Pages

Sunday, July 1, 2012

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်အသစ် စီဂျုံ ကို တနင်္လာနေ့တွင် စတင်ဖွင့်လှစ်မည်


တောင်ကိုရီးယားမြို့တော်သစ် ဖွင့်လှစ်တည်ဆောက်မည်
တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံအတွင်း ဆယ်စုနှစ်တစ်စုကြာ အငြင်းပွားမှုများရှိခဲ့သာ မြို့တော်သစ်ကို တနင်္လာနေ့တွင် စတင်ဖွင့်လှစ်လိုက်သွားမည် ဖြစ်ည်။ အသစ်တည်ဆောက်သည့် စီဂျုံမြို့ (Sejong City) ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးချိန် ၂၀၁၅ခုနှစ်အရောက်၌ ဝန်ကြီးဌာန ၁၅ ခုနှင့် အစိုးရရုံးဌာန ၂၀ ခုခန့် ရုံးစိုက်မည်ဖြစ်ပြီး ဝန်ထမ်း ၁၀,၀၀၀ ကျော် တာဝန်ထမ်းဆောင်ကြမည်ဟု ဆိုသည်။


သို့သော် အစိုးရ၏ အဓိကဝန်ကြီးဌာနများဖြစ်သော သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လွှတ်တော်တို့မှာမူ ဆိုးလ်မြို့တော်တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ စီဂျုံမြို့တော်သစ်သည် လက်ရှိမြို့တော် ဆိုးလ်မြို့၏ တောင်ဘက် ၇၅ မိုင်အကွာတွင် တည်ရှိပြီး တနင်္လာနေ့ (ဇူလိုင် ၂ ရက်) တွင် တောင်ကိုရီးယားဝန်ကြီးချုပ် ကမ်ဟွမ်ဆစ်ခ် ဦးဆောင်၍ အခမ်းအနားဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။ စီဂျုံဟူသည့် အမည်မှာ ကိုရီးယားအက္ခရာစာလုံးများကို တီထွင်ခဲ့သော ၁၅ ရာစုနှစ်က ကိုရီးယားဘုရင်၏ အမည်ဖြစ်သည်။

Ref: Planet Myanmar Network:

0 comments:

Post a Comment