Pages

Friday, July 3, 2015

အဖော်အချွတ်ဓါတ်ပုံ ၀ါသနာရှင် နန်းမြင့်မိုရ် ဓါတ်ပုံတပုံကြောင့် ရတက်မအေး ဖြစ်နေရ


RangonNewsDaily:: July . 2 .2015
အနုပညာလောကထဲသို့ဝင်ရောက်ခဲ့သည်မှာ လေးနှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး MTV များ ရိုက်ကူးလျှက်ရှိသူ မော်ဒယ်လ်မလေး နန်းမြင့်မိုရ်က သူမ၏အဓိက ၀ါသနာမှာ Sexy Phot မော်ဒယ် ဖြစ်သည်ဟု ဆိုသည်။
သို့သော် သူမ သည် လျှပ်တစ်ပြက် ဂျာနယ် (အတွဲ ၅ အမှတ် ၃၉ ) တွင် ဖော်ပြခဲ့သည့် “နန်းမြင့်မိုရ် အဆိုတော်လုပ်သည် သီချင်းဆိုသည်”ဆိုသော သတင်းတွင် ဖော်ပြပါရှိသော ဒါရိုက်တာ ရဲမြင့်လွင်နှင့် လက်ချင်းချိတ်လျက် ဓါတ်ပုံကြောင့် ရတက်မအေး ဖြစ်နေရကြောင်း အခုလို ပြောပြခဲ့ပါတယ်။

“အဲဒီ ဓါတ်ပုံကိစ္စနဲ့ပတ်သတ်ပြီးတော့ နန်းမြင့်မိုရ်နဲ့ ဒါရိုက်တာ ဆရာ ရဲမြင့်လွင်တို့က ဘာမှ မဆိုင်ပါဘူး။ ဆရာတပည့် သဘောတရားပဲရှိပါတယ်။ အဲဒီ ဓါတ်ပုံကြောင့် နန်းပရိတ်သတ်တွေ နန်းကို အချစ်လျော့သွားမှာတို့၊ တမျိုးထင်မှာတွေ အရမ်းစိုးရိမ်လို့ပေါ့နော်။ အဲဒါကြောင့် နန်းက ဖြေရှင်းပြတာပါ။ ပုံတွေအများကြီးပေးခဲ့တဲ့အထဲက အဲ့ဒီပုံကို ရွေးသုံးခဲ့တဲ့ အတွက်ပါ။ နန်းမြင့်မိုရ်နဲ့ ဆရာ ရဲမြင့်လွင်နဲ့ ဘာမှမဆိုင်ပါဘူး။”ဟု သူမက ပြောသည်။


“အခု MTV ရိုက်ဖြစ်တယ်။ Sexy ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ အခုလောလောဆယ်မှာ သီးချင်းစီးရီး အခွေးထုတ်ဖို့လည်း လုပ်နေပါတယ်။ ပိုရိုမိုးရှင်း ပွဲတွေအတွက်လည်း သီချင်းလိုက်ဆိုးပေးပါတယ်။ အနုပညာ နဲ့ပတ်သတ်ပြီးတော့ အရာရာတိုင်းမှာတော့ ဘက်စုံတော် အောင်ကြိုးစားနေတယ်။ 

အဓိက ကတော့ sexy မော်ဒယ် ကိုတော့ အရမ်းဝါသနာ ကြီးပါတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ အခု အရှေ့က ကိုယ့်ရဲ့အစ်မတွေကိုလည်း အရမ်းအားကျတယ်။ လက်ရှိမှာ သူတို့လောက်မလုပ်ရဲသေးပေမယ့်လဲ နောက်တော့ တဖြည်းဖြည်း ဖြစ်လာမှာပေါ့နော်။ တဖြည်းဖြည်းတော့ အချိန်ယူပြီးပြသသွားမှာပါ။ နန်းကိုအားပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။”
News Watch(စောင့်ကြည့်သတင်းဂျာနယ်), KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment