Pages

Friday, July 3, 2015

“အာရှလမ်းမကြီးပေါ်တွင် တပ်နှင့်ဒီကေဘီအေတို့ တိုက်ပွဲဖြစ်’’

RangonNewsDaily:: July . 2 .2015
အာရှလမ်းမကြီး၏ မြဝတီနှင့်ကော့ကရိတ်မြို့ကြားလမ်းပိုင်းတွင် ယနေ့ (ဇူလိုင်၂ရက်) နံနက် ၆ နာရီခန့်မှ စတင်ကာ အစိုးရတပ်မတော်နှင့် ဒီကေဘီအေအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ 
အာရှလမ်းမကြီး၏ မြ၀တီနှင့် ကော့ကရိတ်မြို့ကြားလမ်းပိုင်းရှိ တတန်ကူးဂိတ်အနီးတွင် ကော့ကရိတ်အခြေစိုက် ခမရ ၂၃၁ နှင့် ဒီကေဘီအေလက်အောက်ခံ၊ နားမကြားအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒီကေဘီအေ ကလို့ထူးဘောစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။ 
::
တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းမှာ ဇူလိုင် ၂၃ ရက်နေ့တွင် အာရှလမ်းမကြီး မြ၀တီ-ကော့ကရိတ်လမ်းပိုင်းကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ခရီးစဉ်ရှိနေ၍ ယင်းလမ်းပိုင်းပေါ်ရှိ လက်ကိုင်အဖွဲ့များအား ဖယ်ရှားပေးရန် အစိုးရတပ်မတော်က တောင်းဆိုခြင်းကြောင့်ဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များကပြောသည်။ 
::
တိုက်ပွဲဖြစ်နေသည့်နေရာနှင့် အနီးဆုံးတွင် ရှိနေသော ကော့နွဲ့ရွာကို ရောက်နေသည့် ကော့ကရိတ်ဒေသခံတစ်ဦးကမူ နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်နေသည်ဟု ယနေ့နံနက် ကိုးနာရီကျော်ကပြောသည်။ " အခုကျွန်တော် ကော့နွှဲ့ရွာကို ရောက်နေတာ။ လက်နက်ကြီးရော လက်နက်လေးရော ပစ်နေကြတယ်။ ကားတွေလည်း ပိတ်ထားတယ်" ဟု ပြောသည်။
7Day News ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment