိုင်ဆိုင်မှုအချို့ကိုလည်း မြန်မာစစ်တပ်
က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

စိုင်းအောင်မြတ်ကိစ္စနဲ့ပဲ စပ်လျဉ်းပြီး တရုတ်နိုင်ငံရဲ့ အများပြည်သူလုံခြုံမှုဆိုင်ရာဝန်ကြီး Meng Jianzhu ဟာ ပြီးခဲ့တဲ့ ဇူလှိုင်လက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ တရုတ်သင်္ဘောသားတွေကို သတ်ဖြတ်မှု ကျူးလွန်သူတွေကို ရုံးတင်စစ်ဆေးရာမှာ မြန်မာအာဏာပိုင်တွေဖက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ တရုတ်
ဝန်ကြီးက တိုက်တွန်းသွားခဲ့ပါတယ်။ နော်ခမ်းနဲ့အဖွဲ့ဟာ ၂၀၀၈ ခုနှစ်ကတည်းကဆိုရင် တရုတ်သင်္ဘောတွေ တရုတ်နိုင်ငံသားတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လက်နက်ကိုင်ရာဇ၀တ်မှု ၂၈ မှုကို ကျူးလွန်ခဲ့တယ်လို့ တရုတ်ဝန်ကြီးက ပြောပါတယ်။ အဲဒီ အမှုတွေအတွင်းမှာပဲ ၁၆ ဦးသေဆုံးပြီး၊ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်
လို့ ပြောပါတယ်။

မနှစ် အောက်တိုဘာလ ကုန်ပိုင်းကတော့ နိုင်ငံ လေးနိုင်ငံက အဆင်မြင့်ဝန်ကြီးတွေဟာ တရုတ်နိုင်ငံ ဘေ
ကျင်းမြို့မှာ တွေ့ဆုံပြီး။ နယ်စည်းဖြတ်ကျော်ရာဇ၀တ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့နဲ့ မဲခေါင်မြစ်အတွင်းသယ်
ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုံခြုံရေးကိစ္စရပ်တွေအတွက် ဆွေးနွေး သဘောတူညီမှုတွေရခဲ့ပါတယ်။

မဲခေါင်းမြစ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာ တရုတ် ထိုင်းနဲ့ လောနိုင်ငံတွေဟာ အခု
အခါ ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်တာ မဲခေါင်းမြစ်ကြောင်းတလျှောက် လုံခြုံရေးအစီအ
စဉ်တွေ ဆောင်ရွက်တာနဲ့ နယ်စည်းဖြတ်ကျော်ရာဇ၀တ်မှုနှိမ်နင်းရေးကိစ္စတွေကို ပူးတွဲဆောင်ရွက်နေပါ
တယ်။

VOA News

0 comments:

Post a Comment