Pages

Saturday, June 9, 2012

မသီတာထွေးအား မုဒိမ်းကျင့်၊သတ်ဖြတ်၊လုယက်မှုပြုလုပ်သူ တရားခံ ၃ဦး အား စစ်ဆေး

  ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ မှ မသီတာထွေးအား မုဒိမ်းကျင့်၊သတ်ဖြတ်၊လုယက်မှုပြ
ုလုပ်သူ တရားခံ ၃ဦး အား ကျောက်နီမော်ရဲစခန်းမှ (ပ) ၂၃/၂၀၁၂၊ပြစ်မှုပုဒ်မ ၃၀၂/၃၇၆/၃၉၂ ဖြင့် ဇွန် ၈ ရက် နံနက် ၉နာရီခန့်တွင် ကျောက်ဖြူခရိုင်တရားရုံးသို့တရားစွဲဆိုရာ ခရိုင်တရားရုံးမှ ရာကြီးအမှတ် ၁၄/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ မီဒီယာများတွင် ထုတ်ပြန်လိုက်သည်။

ထိုသို့ တရားစွဲဆိုရာတွင် ''တရားခံများက ခုခံချေပရန်ရှေ့နေမငှားလိုကြောင်း လျှောက်ထားသော်လည်း ခရိုင်တရားရုံးအနေဖြင့် တရားမျှတမှုရှိစေရန် တရားရုံးလုပ်ထုံးလုပ်နည်းအရ အစိုးရရှေ့နေတစ်ဦးအား စီစဉ်ပေးကြောင်း၊အမှုစစ်ဆေးရန်ရုံးချိန်းကို ဇွန် ၁၁ရက် သို့ပြောင်းရွှေ့ပြီး ယနေ့နံနက် ၉နာရီ၄၀မိနစ်တွင် တရားရုံးလုပ်ငန်းများပြီးဆုံးကြောင်း" ကျောက်ဖြူမြို့ခရိုင်တရားရုံးမှဝန်ထမ်းတစ်ဦးကပြောသည်။

ထို့ပြင်တရားရုံးထုတ်စစ်ဆေးချိန်တွင်ရပ်ရွာပြည်သူလူထု ၁၀၀ ကျော်ခန့် တက်ရောက်နားထောင်ကြပြီး တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ အေးချမ်းစွာတရားရုံးမှပြန်လည်ထွက်ခွာသွားကြကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွှာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးသည် လွန်ခဲ့သော မေလ ၂၈ရက်နေ့က ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ အစ္စလာမ်ဘာသာဝင် သုံးဦးက မုဒီမ်းကျင့်၊ ပစ္စည်းများ လုယူ၊ သတ်ဖြတ်ခံခဲ့ရသည်။

The Voice Weekly

0 comments:

Post a Comment