Pages

Tuesday, June 5, 2012

ဆူးလေတွင် မွတ်စလင်လူမျိုး(၂၀)ကျော် ဆန္ဒထုတ်ဖော်

ဆူးလေတွင် မွတ်စလင်လူမျိုး(၂၀)ကျော် ဆန္ဒထုတ်ဖော်




ဆူးလေရှိ ဘန်ဂါလီစွန္တွီဂျာမေဗလီဝတ်ပြုကျောင်းရှေ့တွင် ယနေ့ ဇွန်လ(၅)ရက်နေ့နေ့လည်ပိုင်းမှစ၍  

 မွတ်စလင်လူမျိုး(၂၀)၀န်းကျင်ကတောင်ကုတ်မြို့တွင် သေဆုံးသွားသူများ၏   ဓါတ်ပုံများကိုင်ဆောင်ကာ

ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် တရားဥပဒေစိုးမိုးရေးစာတန်းကိုင်ဆောင်သူများနှင့်   သေဆုံးသူဓါတ်ပုံ 

ကိုင်ဆောင် သူများက အစိုးရအနေဖြင့်ထိရောက်စွာအရေးယူပေးရန်   တောင်းဆိုမှုများရှိကြောင်းကိုလည်း

 သိရသည်။


အဆိုပါဆန္ဒထုတ်ဖော်သည့်နေရာသို့(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်  တစ်ဦးဖြစ်သူ ကိုမြအေး 

မှနေ့လည်  ပိုင်းတွင် သွားရောက်ဖြန်ဖြေပေးခဲ့ကြောင်းကိုလည်း သိရှိရသသည်။



ကြေမုံသတင်းစာတွင် မွတ်ဆလင်ကုလားဟု ဖော်ပြရေးသားထားသည့်အပေါ်တွင်လည်းဆန္ဒပြသူ များက

 ကျေနပ်မှု  မရှိကြောင်းကိုလည်း ဆန္ဒထုတ်ဖော်သူများ၏ပြောဆိုမှုများအရ   သိရှိရသည်။

ညနေ (၃း၃၀)၀န်းကျင်တွင် ဆန္ဒပြသူများနှင့် စောင့်ကြည့်သူ လူဦးရေ(၄၀)၀န်းကျင်ကျန်ရှိပြီး၊ 

ဆန္ဒပြသူများနှင့် လာရောက်ကြည့်ရှု့သူအချို့နှင့်စကားပဋိပက္ခအနည်းငယ်ဖြစ်ပွား

ခဲ့ပြီးရုန်းရင်းဆန်ခတ်မှုများလည်း   ဖြစ်နေကြောင်း ဆူးလေသို့ရောက်ရှိနေသည်

့မြစ်မခသတင်းထောက်က&nb3p; သတင်းပေးပို့ထားသည်။


“လူတယောက်က ကားခေါင်မိုးပေါ်တက်ပြီး၊ ဒီလုပ်ဆန္ဒထုတ်ဖော်မှုမျိုးတွေမလုပ်ဖို့   တားမြစ်ရာကနေ

 ရှုန်းရင်းဆန်ခတ်စဖြစ်တာ၊ ကျွန်တော်တို့တောင်ထွက်ပြေးရတယ်”ဟု   ဆူးလေသို့ရောက်ရှိနေသူ မျက်မြင်

 သက်သေတစ်ဦးက ဆိုသည်။


ညနေ(၃း၄၅)မိနစ်ဝန်းကျင်တ��င် အဆိုပါနေရာသို့ ရဲများရောက်ရှိလာပြီးလူစုခွဲသဖြင့် 

လူစုကွဲသွားကြောင်း ကိုလည်း သိရှိရသည်။


 မြစ်မခ မီဒီယာ

0 comments:

Post a Comment