Pages

Saturday, May 10, 2014

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် မိုးကြိုးပစ်၍ လူနှစ်ဦးသေဆုံး

RangonNewsDaily: May . 10 .2014
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် မိုးကြိုးပစ်၍ လူနှစ်ဦးသေဆုံးမှု မေလ၈ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။သေဆုံးသူများမှာအသက် ၅၀ ကျော်အရွယ် နှလုံးရောဂါအခံရှိသည့် အမျိုး
သားတစ်ဦးနှင့် အသက် ၂၀ကျော် အရွယ်အမျိုးသားတစ်ဦးတို့ဖြစ်သည်။
မေလ ၈ ရက် ညနေ ၃ နာရီခွဲက သန်လျင်မြို့နယ်၊ သဲဖြူကျောင်းကျေးရွာ၊ (၁၅)ပေ ရပ်ကွက်သစ်တွင် နေထိုင်သော နှလုံးရောဂါအခံရှိသည့် ဦးလှထွန်းသည် လေပြင်းများတိုက်ခတ်၍ မိုးရွာစဉ် မိုးကြိုးပစ်သံကြားကာ ရုတ်တရက်နှလုံး
ခုန်ရပ် သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းကဆိုသည်။

ထိုနေ့ ညနေ ၄ နာရီကပင် သန်လျင်မြို့နယ်၊ ရုံးသပြေကန်ကျေးရွာ၊ မင်္ဂလွန်းတောင်ကွင်း၊ ကွင်းအမှတ်(၇၁၅) တွင် လယ်

သူရင်းဌားလုပ်ကိုင်သူ မောင်လွင်(ခ)ကော်လူးပါး(၂၃) နှစ်သည် မိုးရွာနေသဖြင့် လယ်တဲအတွင်းဝင်ထိုင်နေစဉ် မိုးကြိုး
ထိမှန်ကာ ရင်ဘတ်တွင် ဒဏ်ရာနှစ်ချက်ရရှိခဲ့ပြီး သေဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်များအား သန်လျင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်များဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment