Pages

Wednesday, June 6, 2012

နှစ် ၃ဝ ထည့်ဝင်ကြေးဖြင့် အိမ်တစ်လုံးပိုင်ဆိုင်မည့် အစီအစဉ် မကြာမီ စတင်မည်



အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ်
လူမှုဖူလုံရေးတွင် ဆက်တိုက်ထည့်ဝင်ကြေးပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။''၁၅ နှစ်ဆက်တိုက် ထည့် ဝင်ကြေးပေး သွင်းရင် အိမ်ခန်းတစ် ခန်းမှာ နေထိုင်နိုင်မယ်။ နောက်ထပ် ၁၅ နှစ် ထပ်သွင်းရင် ဒီအိမ်ခန်းကို ပိုင်ဆိုင်နိုင်မယ်'' ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။


၁၉၅၄ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ရေးဆွဲပေးခဲ့သော လူမှုဖူလုံရေး အက်ဥပဒေအား ပြန်လည်ပြင် ဆင် ကာလွှတ်တော်တွင်း ဆွေးနွေးနေပြီး အတည် ပြုပါက အထက်ပါ စနစ်မှာ အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။လက်ရှိနိုင်ငံ၌ အိမ်ရာဈေးနှု န်း၊ မြေဈေးနှုန်းများ ဆက်တိုက် မြင့် တက်နေမှုကြောင့် အလုပ်သမား များ လက်လှမ်းမမီနိုင်သော အနေ အထားမျိုးတွင်ရှိနေကြောင်း၊ ပြဋ္ဌာန်း ရန် အစီအစဉ်ရှိနေသည့် ဥပဒေက ဖြစ်မြောက်အောင် အကောင်အ ထည် ဖော်သင့်ကြောင်း ဆွေးနွေးပွဲတက် ရောက်ခဲ့သူတစ်ဦးက ထောက်ပြ သည်။

''ဥပဒေကတော့ ရှိနေတာပဲ။ အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ တကယ်လုပ်ပေးမယ်ဆိုရင် ဒါက အလုပ်သမားတွေ ကြိုဆိုကြမယ့် ကိစ္စပါပဲ'' ဟု ၄င်းက ပြောသည်။

ပြည်ဝန်ကြီး ဦးအောင်ကြည်က ယခင်က ပြဋ္ဌာန်း ခဲ့သည့် လူမှုဖူလုံရေးဥပဒေမှာ အား နည်းချက်များ၊ အမှားများ ရှိနေ ကြောင်း၊ ထိုအမှားများကို သိထား သည့်အတွက် နိုင်ငံတကာ စံညွှန်း နှင့်အညီ ကောင်းမွန်အောင် ပြင် ဆင်ထားခြင်း ဖြစ်ပြီး နိုင်ငံတော်မှ ပံ့ပိုးပေးမည့် အတိုင်းအတာများ လည်း ပါဝင်ကြောင်း ၄င်းက ထပ် လောင်းပြောသည်။ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌဦးယု လွင်အောင်က ''လူမှုဖူလုံရေးက အိမ်ရာစီမံကိန်း ရန်ပုံငွေဆိုပြီး ထူ ထောင်မယ်။ အဖွဲ့ဝင်သူက ၁၅ နှစ်ဆက်တိုက်ထည့်ဝင်လို့ အိမ်ရာ တန်ဖိုးရဲ့တစ်ဝက်ေ လာက်ရပြီဆိုရင် ကျန် ၅ဝ ရာခိုင်နှုန်းကို ဘဏ်က ငွေချေးနိုင်ဖို့ ထောက် ခံပေးလိုက် မယ်''ဟု ပြောသည်။

ဥပဒေအသက်ဝင်ပါက အိမ် ရာစီမံကိန်းရန်ပုံငွေ ထူထောင်မည် ဖြစ်ပြီး အလုပ်သမား အများစု ရှိ သောနေရာ၊ အလုပ်သမားများ အဆိုပြုသောနေရာတို့တွင် အိမ် ရာများဆောက်လုပ်ပေးမည်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ ကြမ်းအရ လူမှုဖူလုံရေး အိမ်ရာစီမံ ကိန်းရန်ပုံငွေအတွက် အလုပ်သမား လစာ၏ ၂ဝ ရာခိုင်နှုန်းကို ထည့် ဝင်ရမည်ဟုသိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment