Pages

Tuesday, January 27, 2015

တတိယတန်းကျောင်းသား တစ်ဦး ကစားရာမှ ဆွဲကြိုးချသကဲ့သို့ဖြစ်ပြီး သေဆုံး

RangonNewsDaily:: January . 27 .2015
သဲကုန်းမြို့နယ်၊ ပွေးယား ရွာ၌ တတိယတန်းကျောင်းသား တစ်ဦးသည် ဇန်န၀ါရီ ၂၅ ရက် ညနေတွင် ဆော့ကစားရာမှ လည်ပင်းကြိုးကွင်းပစ်စွပ်မိကာ ဆွဲကြိုးချသကဲ့သို့ဖြစ်ပြီး သေဆုံးသွား ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

ပွေးယားရွာ အ.မ.က တွင်ပညာသင်ကြားနေသော အသက် (၉) နှစ်အရွယ်ကျောင်းသား မောင်ဝေသူကျော်သည် ရွာထိပ်ဘုန်းကြီး ကျောင်းဘေး မန်ကျည်းပင်အနီး၌ တစ်ဦးတည်းဆော့ကစား နေခဲ့သည်ဟု ဆိုသည်။ ညနေ ၄ နာရီခန့်တွင် မန်ကျည်းပင်အမြင့် ရှစ်ပေခန့်မှ မန်ကျည်းကိုင်း၌ ချီ ထားသော လက်သန်းလုံးခန့်ရှိ နိုင်လွန်ကြိုးဖြင့် လည်ပင်းတွင် ကြိုးကွင်းစွပ်မိကာ ပြင်ပဒဏ်ရာမရှိ သေဆုံးသွားကြောင်းသိရသည်။

‘‘ကလေး တစ်ဦးတည်း ဆော့နေရင်း မန်ကျည်းပင်မှာ ဒန်းစီးဖို့ လုပ်ထားတဲ့ ကြိုးကိုတွဲလောင်းခို ကစားတယ်။ လည်ပင်းကို ရစ်ပတ်ကစားမိပြီး ဆွဲကြိုးချသလို ဖြစ်သွားတာမျိုးပါ။ သဲကုန်းရဲစခန်းမှာ သေမှုသေခင်းနဲ့ဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စုံစမ်းနေပါတယ်’’ ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ဇန်န၀ါရီလအတွင်း ပြည် ခရိုင်၌ တတိယတန်းကျောင်းသား ဆွဲကြိုးချသေဆုံးမှုအပါအ၀င် သေမှုသေခင်းဖွင့်၍ စစ်ဆေးဆောင်ရွက်နေသော အမှုကိုးမှုရှိ ပြီဖြစ်ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time