Pages

Sunday, July 22, 2012

တက္ကသိုလ်ဝင်တန်း အမှတ်အများဆုံး ၁၀ ဦး ရန်ကုန်တိုင်းအစိုးရ ဆုချီးမြှင့်မည်



၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာ တနိုင်ငံလုံး 

အမှတ်အများဆုံးရရှိပြီး အဆင့် ၁  မှ ၁ဝ အထိ စာရင်းဝင်ခဲ့ကြသော ကျောင်းသူ/ကျောင်းသားများအား 

ရန်ကုန်တိုင်း အစိုးရက ဇူလိုင်လကုန်ပိုင်းတွင် ဆုချီးမြှင့်သွားမည်ဟု တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး

 ဒေါက်တာမြင့်သိန်းက ပြောသည်။


“အဆင့် ၁ ကနေ ၁၀ အထိ စာရင်းဝင် ကျောင်းသား/ကျောင်းသူ အရေအတွက်ကို သက်ဆိုင်တဲ့ 

ဌာနတွေကနေ တဆင့် တောင်းယူနေပါတယ်။ ဆုချီးမြှင့်ပွဲကို ဇူလိုင်လကုန်ပိုင်းမှာ ကျင်းပမှာ ဖြစ်ပေမယ့် 

ရက်အတိအကျ မထွက်သေး ပါဘူး” ဟု ဆိုသည်။



ယခင်နှစ်များက အမှတ်အများဆုံးရရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/ကျောင်းသား များအား အမှတ်

 (၃) အခြေခံပညာ ဦးစီးဌာနက ဆုချီးမြင့်ခဲ့သော်လည်း ယခုနှစ်တွင် အစိုးရက စတင် ဆုချီးမြှင့်

လာခြင်းဖြစ်သည်။



ပွဲကျင်းပခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို  ဇူလိုင်လ တတိယပတ်အတွင်း 

ဝန်ကြီးဌာနက ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။



ပြီးခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသတွင်းမှ ကျောင်းသူ/ကျောင်းသား ဦးရေ ၁

သိန်းကျော် ဝင်ရောက် ဖြေဆိုခဲ့သည်ဟု နိုင်ငံပိုင် MRTV4 သတင်းဌာန ဝက်ဆိုက်တွင် ဖော်ပြထားသည်။


ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment