Pages

Tuesday, June 12, 2012

"မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ CDMA (800) မိုဘိုင်းဖုန်း သုံးစွဲနေသူ ပြည်သူများအတွက်ကြေငြာချက်

‎"မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ CDMA (800) မိုဘိုင်းဖုန်း သုံးစွဲနေသူ ပြည်သူများအတွက် အင်တာနက် ဝန်ဆောင်မှု အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေးတင်ပြချက်"

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနသည် ပြည်သူများ လွယ်ကူစွာ ဖုန်းဆက်သွယ် ပြောဆိုနိုင်ရေးအတွက် အစဉ်ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ယခုအခါ GSM/UMTS မိုဘိုင်းဖုန်းများတွင် အင်တာနက် ဝန်ဆောင်မှု အသုံးပြုနိုင်ရေး အတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။

ဆက်လက်ပြီး CDMA (800) မိုဘိုင်းဖုန်းသုံးစွဲသော ပြည်သူများ အနေဖြင့် အင်တာနက် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုများကို ဇွန် ၁၂ ရက်နေ့မှစတင်၍ ဆောင်ရွက် ပေးမည်ဖြစ်ရာ အသုံးပြုလိုသူ မိဘပြည်သူများ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် အောက်ဖော်ပြပါ နေရာများတွင် လည်းကောင်း၊ အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးများအတွက် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်နှင့် တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် လည်းကောင်း ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်း လေးစားစွာ အသိပေး တင်ပြအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီး

(၁) ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံး။
အမှတ်(၇၄)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်။

(၂) ပန်းဆိုးတန်း မိုဘိုင်းဆက်သွယ်ရေးရုံး။
အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်။

(၃) အလုံ မိုဘိုင်းဆက်သွယ်ရေးရုံး။
အမှတ်(၈၃၉/၈၄၁)၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်မြို့နယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း


ပေါ်ပြုလာသတင်းဂျာနယ်

0 comments:

Post a Comment