Pages

Tuesday, July 24, 2012

ရန်ကုန်မြို့မှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာဒေါ်သစ်သစ်ဆွေနဲ့ First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူတို့ရဲ့အမှုကို ယနေ့ စတင်စစ်ဆေး


Photo: ရန်ကုန်မြို့မှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာ
 ဒေါ်သစ်သစ်ဆွေ က First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူကို အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကို ကျောက်တံတား မြို့နယ်မှာ ရှိတဲ့ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စတင် စစ်ဆေးခဲ့ပါတယ်။ 

“ဒလ ဆိပ်ကမ်းမှာ ယာဉ်ရပ်နားခတွေ တိုးမြှင့် ကောက်ခံနေတဲ့အပေါ် ကားသမားတွေ မကျေနပ်” ဆိုတဲ့ ခေါင်းစဉ်ပါ သတင်း တပုဒ်ကို မေလ ၂၅ ရက်နေ့ထုတ် First Weekly ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ 

ဒီသတင်း ရေးသားချက်တွေဟာ မှန်ကန်မှု မရှိဘူးဆိုတဲ့ ခုခံချက်နဲ့ အတူ နစ်နာကြေး သိန်း ၂ ရာ ရလိုကြောင်း ဒေါ်သစ်သစ်ဆွေက မေလ ၃၁ ရက်နေ့မှာ ဦးအောင်စိုးသူကို တရားစွဲခဲ့တာပါ။ 

အလားတူပဲ ဦးအောင်စိုးသူ ဘက်ကလည်း ဒေါ်သစ်သစ်ဆွေကို အသရေဖျက်မှုနဲ့ တန်ပြန် စွပ်စွဲခဲ့ပါတယ်။ ဒီကနေ့ တတိယ အကြိမ် ရုံးချိန်းမှာ ဦးအောင်စိုးသူက ဒေါ်သစ်သစ်ဆွေကို နစ်နာကြေး ကျပ် သိန်း ၃ ရာ ပြန်လည် တောင်းခံခဲ့တယ်လို့ သိရပါတယ်။


0 comments:

Post a Comment