Pages

Friday, May 2, 2014

သာကေတအ၀ိုင်းပတ်အတွင်း ယာဉ် (၄)စီးဆင့်ကဲတိုက်မှုဖြစ်ကာ ယာဉ်မောင်း (၁)ဦးဒဏ်ရာရ


RangonNewsDaily: May . 2 .2014
၁.၅.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန် သာကေတမြို့နယ်၊ သန်လျင်တံတားချဉ်းကပ်လမ်းအတိုင်း သန်လျင်တံတားဘက်မှ သာကေတ
အ၀ိုင်းဘက်သို့ ယာဉ်မောင်း အောင်ကျော်သူ (၃၉)နှစ်၊ (ဘ)ဦးထွန်းဝေ၊ (၁၃)ရပ်ကွက်၊ရွှေပေါက္ကံ၊ မြောက်ဥက္ကလာပမြို့နယ်နေ
သူမောင်းနှင်လာသော ၂ဂ---၊ NISSAN DIESEL ၀ါ/စိမ်းရောင်၊ ဘိလပ်မြေဖျော်သည့်ယာဉ်သည် သာကေတအ၀ိုင်းအရောက် အ၀ိုင်းပတ်ယာဉ်ကြောအတွင်းသို့ဝင်စဉ်
အ၀ိုင်းပတ်အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ယာဉ်မောင်းဦးတင်ရှိန် (၅၂)နှစ်မောင်းနှင်နေသော 2B---မီနီဘတ်၊ မထသ
-၃၅ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်ကို ၀င်ရောက်တိုက်မိခဲ့ရာ မီနီဘတ်စ်ယာဉ်မှာ တိုက်ခံရသည့်အရှိန်ကြောင့် ၎င်း၏ရှေ့၌ 
ဦးနေ၀င်း မောင်းနှင်နေသော ခခ/--- ဗင် အဖြူရောင်အငှားယာဉ်နှင့် ဦးအေးနိုင် မောင်းနှင်နေသော BB---- ကယ်လ်ဒီနား အဖြူရောင် အငှားယာဉ်များကို ဆက်လက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ် (၄)စီးပျက်စီးခဲ့ကာ မီနီဘတ်ခရီးသည်တင်ယာဉ်မောင်း ဦးတင်ရှိန်တွင် ယာပုခုံး
ဖူးရောင်နာ
ကျင်ဒဏ်ရာရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်ကျော်သူအား သာကေတနယ်မြေရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။



KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment