Pages

Wednesday, January 9, 2013

Sony ရဲ့  ရေစိုခံ Android စမတ်ဖုန်း Xperia Z

Sony ရဲ့  ရေစိုခံ Android စမတ်ဖုန်း Xperia Z

09 JANUARY 2013  

Sony ရဲ့  ရေစုံခံ ဖုန်း ဖြစ်တဲ့ Xperia Z ကို အီလက်ထရောနစ်ရှိုး CES မှာ ဝင်ရောက်သော ပြသမှာ ဖြစ်ပါတယ်။ ရေစုံအကြမ်းခံ တဲ့အတွက် တော်တော် များများ စိတ်ဝင်စားနေကြပါတယ်။ သူ့ရဲ့  အသေးစိတ် အချက်အလက်ကို Sony မှ အောက်ပါအတိုင်း ကြေညာ ထားပါတယ်။
အရွယ်အစား နှင့် အလေးချိန်
၅.၅ လက်မ အရှည်၊ ၂.၈ လက်မ အကျယ်၊ ၀.၃၁ လက် အထူ ရှိပါတယ်။ 
Dimensions     
Operating system
Android 4.1 Jelly Bean ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Jelly Bean 4.2 ကို upgrade လုပ်ဖို့ စီစဉ်ပေးထားပါတယ်။
CPU
 1.5 GHz quad-core Krait အမျိုးအစား ဖြစ်ပြီး chipset ကတော့ Chipset     Qualcomm MDM9215M / APQ8064 ကို အသုံးပြုမှာ ဖြစ်ပါတယ်။
မှတ်ဥာဏ်နှင့် သိမ်းဆည်းမှု
Memory က 2 GB RAM ရှိပြီး Storage က 16 GB ပုံသေပါပြီး ထပ်လည်း တိုးလို့ ရပါသေးတယ်။
ဘက်ထရီ
2,330 mAH ရှိပြီး Talk time က 2G မှာ ၁၁ နာရီ၊ 3G မှာ ၁၄ နာရီ ရှိပါတယ်။ သီချင်းနားထောင်ရင် နာရီ ၄၀ ခံတယ် ဆိုတော့ တော်တော်ကောင်းတဲ့ ဘက်ထရီလို့ ဆိုရပါမယ်။
Stand-by     Up to 550 h (2G) / Up to 530 h (3G)
Talk time     Up to 11 h (2G) / Up to 14 h (3G)
Music play     Up to 40 h
မျက်နှာပြင်
၅ လက်မ TFT capacitive touchscreen ကို အသုံးပြုပြီး 1080 x 1920 pixels လောက်အထိ size ရှိပါတယ်။  441 ppi pixel density ဆိုတော့ တော်တော်လေးကို ရုပ်ထွက်ကောင်းတဲ့ မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ 
Display     
ကင်မရာ
နောက်ကျောမှာ 13.1 megapixel ရှိပါတယ်။ LED Flash ပါ၊ autofocus ပါ ပြီး ဖြစ်ပါတယ်။ ရုပ်ထွက်ကြည်လင်မှုကတော့  4128x3096 pixels ဆိုတော့ အဆင့်မြင့် ဒီဂျာစ်တယ် ကင်မရာ တစ်လုံးလိုပါပဲ။ ရှေ့ ကင်မရာ ကတော့ video calling အတွက် 2.2 megapixel ရှိပါတယ်။
Connectivity
GPS,Micro USB 2.0,Bluetooth,NFC,Wi-Fi အားလုံး ပါဝင်ပါတယ်။
ဈေးနှုန်း
အမေရိကန်ဒေါ်လာ ၈၅၀ ဝန်းကျင်လောက် သွားကျပါတယ်။ ဒါကြေင့် မြန်မာပြည်ရောက်ရင်တောင် ၈ သိန်းကျော်ပေါက်ဈေးရှိမယ့် ဖုန်း ဖြစ်ပါတယ်။
အဓိကက ရေစိုခံတဲ့ အပြင်ဘော်ဒီက ကောင်းသွားလို့ ဖြစ် ပါတယ်။ အကြမ်းလည်း ခံပါတယ်။ touchscreen ကနေလည်း ရေမဝင် နိုင်ဘူးလို့ ဆိုပါတယ်။ CES မှာ ပြသပြီး ဖေဖော်ဝါရီလလယ်မှ စတင် ဈေးကွက် ဖြန့် ချိ တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: Sony

အေးချမ်းမွန်မှ    ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Sony ရဲ့  ရေစုံခံ ဖုန်း ဖြစ်တဲ့ Xperia Z ကို အီလက်ထရောနစ်ရှိုး CES မှာ ဝင်ရောက်သော ပြသမှာ ဖြစ်ပါ
တယ်။ ရေစုံအကြမ်းခံ တဲ့အတွက် တော်တော် များများ စိတ်ဝင်စားနေကြပါတယ်။ သူ့ရဲ့  အသေးစိတ် အ
ချက်အလက်ကို Sony မှ အောက်ပါအတိုင်း ကြေညာ ထားပါတယ်။

ကမ္ဘောဇဘဏ်မှငွေကျပ် သိန်း ၆၀၀ ကျော်အား ထုတ်ယူပြီး အငှားယာဉ်ဖြင့်ပြန်သွားစဉ်ယာဉ်မောင်းမှမောင်းနှင် ထွက်ပြေးမှု ဖြစ်ပွား

မုံရွာမြို့ မုံရွာတောင်ရပ်ကွက်နေ သလ္လာမွန်ပွဲရုံမှ ရန်ကုန်သို့ သွားရောက်ပြီး ဖွင့်လှစိထားသော  သလ္လာမွန်ပဲကုမ္မဏီမှ ကမ္ဘောဇဘဏ်တွင်ငွေထုတ်ရာမှ အငှားယာဉ်မောင်းကငွေယူပြီး မောင်းနှင်ထွက်ပြေးသည့် သတင်း။
------------------------------------------------------------------------------


ကမ္ဘောဇဘဏ်မှငွေကျပ် သိန်း ၆၀၀ ကျော်အား ထုတ်ယူပြီး အငှားယာဉ်ဖြင့်ပြန်သွားစဉ်ယာဉ်မောင်းမှမောင်းနှင် ထွက်ပြေးမှု ဖြစ်ပွား

ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၆၀၀
ကျော်အား ထုတ်ယူပြီး အငှားယာဉ်ဖြင့်ပြန်
လာခဲ့စဉ် လမ်းခုလတ်၌ ယာဉ်မောင်းမှမောင်းနှင်
ထွက်ပြေးမှုတစ်ရပ် ကမာရွတ်မြို့နယ်တွင်
ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ကိုအောင်ဇေယျ (၂၅) နှစ် ပဲကုမ္ပဏီကိုယ်စားလှယ်နှင့် သူငယ်ချင်းဖြစ်သူ နှင်းမောင်မောင် ပဲကုမ္ပဏီဝန်ထမ်းတို့သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်မှ စမ်းချောင်းမြို့နယ်တွင်
ဖွင့်လှစ်ထားသော သလ္လာမွန် ပဲကုမ္ပဏီပိုင်ငွေကျပ် သိန်း ၆၀၀ ကျော်အား ထုတ်ယူခဲ့ကြောင်း
သိရသည်။
ထို့ပြင် ဘဏ်အနီးမှ အ၀ါရောင် (နံပါတ်မမှတ်မိ) အငှားယာဉ်အား ကျပ် ၂၀၀၀ ဖြင့် ငှားရမ်း၍ ပြည်လမ်းအတိုင်း မောင်းနှင်လာခဲ့ရာ စိုက်ပျိုးရေး
ကားမှတ်တိုင်ကျော် အရောက်တွင် ကားပျက်သွားခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် ကားပေါ်ပါလာသူ ကိုအောင်ဇေယျတို့နှစ်ဦးမှ ကားအား
တွန်းပေးစဉ် စက်နိုးသွားပြီး ယာဉ်မောင်းမှ ကားအားမောင်းနှင်
ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပဲကုမ္ပဏီအား သွားရောက်မေးမြန်းရာ "ကိုအောင်ဇေယျနဲ့ ကိုနှင်းမောင်မောင်တို့နှစ်ယောက်က အဲဒီဖြစ်စဉ်ဖြစ်ကတည်းက ကုမ္ပဏီကို မလာတော့ဘူး။
ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ လိုက်လံဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။

အဆိုဖြစ်စဉ်ကို ကမာရွတ်ရဲစခန်းမှ (ပ) ၈/၂၀၁၃၊ ပုဒ်မ-၃၇၉ ဖြင့် အမှုဖွင့်ပြီး အမှု
စစ်မှကျူးလွန်သွားသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ကျူးလွန်သွားတဲ့သူကို ဖြစ်စဉ်ဖြစ်သွားတဲ့အချိန်ကစပြီးတော့
အဲဒီပဲကိုယ်စားလှယ်ရယ် သူ့သူငယ်ချင်းနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့သူကို လိုက်လံစုံစမ်းစစ်ဆေးနေတုန်းပါဘဲ။ အခုထိတော့ မမိသေးပါဘူး" ဟု ကမာရွတ်မြို့နယ်
ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးနိုင်ရန်အတွက် တိုင်းအဆင့်
စုံစမ်းဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Eleven Media Group မှ ကူးယူဖော်ပြထားပါသည်။

ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၆၀၀ကျော်အား ထုတ်ယူပြီး အငှားယာဉ်ဖြင့်ပြန်လာခဲ့စဉ် လမ်းခုလတ်၌ 
ယာဉ်မောင်းမှမောင်းနှင်ထွက်ပြေးမှုတစ်ရပ် ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စွန့်ပစ်ခံရသော ကြောင်ကို မျောက်က မွေးစား

စွန့်ပစ်ခံရသော ကြောင်ကို မျောက်က မွေးစား

Macaque လို့ခေါ်တဲ့ အမြီးရှည် မျောက်မျိုးမှ အစွန့်ပစ်ခံရတဲ့ ကြောင် တစ်ကောင်ကို ယခုလို ထွေးပွေ့ထားတာ တွေ့ရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ၊ Bali ပြည်နယ်က တောတစ်နေရာမှာ ဖြစ်ပြီး Macaque မျောက်အပြင် အခြားတောရိုင်းတိရစ္ဆာန်များ ကျက်စားနေ တဲ့ နေရာ ဖြစ်ပါတယ်။ သခင် စွန့်ပစ်လို့ လျှောက်သွား ရင်း တောထဲ ရောက် သွားတယ်လို့ ယူဆရသော ကြောင်တစ်ကောင် ကို အမြီးရှည် မျောက် ငယ်လေးက ယခုလို ခေါ်ယူမွေးစားထားတာကို အံ့သြဖွယ် တွေ့ ရှိခဲ့ပါတယ်။ 

လာရောက်လည်ပတ်သူတို့ ဓာတ်ပုံရိုက်တာကို သဘောကျတဲ့ ပုံမပေါ်ပဲ ပွေ့ ထားတဲ့ကြောင်ကို ကာဗာပေးပါတယ်။ မျိုးမတူပေမယ့် ကြောင်အပေါ် သားသမီးလို သံယောဇဉ်ရှိပြီး မွေးစားလိုက်တဲ့ သူတို့ရဲ့  ချစ်စဖွယ် အမူအရာ ဓာတ်ပုံများကို ယခုလို ရိုက်ကူးထားကြပါတယ်။ 
--
Ref:NGC
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_8420.html



--

Macaque လို့ခေါ်တဲ့ အမြီးရှည် မျောက်မျိုးမှ အစွန့်ပစ်ခံရတဲ့ ကြောင် တစ်ကောင်ကို ယခုလို ထွေးပွေ့ထား
တာ တွေ့ရပါတယ်။

မြင်ကွင်းကျယ်တွေကို ဓါတ်ပုံရိုက်မယ့် Panorama v1.4.0.120815(For Android)

မြင်ကွင်းကျယ်တွေကို ဓါတ်ပုံရိုက်မယ့် Panorama v1.4.0.120815(For Android)
>>>>>>>>>>><<<<<<<<<<<<<
ဒီရက်ပိုင်း ကျွန်တော့်ရဲ့ Post တွေကျဲနေတဲ့ အတွက်..Readers အပေါင်းကို တောင်းပန်ပါတယ်ခင်ဗျာ..Tutorial တွေလည်း ဆက်နေလို့ပါ..
မအားတဲ့ကြားကပဲ Application တစ်ခုကို တင်ပေးလိုက်ပါတယ်.......

ဒီ apk ကတော့ ..သာမာန်ထက်ပိုတဲ့ မြင်ကွင်းကျယ်တွေကိုရိုက်ပေးနိုင်ပါတယ်......

အသုံးပြုပုံကလည်း...လွယ်ကူရိုးစင်းတဲ့ အတွက်..ထွေထွေထူးထူးတော့ ရှင်းပြစရာမလိုတော့ပါဘူး...

လိုချင်ရင်တော့ Download လုပ်သွားပါခင်ဗျာ.......  :)

Mediafire >>>>>http://www.mediafire.com/?gf60p81yn7d8keh

Lastbox>>>>>http://www.lastbox.net/7h1z8p7aktlq


@Einstein Kelvin@

ဒီတစ်ခ်မိတ်ဆက်ပေးမှာကတော့ မြင်ကွင်းကျယ်တွေကို ဓါတ်ပုံရိုက်နိုင်မယ့် Panorama v1.4.0.120815(For Android)ဆော့ဝဲလေးပါ။ဒီ apk ကတော့ ..သာမာန်ထက်ပိုတဲ့ မြင်ကွင်းကျယ်တွေကိုရိုက်ပေးနိုင်ပါတယ်......
အသုံးပြုပုံကလည်း...လွယ်ကူရိုးစင်းပါတယ်။

လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့တဲ့ ညှို့မဂ္ဂဇင်းထုတ်ဝေခွင့်ကို ရုတ်သိမ်းခဲ့ပြီး ဂျာနယ်၆စောင်ကိုပါ ခေါ်ယူသတိပေး



လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့သည့် ညှို့မဂ္ဂဇင်းထုတ်ဝေခွင့်ကို ရုတ်သိမ်းခဲ့ပြီး ဂျာနယ်၆စောင်ကို ခေါ်ယူသတိပေး  


ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ လိင်ပညာပေးမဂ္ဂဇင်းအဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်အား ပြန်လည်ရုတ်သိမ်းရန် ဇန်န၀ါရီ၉ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်တွင် ဇန်န၀ါရီလ ၉ရက်နေ့က ဖော်ပြချက်အရ သိရသည်။

အဆိုပါမဂ္ဂဇင်းသည် မူလလျောက်ထားစဉ်က ဖက်ရှင်ဦးစားပေးအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ဖြန့်ချီထုတ်ဝေသောအခါ လိင်ပညာပေးအဖြစ် ထုတ်ဝေလာသည့်အပြင် ဓါတ်ပုံနှင့် အရေးအ သားများမှာလည်း လိင်ကိစ္စကို အသားပေးဖော်ပြပြီး စိတ်ကိုနှိုးဆွရာရောက်စေသည့် ဖော်ပြချက်များဖြင့် ဖြန့်ချီ ထုတ်ဝေခဲ့သည့်အတွက် ပုံနှိပ်သူများ၊ထုတ်ဝေသူများ၊မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့မှ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်ကို ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းမဂ္ဂဇင်းအပြင် မူလလျောက်ထားစဉ်က ခွင့်ပြုချက်နှင့် မသက်ဆိုင်သော အခြားသတင်းများကို ထည့်သွင်းဖော်ပြ ထုတ်ဝေနေသည့် ကြော်ငြာကမ္ဘာ ဂျာနယ်၊ မြနန္ဒာ ဂျာနယ်၊သွေးသစ် ဂျာနယ်၊ Media One ဂျာနယ်၊ The Farmer ဂျာနယ်၊ High Speed Car ဂျာနယ်များမှာလည်း ခေါ်ယူသတိပေးခြင်း ခံခဲ့ရပြီး တစ်လအတွင်း မူလဘာသာရပ် လမ်းကြောင်းအမှန်အတိုင်း ထုတ်ဝေသွားရန့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဖက်ရှင်ဦးစားပေးအဖြစ် လျောက်ထားခဲ့သော ညှို့မဂ္ဂဇင်းသည် မူလလျောက်ထားသည့် အကြောင်းအရာနှင့် ရာနှုန်းပြည့် ကွဲလွဲ၍ လိင်ပညာပေးမဂ္ဂဇင်းအဖြစ် ထွက်ရှိလာသော ယင်းမဂ္ဂဇင်းအား တည်ဆဲဥပဒေပုဒ်မ(၁၀) အရ ထုတ်ဝေခွင့် မှတ်ပုံတင်သက်သေခံလက်မှတ်ကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာ၂၇ ရက်နေ့တွင် ဖြန့်ချီခဲ့သော ယင်းညှို့မဂ္ဂဇင်း ထွက်ရှိလာခဲ့ပြီးနောက် စာပေလောကသားများနှင့် ပြည်သူလူထုအကြား ဝေဖန်မှုများ ရှိခဲ့သည်ဟုလည်း သိရသည်။

အေးချမ်းမွန်မှ   Eleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ လိင်ပညာပေးမဂ္ဂ
ဇင်းအဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့်မှတ်ပုံတင်သက်သေခံလက်မှတ်အား ပြန်လည်ရုတ်
သိမ်းရန် ဇန်န၀ါရီ၉ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုက်တွင် ဇန်န၀ါရီလ ၉ရက်နေ့က ဖော်ပြချက်အရ သိရသည်။

နိုင်ငံတကာအာကာသစခန်းမှ ကြည့်တဲ့အခါ ထူးခြားအံ့သြဖွယ်ရာကောင်းနေတဲ့ မြန်မာနိုင်ငံ

နိုင်ငံတကာအာကာသစခန်းမှ မြင်ရတဲ့မြင်ကွင်းတွေထဲမှာ ထူးခြားအံ့သြဖွယ်အကောင်းဆုံး  နေရာကတော့ မြန်မာနိုင်ငံပါလို့ ပြောဆိုတဲ့သူကတော့ Tracy ဖြစ်ပါတယ်။ သူမဟာ စခန်းစီကို ၂၄ကြိမ်မြောက် ပို့လွတ်တဲ့အဖွဲ့ထဲလိုက်ပါခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ အာကာသအတွင်းနေထိုင်ခဲ့ပါတယ်။ 

"အာကသထဲ နေထိုင်ခဲ့ရတဲ့အချိန်က ကျမ အိမ်ကို လွမ်းတဲ့အခါတိုင်း ကမ္ဘာ့မြေပြင်ဘက်စီကို လှမ်းမျှော်ကြည့်လေ့ရှိပါတယ်။ စခန်းက ကမ္ဘာကို ၉၃ မိနစ် တပါတ်ကျလှည့်ပါတ်နေတာဆိုတော့ နေ့နဲ့ည တလှည့်စီမြင်နေရတာပေါ့။"

"အဲဒီမြင်ကွင်းတွေထဲမှာ ကျမ ထူးထူးခြားခြား သတိပြုမိတာကတော့ မြန်မာနိုင်ငံပါပဲ။ အရင်က မြန်မာနိုင်ငံဆိုတာ မသိပါဘူး။ ဒီလိုထူးထူးခြားခြား မြင်တွေ့နေရတာတွေကြောင့် ဒီနေရာဟာ ဘယ်အရပ်ဒေသလဲဆိုတာ ရှာဖွေကြည့်တော့မှ မြန်မာနိုင်ငံဆိုတာ သိတာပါ။"

"မြန်မာနိုင်ငံပေါ် ညအချိန်ဖြတ်တဲ့အခါတိုင်း လူနေတဲ့ဒေသတွေရဲ့ လျှပ်စစ်မီးရောင်တွေက တစ်နေရာမှာ လင်းလာလိုက် အခြားတစ်နေရာမှာမှိတ်သွားလိုက်နဲ့ မြင်နေရပါတယ်။ တခြားဒေသနိုင်ငံတွေမှာ မတွေ့ရတဲ့ ထူးခြားတဲ့မြင်ကွင်းလေးပါပဲ။ ကျမ မျက်စိထဲမှာတော့ ပိုးစုန်းကြူးလေးတွေ သစ်ကိုင်းမှာ စုပြုံနားနေသလိုမြင်မိတယ်။"

" မြန်မာနိုင်ငံပေါ်ကနေ ညအချိန်ဖြတ်သန်းတဲ့ အခါတိုင်း အမြဲမြင်နေရတဲ့ လင်းလိုက်မှိတ်လိုက် ပိုးစုန်းကြူးမြင်ကွင်းဟာ ကျမအတွက် မရိုးနိုင်အောင်ဆန်းနေတော့တာပါပဲရှင်။ ဒါကြောင့် "နွေညများရဲ့ ပိုးစုန်းကြူး" ဆိုပြီး နာမည်လေးတောင် ပေးထားမိပါတယ်။"

နိုင်ငံတကာအာကာသစခန်းမှ မြင်ရတဲ့မြင်ကွင်းတွေထဲမှာ ထူးခြားအံ့သြဖွယ်အကောင်းဆုံး နေရာကတော့
မြန်မာနိုင်ငံပါလို့ ပြောဆိုတဲ့သူကတော့ Tracy ဖြစ်ပါတယ်။ သူမဟာ စခန်းစီကို ၂၄ကြိမ်မြောက် ပို့လွတ်တဲ့
အဖွဲ့ထဲလိုက်ပါခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလ ၁၄ ရက်မှစက်တင်ဘာလ၂၅ ရက်အထိ အာကာသအတွင်းနေထိုင်
ခဲ့ပါတယ်။

ကေအိုင်အေ ပြန်လွှဲပေးမည့် တပ်မတော်သားစာရင်းတွင် အရာရှိအဆင့်အရာရှိအဆင့်တစ်ယောက်မျှမပါဝင်

ကေအိုင်အိုထံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော တပ်မတော်သား ၂၇ ဦးအား အစိုးရထံသို့ ပြန်
လည်လွှဲပြောင်း ပေးရးအတွက်၈၈မျိုးဆက်ကျောင်းသားများမှတစ်ဆင့်အမည်စာရင်းပေးပို့လိုက်ကြောင်း
သိရသည်။ဇန်နဝါရီ ၇ ရက်နေ့တွင် Myanmar Peace Center မှ ငြိမ်းချမ်းရေးကျွမ်းကျင် ပညာရှင် ဒေါက်တာ
မင်းဇော်ဦးထံသို့ တပ်သား ၂၇ ဦး၏စာရင်း ရောက်ရှိ ခဲ့ကြောင်း ၄င်းက အတည်ပြုသည်။

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ

အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာယာအမျိုးအစား ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံ၊ University of Cincinnati မှ ကျောင်းသား Ben Zavala  ဦးဆောင်လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ ပြိုင်ကားနဲ့ လမ်းချောမှာ အသုံးပြုဖို့အတွက် အဆင်ပြေ သလို ကျောက်တောင် ၊ကျောက်ခဲ ပေါများတဲ့ လမ်းမှာ လည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ 

ယင်း တာယာ အတွက် အသုံးပြုမ့ယ် ကုန်ကြမ်းကလည်း အဆင်သင့် ရှိတဲ့အတွက် ယနေ့ လက်ရှိ အသုံးပြုနေတဲ့ တာယာတွေနေရာမှာ အစား ထိုးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း လေလည်း ထည့်သွင်းအသုံးပြုစရာ မလိုပါဘူး။ အကြမ်း ခံပြီး ပျော့ပျောင်းသွားအောင် ဓာတုဓာတ်ပေါင်းများရောစပ်လို့ တာယာ ဘီးဖြစ်အောင် တစ်ခါတည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 

အောက်ပါလခ့်မှာ Hankook ရဲ့  Airless တာယာ ဗီဒီယိုကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://youtu.be/7Zu7GVfx6Ng

International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_9.html

--

အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာ
ယာအမျိုးအစား ဖြစ်ပါတယ်။အမေရိကန်နိုင်ငံ၊University of Cincinnati မှ ကျောင်းသား Ben Zavala ဦးဆောင်
လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ ပြိုင်ကားနဲ့လမ်းချောမှာအသုံးပြုဖို့အတွက်အဆင်
ပြေ သလို ကျောက်တောင်၊ကျောက်ခဲ ပေါများတဲ့လမ်းမှာလည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင်မှာ
 ဖြစ်ပါတယ်။

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများအပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများအပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ 	
Wednesday, 09 January 2013 

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များ မြန်မာ့ဆက်သွယ်ရေးမှ ဇန်န၀ါရီလအတွင်း၌ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများပေါ် မူတည်၍ 
One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန်အတွက် ပြင်ဆင်
မှုများပြုလုပ်လာကြောင်း ရန်ကုန်မြို့အတွင်း မိုဘိုင်းအရောင်းဆိုင်များမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်း အရောင်းဆိုင်များအနေဖြင့် ဆိုင်အတွင်း
ပြင်ဆင်မှုများအပြင် ၀ယ်ယူသူများကို ၀န်ဆောင်မှုပေးနိုင်ရန်အတွက်
ပြင်ဆင်ထားလျက်ရှိပြီး  One Stop Service  ဖြင့် ရောင်းချနိုင်ရန် အတွက်ကိုပါ ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

လူကြီးမင်း မိုဘိုင်းအရောင်းဆိုင်မှ မန်နေဂျာ ဦးကိုကိုအောင်က ''ဆက်သွယ်ရေးဖုန်းတွေ ဈေးလျော့ပေးမယ် ဆိုတာတော့ ကြားပြီးပါပြီ။ ဒါက အရင်လိုပါပဲ ဈေးကျမယ်ဆိုတာနဲ့ ဆိုင်တိုင်းကတော့ အပြင်အဆင်တွေရော၊ ၀န်ဆောင်မှုပိုင်းရော၊ အကုန်လုံးကို ပြင်ဆင်လာကြပါတယ်။ နှစ်သိန်း
ဈေးကျတုန်းကတော့ တော်တော်ရောင်းရတယ်။ ဟန်းဆက်တွေရော ဖုန်းကတ်တွေရော ရောင်းရတယ်။အခုလည်း ရောင်းရမယ်လို့တော့ ထင်ပါတယ်။ ဆိုင်မှာကတော့ ၀န်ထမ်းအင်အားရော ပစ္စည်းပိုင်းကိုပါ
ဖြည့်ထားပါတယ်'' ဟုပြောသည်။ 

Today Mobile အရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုနေလင်းထွန်းက 
''ဈေး ကျမယ်ဆိုတော့ ဆိုင်တိုင်းက ပြင်ဆင်မှုတွေရှိပါတယ်။ တချို့ဝယ်တဲ့သူတွေဆိုရင် အခုကတည်းက ဟန်းဆက်တွေကို ကြိုတင်ပြီးတော့ ၀ယ်ကြတာတွေ ရှိပါတယ်။ အခုက တစ်သိန်းဝန်းကျင်
ဆိုတော့ ဖုန်းတွေကို အမြင့်တွေပဲ ၀ယ်ကြတာများမယ် ထင်ပါတယ်။ ငါးသိန်းတုန်းကတောင် ၀ယ်ကြတာပဲ၊ အခုက တစ်သိန်းဆိုတော့ ပိုတောင်ဝယ်ကြမယ်လို့ ထင်ပါတယ်'' ဟု ပြောပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်း ဆင်းမ်ကတ်များ၏ ဈေးနှုန်းများကို 
၂၀၀၉ ခုနှစ်တွင် ငွေကျပ်ငါးသိန်းဖြင့် ရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်
ငွေကျပ်နှစ်သိန်းဖြင့် ရောင်းချပေးခဲ့ကာ ယခု ၂၀၁၃ ခုနှစ်တွင် မိုဘိုင်း ဆင်းမ်ကတ်များ ဈေးနှုန်းများကို တစ်သိန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ရန်ကုန်မြို့အတွင်းရှိမိုဘိုင်းအရောင်းဆိုင်များ မြန်မာ့ဆက်သွယ်ရေးမှဇန်န၀ါရီလအတွင်း၌ လျော့ချပေးမည့်
မိုဘိုင်းဈေးနှုန်းများပေါ်မူတည်၍One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန်အတွက် ပြင်ဆင်မှုများ
ပုလုပ်လာကြောင်း ရန်ကုန်မြို့အတွင်း မိုဘိုင်းအရောင်းဆိုင်များမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရ
သည်။

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်

ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော်က ပြောသည်။

''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေး၊ ရွှေဘို၊ သပိတ် ကျင်း၊ မိုးကုတ် စသည့်နေရာများကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်များကြောင့် ရွှေကြောအသစ် များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးသူတော်က ထပ်လောင်း ပြော သည်။

အသစ်တွေ့ရှိရသော ရွှေ ကြောနေရာများမှာ မြစ်ကြီးနား၊ ရွှေဘို၊ ကန့်ဘလူ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဂေါ်ဦးချောင်း ဒေသနှင့် ကချင်ပြည်နယ်ရှိ ဘုရား သုံးဆူအနီးဝန်းကျင် ဒေသများဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များ ရှာဖွေ တွေ့ရှိထားခြင်း သည် ပြည်တွင်းရွှေဈေးကွက်ကို တည်ငြိမ် လာနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

''ရွှေကြောအသစ်တွေကနေ တူးဖော်ရေးလုပ်ငန်းတွေလည်းများ လာမယ်။ ရွှေအထွက်လည်း တိုး လာမယ်။ ဒါဟာပြည်တွင်းရွှေဈေး ကွက်တည်ငြိမ်ဖို့အကြောင်းတစ်ခုပါ ပဲ။ ပစ္စည်းရှားရင် ဈေးတက်မယ်။ ပစ္စည်းပေါရင် ဈေးကျမယ်။ ဒီ သဘောပါပဲ'' ဟု ၄င်းက ပြော သည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များကြောင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်လာနိုင်သကဲ့သို့ ရွှေလုပ် ငန်းရှင်အများစုမှာလည်း ယခုနှစ် သည် ရွှေဈေးနှုန်း တည်ငြိမ်၍ အဝယ်တိုးမည့်နှစ်ဟု ခန့်မှန်းထား ကြသည်။

၂ဝ၁၂ ခုနှစ်အတွင်း မြန်မာ့ ရွှေဈေးသည် နှစ်ဆန်းပိုင်း၌ ကျပ် ခုနစ်သိန်းအောက်တွင် ရှိခဲ့ရာမှ မတ်လဆန်းပိုင်းမှစတင်၍ မြန်မာ့ အခေါက်ရွှေဈေးသည် တစ်ကျပ် သားလျှင် ကျပ်ခုနစ်သိန်း အထက် သို့တက်လာခဲ့သည်။ ၄င်းနောက် ပိုင်း စက်တင်ဘာလဆန်းအထိ ကျပ်တစ်သောင်းဝန်းကျင်ခန့်သာ ရွှေဈေးအတက်အကျ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ဒုတိယအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေး နှုန်းမှာ ခုနစ်သိန်းရှစ်သောင်း အ ထက်သို့ တက်ခဲ့သည်။ အဆိုပါ ဈေးကြောင့် နှစ်ကုန်ပိုင်းတွင် ရွှေ ဈေး

ရှစ်သိန်းအထိ ရှိလာနိုင် ကြောင်း ရွှေလုပ်ငန်းရှင်အများစုက သုံးသပ်ကြသော်လည်း ယင်းဈေးမှ တစ်စစပြန်လည် ကျဆင်းလာပြီး နှစ်ကုန်ပိုင်း ရွှေဈေးနှုန်းသည် ခုနစ် သိန်း ငါးသောင်း ရှစ်ထောင်အထိ သာ ဈေးပေါက်ခဲ့ကြောင်း ဈေး ကွက်မှ သိရသည်။

ယနေ့ မြန်မာ့ရွှေပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆ဝ၅ဝဝ ဖြစ်၍ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၇၁၇၈ဝဝ ဖြစ် သည်။ ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၆၅၇ ဖြစ်ကြောင်း ဈေးကွက်မှ သိရ သည်။
အိမ်စည်စိုးစံ၊ ရန်နိုင်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်
များအသင်းဥက္ကဋ္ဌ ဦးသူတော်က ပြောသည်။ ''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းစတုတ္ထအကြိမ်နှစ်ပတ်
လည်အသင်းသားစုံညီအစည်းအဝေးတွင်ပြောသည်။

စင်ကာပူက မြန်မာလူလိမ် လင်မယားကို သတိထားကြပါ (နီးစပ်ရာသူငယ်ချင်း များကိုလည်းပြောပြထားပေးပါ)

လူလိမ် ပပျောက်ရေး လက်မနှေး ဆောင်ရွက်ပေး

ငွေတွေရအောင် အကူအညီပေးကြပါ၊ Share ပေးကြပါ။(Update)
စင်ကာပူမှာ ဒီလူလိမ် လင်မယားကို သတိထား...
သိန်းထွန်းဦး+စိုးသီတာမြင့်(အိမ်သူကြီး)BLK 824-#04-950,Sim Ave, S 400824.
(အလုပ်မရှိအကိုင်မရှိဘဲ အိမ်ခန်းဋ္ဌားစားပြီး စရံငွေတွေပြန်မပေးသော လူလိမ်လင်မယား)၊

အိမ်မှာနေတဲ့ လူတယောက်ချင်းဆီက {Deposite တလစာ ၄၀၀S$+ အိမ်လခ တလစာ ၄၀၀S$+ 

ချေးယူငွေ (စုစုပေါင်း ၁၀၀၀ S$ ကျော်)} ကို လူ ၁၃ ယောက်ဆီကနေ ယူသွားတာ ငွေစုစုပေါင်း 

၁၅၀၀၀ S$ ကျော်တယ် တောင်းလို့ကို မရဘူး။ အကိုကြီးတယောက်ဆီကဆို ချေးထားတာ ၅၀၀၀ S$ 

တောင်ရှိတယ်။

BLK 824-#04-950,Sim Ave, S 400824 အိမ်မှာ ကျွန်တော်တို့နဲ့ လူလိမ် လင်မယား  ယခု 

(၉.၁.၂၀၁၃)ထိ အတူတူရှိနေသေးပါတယ်၊ ဒါဗေမဲ့ မျက်နှာပြောင်တိုက်ပြီး ငွေတွေလုံးဝ ပြန်မပေးဘူး။
ကျွန်တော်တို့က သမာအာဇီဝရှာထားတဲ့ ပိုက်ဆံတွေကို ပြန်မပေးဘဲ လိမ်စားရက်သလား၊ 

မရှက်ဘူးလားမေးတော့.....လူလိမ်မက မရှက်ဘူးတဲ့၊ ငါတို့လုပ်ရဲတယ်တဲ့။ 
ကျွန်တော်တို့ ဒီလိုမျက်နှာပြောင်တိုက်ပြီးလိမ်ရဲတဲ့ လူလိမ်မျိုးကို တခါမှမတွေ့ဘူးပါဘူးဗျာ.......

အိမ်ပိုင်ရှင်(Owner)က အိမ်လခ ၂လခစာ မရလို့အိမ်ကိုသော့ခတ်တော့မှာ ဖြစ်ပါတယ်၊ PUB အကြွေး 

၁၅၀၀S$ မပေးလို့ ယခု အိမ်မှာလည်း လျှပ်စစ်မီးဖြတ်ခံထားရတယ်၊ 
အိမ်ပြင်ပမှာရှိတဲ့တခြားသူတွေဆီက ချေးယူထားတဲ့အကြွေးက S$ ၁ သိန်းကျော်ရှိတယ်၊ သူတို့က 

အိမ်ထဲက သူတွေဆီမှ အချင်းချင်းမသိအောင် ယောင်္ကျားနဲ့ မိန်းမ တောင်းယူ လိမ်စားသွားတာ၊ 

အခုဖြစ်မှ အဖြစ်မှန်တွေကို အားလုံးသိကြရတာ။

ရဲခေါ်တော့လည်း {Deposite တလစာ ၄၀၀S$+ အိမ်လခ တလစာ ၄၀၀S$+ ချေးယူငွေ } 

ငွေတွေက လက်ခံ ရရှိပါတယ်ဆိုတဲ့ သူတို့လင်မယား လက်မှတ်မရှိလို့ 

ရဲအရေးမပိုင်ဘူးလို့ပြောပါတယ်။

စင်ကာပူမှာ ဘယ်အိမ်မှာမဆို နေချင်ရင်  {Deposite တလစာ + အိမ်လခ တလစာ } 

ပေးရတာဘဲလေ.. ထုံးစံလိုဖြစ်နေတာ. ..ဒါပေမဲ့ ငွေလက်ခံရရှိကြောင်း ဘယ်အိမ်ကမှ 

လက်မှတ်ထိုးပေးတာမရှိဘူး၊ မလိုအပ်ဘူးလို့လည်းယူဆထားပါတယ်......ဒါကြောင့် ဒီလင်မယားက 

မြန်မာအချင်းချင်း ဇာတ်တူသားစားသွားတာ ကျွန်တော်တို့ရဲ့ ချွေးနဲစာလေးတွေကို 

လုပ်ရက်တယ်ဗျာ.....။
ပြိုပီးပြည့်စုံအောင်တင်ပေးပါမယ်...ယခုလောလောဆယ် နောက်လူတွေ မခံရအောင် 

အရင်တင်ထားတာပါ။

စုံစမ်းမေးမြန်းနိုင်အောင်....
Owner Mr. Som- 90280806 အိမ်ပိုင်ရှင်
Agent  Mr Ameen- 94510406 အိမ်ပွဲစား

(Deposite တလစာ + အိမ်လခ တလစာ+ချေးယူငွေ)ငွေများဆုံးရုံးခံရသော အိမ်မှာနေသူများ

(ကျန်နံပါတ်တွေကို ဆက်တင်ပေးပါမယ်)
၉၇၈၉၅၃၆၉
၉၇၂၃၁၄၂၆
၈၄၈၈၂၁၆၅
၉၇၂၃၀၆၄၇
၈၁၉၆၄၈၅၈
၈၄၆၈၃၄၉၅
၈၁၆၈၈၇၉၇
၉၁၆၅၁၆၉၂
၈၅၇၁၄၇၅၆
၉၂၄၄၈၂၆၃
၉၀၂၃၂၅၃၂

သိန်းထွန်းဦး
မှတ်ပုံတင်....၁၂ / ဒဂုံမြောက် ၀၁၁၉၀၇

စင်ကာပူမှာ ဒီလူလိမ် လင်မယားကို သတိထားကြပါ။ သိန်းထွန်းဦး+စိုးသီတာမြင့်(အိမ်သူကြီး)BLK 824-#
04-950,Sim Ave, S 400824.(အလုပ်မရှိအကိုင်မရှိဘဲ အိမ်ခန်းဋ္ဌားစားပြီး စရံငွေတွေပြန်မပေးသော လူလိမ်
လင်မယားဖြစ်ပါတယ်။

ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ် နှင့် မြစ်ကြီးနားလေဆိပ် များတွင် Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ

ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ် နှင့် မြစ်ကြီးနားလေဆိပ် များတွင်  Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ
Wednesday, January 09, 2013

မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့အနေဖြင့်မြန်မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံ
ထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ 
၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီး
မြောက်ဘက်သို့ တွင်းများ တူးပြီး camera ဖြင့် ကြည့်ရှု၍နည်းပညာ အကူအညီဖြင့် ရှာဖွေခဲ့ရာ လေယာဉ်မျာထည့်ထားသည်ဟု ယူဆရသော စုစုပေါင်း သစ်သား သေတ္တာ ၁၈ လုံးတွေ့ရှိခဲ့သည်။

ထို့ပြင် ၄င်းအဖွဲ့သည် ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ်တွင် အဆင့်မြင့် နည်းပညာသုံး ကရိယာများ အသုံးပြု၍ ရှာဖွေခဲ့ရာပင်မ လေယာဉ်
ပြေးလမ်း၏ အနောက်ဘက် ပြည်လမ်းဘက်ခြမ်းတွင် လေယာဉ်များ
ထည့်ထားသည့် သေတ္တာများ မြှုပ်နှံထားသည့် နေရာအား တွေ့ရှိခဲ့သည်။ ၄င်း တွေ့ရှိရသော လေယာဉ်ထည့်ထားသည့် သေတ္တာများအား စက်ကရိယာများအသုံးပြု၍ တူးဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြည်အတွင်း ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ်၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင်  ၆ စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု လေယာဉ်ရှာဖွေရေး အဖွဲ့က ယူဆထားသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဒုတိယကမ္ဘာစစ်တွင်းတွင် ဗြိတိန်
လေတပ်မတော်က အားထားရတဲ့ Spitfire တိုက်လေယာဉ်တော်တော်
များများကို ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ မြန်မာ့မြေပြင်အောက် လုံလုံခြုံခြုံ သိမ်းဖွက်သွားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိအချိန် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှု များမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါကအရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေ
ရှိသည်။

တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး လေယာဉ်
ရှာဖွေရေးအဖွဲ့ တွင် ဗြိတိသျှ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိခဲ့သည်။

လေယာဉ်များ ရှာဖွေမှုတွင် အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း၊ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း
ဖြစ်သည်။

Myanmar Online News

မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့်အဖွဲ့အနေဖြင့်မြန်
မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ
၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီးမြောက်ဘက်သို့ တွင်းမျာတူးပြီး camera ဖြင့်

ကြည့်ရှု၍နည်းပညာ အကူအညီဖြင့်ရှာဖွေခဲ့ရာ လေယာဉ်မျာထည့်ထားသည်ဟုယူဆရသောစုစုပေါင်း သစ်
သား သေတ္တာ ၁၈ လုံးတွေ့ရှိခဲ့သည်။

"ကချင်ပဋိပက္ခ လေကြောင်းထိုးစစ်ရပ်ဆိုင်းရန် ကုလနှင့် အမေရိကန်တိုက်တွန်း"

"ကချင်ပဋိပက္ခ လေကြောင်းထိုးစစ်ရပ်ဆိုင်းရန် ကုလနှင့် အမေရိကန်တိုက်တွန်း"


ကချင်ပြည်နယ်ပဋိပက္ခတွင် အစိုးရ၏လေကြောင်းထိုးစစ်ဆင်နွှဲခြင်းအား ရပ်တန့်ရန် ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာအစိုးရကို တိုက်တွန်းပြောဆိုထားသည်။
	
ကချင်ပြည်နယ်တွင် ဖြစ်ပွား နေသော အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေးတပ်များ၏ တိုက် ပွဲများတွင် အစိုးရက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမေရိကန် အစိုးရအနေနှင့်  များစွာစိတ် အ နှောင့် အယှက်ဖြစ်နေပြီး တိုက်ပွဲ များ အဆုံးသတ်ရန်အတွက် တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်တိုက် တွန်းကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်က ဇန်နဝါရီ ၂ ရက်နေ့တွင် ပြောသည်။
	
''ဒီပဋိပက္ခတွေ အဆုံးသတ် ဖို့အတွက် မြန်မာအစိုးရနဲ့ ကေ  အိုင်အို တို့ကို ကျွန်မတို့ စဉ်ဆက်မ ပြတ် တိုက်တွန်းပါတယ်။ မြန်မာ အစိုးရအနေနဲ့လည်း အခြား ပဋိ ပက္ခဒေသတွေမှာ လုပ်နိုင်ခဲ့သလို မျိုး တကယ့်နစ်နာချက် အပေါ် အခြေခံတဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ တိုက်တွန်းပါတယ်''ဟု သူမက ပြောသည်။
	
ထို့အတူ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းကလည်း အရပ်သားများထိခိုက်မည့် သို့မ ဟုတ် ကချင်ပဋိပက္ခ ပိုမိုပြင်း ထန်လာစေမည့် မည်သည့်ကိစ္စကို မဆို ရှောင်ကြဉ်ရန် တိုက်တွန်း ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့ ကသတင်းထုတ်ပြန်ထားသည်။
	
ထုတ်ပြန်ချက်တွင် အစိုးရနှင့် ကေအိုင်အေတို့၏ ရန်လိုသော အပြုအမူများသည် နေရပ်စွန့်ခွာ ရှောင်တိမ်းရသူ အများအပြားကို တိုးပွားလာစေပြီး ယင်းတို့မှာ လူ သားချင်း စာနာထောက်ထားမှု အထောက်အကူ ပစ္စည်းများ လို အပ်နေသည်ဟုပါရှိသည်။
	
မြန်မာအစိုးရသည် ကချင် ပဋိပက္ခတွင် လေကြောင်းအင်အား သုံးတိုက်ခိုက်မှုမရှိကြောင်း ရိက္ခာ သယ်ပို့ရန်နှင့်လေ့ကျင့်ရေး ရဟတ် ယာဉ်များသာ အသုံးပြုခဲ့ကြောင်း၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော် ဌေးက ငြင်းဆိုခဲ့သော်လည်း ဒီဇင် ဘာ ၃ဝ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် တပ်မတော်က ကေအိုင်အေအား တိုက်ခိုက်ရာ တွင် လေတပ်အထောက်အပံ့များ ရယူခဲ့သည်ဟု ဖော်ပြပါရှိထား သည်။
	
ကချင်ဒေသ စစ်ပွဲတွင် လေ ကြောင်းမှ တိုက်ခိုက်မှုအားရပ်ဆိုင်း ရန် နိုင်ငံတကာမှ ဖိအားပေး တိုက် တွန်းနေကြသည့်နည်းတူ မြန်မာ အစိုးရအပေါ် ဖိအားပေးတောင်း ဆိုရန်အတွက် အာဆီယံနိုင်ငံများ အား အာရှ-ပစိဖိတ်ဒေသ စည်းလုံး ညီညွတ်ရေးကောင်စီ (APSC)က တိုက်တွန်းထားကြောင်း သိရ သည်။
	
APSC ၏ ဇန်နဝါရီ ၈ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အာဆီယံဒေသတွင်း ဖွဲ့စည်းပုံစည်း မျဉ်းနှင့် နိုင်ငံတကာဥပဒေများအရ ကချင်ဒေသတွင် လေကြောင်းအင် အားသုံးတိုက်ခိုက်နေသည့် မြန်မာ အစိုးရ၏ လုပ်ရပ်ကို ဖိအားပေး ရပ်ဆိုင်းစေရန်မှာ အာဆီယံ၏ ရှောင်လွှဲမရသောတာဝန် တစ်ခုဆို ထားသည်။
	
၁၇ နှစ်ကြာ အပစ်အခတ်ရပ် စဲရေး သဘောတူညီထားခဲ့သော ကေအိုင်ေ အနှင့် အစိုးရတပ်များ ကြား ၂ဝ၁၁ ခုနှစ် ဇွန်လ မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုက်ပွဲပေါင်း (၂၄ဝဝ)ဖြစ်ပွားခဲ့ သည်။ အစိုးရ၏ လေကြောင်းတိုက် ခိုက်မှုကြောင့် လူ ၃ဝဝ ထက်မနည်း သေဆုံးခဲ့ရသဖြင့် လူဦးရေ ၇၅ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ သည်ဟု လူ့အခွင့်အရေးအုပ်စု များက ဆိုကြသည်။
	
APSC က အာဆီယံနိုင်ငံများ အနေဖြင့် ကချင်စစ်ပွဲတွင် လေတပ် မသုံးရန်သာမက ဒုက္ခသည်များထံ အထောက်အပံ့များ အတားအဆီး ကင်းကင်းဖြင့် ပေးပို့လှူဒါန်းနိုင် ရေးကိုလည်း တောင်းဆိုသင့်သည် ဟုဆိုထားသည်။        

PN-055
Ref: AFP

ကချင်ပြည်နယ်ပဋိပက္ခတွင် အစိုးရ၏လေကြောင်းထိုးစစ်ဆင်နွှဲခြင်းအား ရပ်တန့်ရန် ကုလသမဂ္ဂနှင့် အမေ
ရိကန်ပြည်ထောင်စုတို့က မြန်မာအစိုးရကို တိုက်တွန်းပြောဆိုထားသည်။

အရေပြားပေါ်က ဖက်ရှင်


“သေရင်ကိုယ့်နောက်ပါတာ ဒါပဲရှိတယ်” ဟု လူငယ်အချို့က သူတို့ခန္ဓာကိုယ်ပေါ်ရေးထိုးထားသော ဆေးမင်
ရုပ်ပုံများကို ညွှန်ပြ၍ ပြောတတ်ကြသည်။

“အနုပညာကို ခန္ဓာမှာ ခြုံလွှမ်းထားတာ” ဟုလည်း သူတို့က ဂုဏ်ယူဝင့်ကြွားတတ်ကြပါသေးသည်။

နယ်မြေမငြိမ်းချမ်းသည့်ကြားက ကချင်ပြည်နယ်မှ သစ်လုံးများ တရုတ်သို့ တရားမ၀င်တင်ပို့နေဆဲ

နယ်မြေမငြိမ်းချမ်းသည့်ကြားက ကချင်ပြည်နယ်မှ သစ်လုံးများ တရုတ်သို့ တရားမ၀င်တင်ပို့နေ

လိုင်ဇာ၊ ဇန်န၀ါရီ-၎

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီး နယ်မြေမငြိမ်မသက်ဖြစ်နေသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံသို့ တရားမ၀င် သစ်လုံးတင်ပို့မှုများမှာ  ပုံမှန်ရှိနေဆဲ  ဖြစ်ကြောင်း ဒေသခံများနှင့် မကြာသေးမီက ထုတ်ပြန်လိုက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စုံစမ်းထောက်လှမ်းရေး အေဂျင်စီ (EIA) ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြချက်များအရ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ချောင်းတစ်ခုသာခြားသော လိုင်ဇာမြို့ရှိ တရားမ၀င်ဖြတ်သန်းသော လမ်းကြောင်းတွင် တန်းစီ ရပ်နားထားသော သစ်လုံးတင်ကားများကို လက်ညှိုးညွှန်ရင်း ဒေသခံတစ်ဦးက “ဒီသစ်လုံးကားတွေက တရုတ်ဘက်ကို သွားမယ့်ကားတွေ။ စစ်ပွဲတွေဖြစ်နေတာတောင် ဒီကားတွေက အမြဲသွားနေတာပဲ” ဟု ဒီဇင်ဘာလ ၂၅ ရက်က ပြောကြားခဲ့သည်။

လိုင်ဇာမြို့ကိုဖြတ်ကာ တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့သော သစ်လုံးကားများကို အမြဲလိုလို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြသည်။

“တိုက်ပွဲတွေဖြစ်နေလည်း သစ်လုံးတွေက ထွက်နေတာပဲ။ ဒါကိုတောင် အခွင့်ကောင်းယူပြီး သစ်ခိုးထုတ်နေတဲ့သူတွေ အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေ သော ယူနန်ပြည်နယ်သို့ သစ်အလုံးလိုက် တင်ပို့မှုများမှာ နေ့စဉ်လိုလိုရှိပြီး တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ဖြတ်သန်းကာ အများဆုံးတင်ပို့နေကြောင်း ဒေသခံများနှင့် EIA ၏ တရုတ်နိုင်ငံ၏ မှောင်ခိုသစ်လုပ်ငန်း (China's trade in illegal timber) စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၂ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံတွင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင် စုံစမ်းထောက်လှမ်းခဲ့ရာမှ တွေ့ရှိချက်များကို နိုဝင်ဘာလက စစ်တမ်းတစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုစစ်တမ်းတွင် မြန်မာနိုင်ငံမှ ယူနန်ပြည်နယ်သို့ 
တရားမ၀င် တင်ပို့နေသော သစ်လုံးပမာဏမှာ တစ်နှစ်လျှင် ကုဗမီတာ တစ်သန်းရှိကြောင်း ဖော်
ပြထားသည်။ EIA ၏  နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော ထိုစစ်တမ်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်
ပြည်နယ်အတွင်းမှ သစ်တောများသည် တရုတ်နိုင်ငံ ဈေးကွက်ကို ဖြည့်ဆည်းနေရသည့်အတွက် အဆိုးဝါးဆုံး အနေအထားသို့ ရောက်ရှိနေကြောင်း သုံးသပ်ထားသည်။

ကချင်ပြည်နယ်တွင်းမှ ယူနန်ပြည်နယ်သို့ နယ်စပ်မှ တရားမ၀င် တင်ပို့နေသော ဂိတ်ငါးခုကို စုံစမ်းထောက်လှမ်း တွေ့ရှိခဲ့မှုများအရ အများဆုံး တင်ပို့နေသော သစ်အမျိုးအစားများမှာ ပြည်နယ်အတွင်း အများဆုံးပေါက်ရောက်သော ထင်းရှူး၊ ၀က်သစ်ချ၊ ဘုဇပတ်စသည့် သစ်အမျိုးအစားများ အများဆုံးဖြစ်ကြောင်း EIA  စစ်တမ်းတွင် ဖော်ပြထားသည်။

တရားမ၀င် သစ်တင်ပို့မှုကို လေ့လာစောင့်ကြည့်သော နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့်
Global Witness အဖွဲ့က ခန့်မှန်းသည်မှာ ၂၀၀၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တရားမ၀င် တင်ပို့ခဲ့သော သစ်လုံးပမာဏမှာ ကုဗမီတာကိုးသိန်းရှိပြီး ထိုပမာဏ၏ သုံးပုံနှစ်ပုံမှာ ကချင်ပြည်နယ်မှ ဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုထားသည်။

တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကာ သစ်တင်ပို့ခြင်းမပြုရန် ၂၀၀၆ ခုနှစ်ကတည်းက သဘောတူထား
ခဲ့သော်လည်း ပြည်နယ်တွင်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်များ၌ တရားမ၀င်တင်ပို့မှု ပိုမိုများပြားလာကြောင်း EIA စစ်တမ်းက ဆိုထားသည်။

ကချင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ သစ်လုံးများ တရားမ၀င်တင်ပို့ရာ လမ်းကြောင်းများကို လျှို့ဝှက်စွာ စုံစမ်းထောက်လှမ်းခဲ့ရာ တရားမ၀င် မှောင်ခိုလမ်းကြောင်းများစွာမှ ခိုးထုတ်နေသည်ကိုတွေ့ရပြီး ကချင်ပြည်နယ်ရှိ တောင်များတွင် သစ်တောများ မကျန်တော့သလောက် ဖြစ်နေကာ နယ်စပ်တစ်လျှောက်တရုတ်နိုင်ငံဘက်ခြမ်း Gaoligong သဘာဝထိန်းသိမ်းရေး တောတွင်မူသစ်တောများ မပျက်မစီးအောင် ပကတိအတိုင်း ထိန်းသိမ်းထား
သည်ကို တွေ့ရကြောင်းစစ်တမ်းတွင်ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာမှာ တစ်နိုင်ငံလုံး၏ ၂၄ ရာခိုင်နှုန်းသာကျန်ရှိတော့ပြီး သစ်တောပြုန်းတီးမှုများ လျော့နည်းစေရန် သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၄ ခုနှစ်တွင် တားမြစ်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
နေ့စဉ်ကားကြီးကားငယ်များဖြင့် တရုတ်ပြည်သို့ တရာမ၀င်ရောင်းချနေသော မြန်မာ့ ကျွန်းသစ်များ
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီး နယ်မြေမငြိမ်မသက်ဖြစ်နေသော်လည်း နယ်နိမိတ်ချင်း ထိ
စပ်နေသော တရုတ်နိုင်ငံသို့ တရားမ၀င် သစ်လုံးတင်ပို့မှုများမှာ ပုံမှန်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများနှင့်
မကြာသေးမီက ထုတ်ပြန်လိုက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစုံစမ်းထောက်လှမ်းရေး အေဂျင်
စီ (EIA) ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြချက်များအရ သိရသည်။

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ပြီ

 
လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား နိုင်ငံတော်အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွင်ယနေ့ ဖော်ပြထားသည်။
ယင်းကော်တီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊သမ္မတရုံး ၀န်ကြီးဌာန ၁၊၂၊၃ နှင့် ၅ တို့မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင်၊ဦးစိုးသိန်း နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ
ထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။

Microsoft ကုမ္မဏီပိုင်ရှင် Bill Gate ၏ လူမသိသေးသည့်အချက် (9) ချက်

Bill Gate ၏ လူမသိသေးသည့်အချက် (9) ချက် 
===========================

၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅၀ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂၀ ၀င်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။

... ၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည် ဆိုပါလျှင်ဘယ်တော့မှပြန်ကောက်လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင်သူသည် ဒေါ်လာတစ်ထောင်ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။

၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။ အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀ နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။

၎။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော် ၎င်းအိတ်ကပ်ထဲတွင် ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။

၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော
မိုက်ကယ်ဂျော်ဒန် ၂၂၇ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ၀င်ငွေသည် ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကိုမှီနိုင်မည်။

၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမ္ဘာပေါ်တွင် ၃၇ ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လိမ့်မည်။

၇။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါကကမ္ဘာမှ လကမ္ဘာအထိ စီတန်းနိုင်ပြီး အသွားအပြန် ၁၄ ကြိမ် စီတန်းနိုင်မည်။ ထိုသို့ပြုလုပ်ရန် နှစ်ပေါင်း ၁၄၀၀ ကြာမြင့်မည်ဖြစ်ပြီး ဘိုးအင်း ၇၄၇ လေယာဉ်ဖြင့် ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူပို့ဆောင်ပေးရမည်ဖြစ်သည်။

၈။ အသက် ၉၀ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်၌ ရှိနေသောအသက်အရွယ်မှ မသေဆုံးခင်အချိန်အထိ သူ၏ စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင် ၆.၇၈ သန်း သုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိုင်ပေမည်။

၉။ သို့ရာတွင် ကျွန်ုပ်တို့ကွန်ပျူတာသုံးစွဲနေကြသော Windows သမားများသည် Microsoft Windows Error တက်စဉ်တိုင်း ( သို့မဟုတ် ) Hang သွားသည့်အချိန်တိုင်းတွင် အမေရိကန်တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်ကိုတာင်းခံရမည်ဆိုပါက သူသည် သုံးရက်အတွင်း ဒေ၀ါလီခံသွားရနိုင်ပေသည်။

by Salai KM M

အေးချမ်းမွန်မှ  အင်တာနတ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅၀ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂၀ ၀င်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။

... ၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည် ဆိုပါလျှင်ဘယ်တော့မှပြန်ကောက်လိမ့်

မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင်သူသည်
ဒေါ်လာတစ်ထောင်ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။

အစိုးရအနေဖြင့် KIA ဒေသအား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းအပေါ် ကလိုထူးဘောတပ်ဖွဲ့ (DKBA) ၏ သဘောထားထုတ်ပြန်ချက်။

အစိုးရအနေဖြင့် KIA ဒေသအား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းအပေါ် ကလိုထူးဘောတပ်ဖွဲ့ (DKBA) ၏ သဘောထားထုတ်ပြန်ချက်။

ယနေ့ နိုင်ငံတော်အစိုးရအဖွဲ့၏ လျှောက်လှမ်းနေသော အသွင်ကူးပြောင်းရေး ကာလ အပေါ် မိမိတို့ဖက်မှ ယုံကြည်မှုအပြည့်အ၀ပေးကာ ငြိမ်းချမ်းရေး၏ ပထမ အဆင့်ဖြစ်သော ယုံကြည်မှု တည်ဆောက်ရေးကာလ အပစ်အခတ်ရပ်စဲရေးကို ဖြတ်သန်းဆဲဖြစ်ပါသည်။ မိမိတို့အပစ်အခတ် ရပ်စဲရေးရရှိရုံဖြင့် တပြည်လုံးအတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးနှင့် ပါတ်သက်သည့် ကိစ္စရပ်များသည် မိမိတို့နှင့်မသက်ဆိုင်ဟူ၍ ယူဆမရပေ။ ပန်းဥယာဉ်တစ်ခုတွင် အရောင်အဆင်း တစ်မျိုးထဲရှိသော ပန်းတစ်မျိုးထည်းဖြင့် မတင့်တယ်နိုင်ပေ။ အရောင်အသွေးစုံသော ပန်းအမျိုးအမည် စုံသောဥယာဉ် ဖြစ်ပါက လူအများအတွက် မျက်စိပသာဓရှိပြီး စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ ဖြစ်ပေ လိမ့်မည်။ မိမိတို့ ကလိုထူးဘောတပ်ဖွဲ့ အနေဖြင့်လည်း (ရကောက်နှင့်ရွှေသည့် ရွှေကရင်မဟုတ်ဘဲ ဆလိန်နှင့်ဆွေသည့် ဆွေကရင်) အဖြစ် ခံယူထားသည့်အတိုင်း၊ အရောင်အသွေးစုံလင်သော ပန်းဥယာဉ်ကဲ့သို့၊ မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးကို ဆွေမျိုးများအဖြစ် သဘောထား ပြီး မျှဝေခံစားပါသည်။ ထို့အတွက်ကြောင့် လက်ရှိအစိုးရမှ ကချင်ဒေသအပေါ် ထိုးစစ်အရှိန်မြှင့်ပြီး စွမ်းအားပြင်း လက်နက်ကြီး များအပြင် လေကြောင်းမှတိုက်ခိုက်မှုများကိုပါ တိုးချဲ့လုပ်ဆောင် လာခြင်းအပေါ် မိမိတို့ ကလိုထူးဘောတပ်ဖွဲ့ (DKBA) မှလည်း မိမိတို့ကိုယ်တိုင် တွေ့ကြုံနေရ သကဲ့သို့ခံစားရပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

တဆက်ထည်းမှာဘဲ နိုင်ငံတော်အစိုးရအား သတိပေးလိုသည်မှာ ရှေးလူကြီးများ ပြောခဲ့ကြသော စကားရပ်ထဲတွင် (ထောင်မြင် ရာစွန့်) ဟူသော စကားရပ်သည်လည်း အပါအ၀င် ဖြစ်သည်။ ယနေ့ နိုင်ငံတော်အတွင်း နေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးများတွင် ကချင်လူမျိုး သည်လည်း အပါအ၀င်ဖြစ်သည်။ တစ်ခုချင်းနှင့်တစ်ခုလုံး ဟူ၍ ခွဲပြောရမည်ဆိုလျှင် ကချင်လူမျိုး သည် တစ်ခုချင်းဖြစ်ပြီး တစ်နိုင်ငံလုံးဟူသည် တစ်ခုလုံးဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိတွင် လက်နက်ကိုင်တပ်ဖွဲ့ အချို့နှင့်၎င်း နိုင်ငံရေးအဖွဲ့အစည်း အချို့နှင့်၎င်း ယုံကြည်မှုတည်ဆောက်ပြီး အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီးဖြစ်သည်။ ယခု နိုင်ငံတော်အစိုးရအနေဖြင့် ကချင်ဒေသတွင်း ကိစ္စကိုကိုင်တွယ်ရာမှာ စေ့စပ်ဆွေးနွေး ဖြေရှင်းခြင်း ထက် လက်နက်ဖြင့် အနိုင်ယူလိုစိတ် ပိုကဲနေသည်ကို တွေ့ရှိရသည်။ ဤအခြေအနေအပေါ် မိမိတို့ ကလိုထူးဘောတပ်ဖွဲ့အပြင် အခြားအပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူလူထုအပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းများမှလည်း နိုင်ငံတော်အစိုးရအဖွဲ့အပေါ် တဖြည်းဖြည်းယုံကြည်မှု လျော့နည်း လာနေသည်။ ကန့်ကွက်ရှုတ်ချမှုများ၊ ဆန္ဒထုတ်ဖေါ်ပြသမှုများ ပြုလုပ်လာနေကြသည်။ ကချင်ဒေသ ကိစ္စနှင့်ပါတ်သက်၍ ယခုအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဆိုပါက နိုင်ငံတော်အစိုးရအနေဖြင့် ယခင်ရရှိထားပြီးသား ယုံကြည်မှုနှင့် အပစ်အခတ် ရပ်စဲရေးကတိက၀တ်များကို လက်လွှတ်ဆုံးရှုံး လာရဖွယ်ရှိသည်ဟု သတိပေးလိုပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကချင်ဒေသ စစ်ပွဲအောင်နိုင်ရေး ဆိုသည့် ရာဂဏ္ဍန်းကို ဆက်လက်ဆုတ်ကိုင်ထားပြီး အပစ်ရပ်အဖွဲ့များနှင့် တည်ဆောက်ထားသော ယုံကြည်မှု ထောင်ဂဏ္ဍန်းကို စွန့်လွှတ်မည်လော။

တပ်မတော်ဆိုသည်မှာ အမိန့်ဖြင့် တည်ဆောက်ထားသော လူမှုအဆောက်အအုံ တစ်ရပ် ဖြစ်သည်ဆိုသည်ကို မူအရလက်ခံသည်။ သို့သော် အမိန့်ပေးနိုင်စွမ်းသော ပုဂ္ဂိုလ်အနေဖြင့် တော်တည့်မှန်ကန်သော အမိန့်ကိုပေးတတ်ဖို့လိုသည်။ ယခုအခြေမျိုးမှ တပ်ပြန်ဆုတ်ရလျှင် စစ်ရေး သိက္ခာ၊ တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းသည်ဆိုသည့် လွဲမှားသော အတွေးအခေါ်ဖက်မှ မချဉ်းကပ် စေလိုပါ။ တပ်မတော်အနေဖြင့် ထိုးစစ်ဆင်နေသောတပ်များကို ဂုဏ်သိက္ခာရှိစွာ ဆုတ်ခွါစေပြီး KIA အား ဆွေးနွေးရေးစားပွဲဝိုင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါက နတ်/လူ သာဓုခေါ်မှာ ဧကန်မလွဲပါ။ ယခင်ကာလ ပြည်တွင်းလူထု/သံဃာ လှုပ်ရှားမှုများတွင်၎င်း။ တိုင်းရင်းသားဒေသများတွင်၎င်း လက်နက်ကိုင်နည်းလမ်းဖြင့်သာ ကိုင်တွယ်ဖြေရင်းခဲ့သော သမိုင်းဆိုးသည့် တပ်မတော်အတွက် ယခုရရှိလာသည့် အခွင့်အရေးကို ဆုတ်ကိုင်ဆောင်ရွက်လိုက်ပါက ပြည်သူယုံကြည်သော၊ လေးစားသော တပ်မတော်အဖြစ် မျက်နှာပွင့်လန်းပေလိမ့်မည်။ စစ်ရေးသိက္ခာ၊ တပ်မတော်သိက္ခာ ဟူသည် ဒြပ်မဲ့ခံစားချက်ဖြစ်ပြီး စစ်ရေးအတွက်ကုန်ကျသော နှစ်ဖက်တပ်ဖွဲ့ စစ်အသုံးစားရိတ်/ နှစ်ဖက်တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများနှင့် ဒေသနေပြည်သူများ၏ ကြုံတွေ့ရသော လူမှု ဒုက္ခ/သောက များသည် ဒြပ်ရှိခံစားချက်ဖြစ်သည်ကို တပ်မတော်ခေါင်းဆောင်များမှ သတိပြုသင့်ပါသည်။

ထိုအခြေအနေဆိုးများမှ ကျော်လွှားနိုင်ရန်မှာ နိုင်ငံတော်အစိုးရနှင့် တပ်မတော် ခေါင်းဆောင် များတွင်သာ တာဝန်ရှိသည်ဟု ထင်မြင်ယူဆပါကြောင်း မိမိတို့ ကလိုထူးဘော (DKBA) ၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။

ဗိုလ်ချုပ်ကြီး စောလားပွယ်
စစ်ဦးစီးချုပ်
ကလိုထူးဘောတပ်ဖွဲ့
(D K B A)

(Kawthoo Lei ထံမှထပ်ဆင့်ကူးယူ ဖော်ပြထားသည်)

ယနေ့ နိုင်ငံတော်အစိုးရအဖွဲ့၏ လျှောက်လှမ်းနေသော အသွင်ကူးပြောင်းရေး ကာလအပေါ်မိမိတို့ဖက်မှ ယုံ
ကြည်မှုအပြည့်အ၀ပေးကာ ငြိမ်းချမ်းရေး၏ပထမအဆင့်ဖြစ်သောယုံကြည်မှုတည်ဆောက်ရေးကာလ အပစ်
အခတ်ရပ်စဲရေးကို ဖြတ်သန်းဆဲဖြစ်ပါသည်။ မိမိတို့အပစ်အခတ် ရပ်စဲရေးရရှိရုံဖြင့်-------------------------

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ခန့်အပ်

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ခန့်အပ်လိုက်ကြောင်း ဇန်န၀ါရီ ၉ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ (အမှတ်၊ ၆/၂၀၁၃) ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ခန့်အပ်
လိုက်ကြောင်း ဇန်န၀ါရီ ၉ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ (အမှတ်၊ ၆/၂၀၁၃) ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။