Pages

Wednesday, October 26, 2016

စမ်းချောင်းမြို့နယ် တိုက်ခန်းအတွင်း ပုပ်ပွနေသောအမျိုးသားအလောင်တွေ့ရှိ

RangonNewsDaily::Wednesday. October 26. 2016
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပဏ္ဍိတလမ်းရှိမြေညီထပ်တိုက်ခန်းအတွင်း အောက်တိုဘာ ၂၄ ရက်နေ့ ည ၇ နာရီခန့်က ပုပ်ပွနေသောအမျိုးသားအလောင်းတလောင်းကိုတွေ့ရှိခဲ့ကြောင်း စမ်းချောင်းမြို့နယ်ရဲစခန်းမှ သိရသည်။
အဆိုပါတိုက်ခန်းအတွင်းမှ အပုတ်နံများ ဆိုးရွားစွာထွက်နေကြောင်း ပတ်ဝန်းကျင်တွင် နေသူများထံမှ အကြောင်းကြားမှုကြောင့် သက်ဆိုင်ရာမှ အခန်းသော့ကိုဖျက်၍ ၀င်ရောက်စစ်ဆေးရာ တိုက်ခန်းအတွင်းသေဆုံးနေသူမှာ အသက်၂၂ နှစ်အရွယ်ရှိ နိုင်ငံငြိမ်းဆိုသူဖြစ်ပြီး ပြင်ပဒါဏ်ရာမတွေ့ရှိရဘဲ ထိုင်လျှက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဆိုသည်။ သေဆုံးသူ၏ဘေးတွင် ဘိန်းဖြူဟုယူဆရသော အ၀ါရောင်အမှုန့်များနှင့် အသုံးပြုထားသော ဆေးထိုးအပ်တချောင်းကိုတွေ့ရှိခဲ့သည်ဟု သွားရောက်စစ်ဆေးခဲ့သည့် ရဲအရာရှိတဦးကပြောသည်။
.
“သူကတိုက်ခန်းထဲမှာတယောက်ထဲနေတဲ့သူပါ။ စစ်ဆေးတွေ့ရှိချက်အရတော့ သူ့ဘေးမှာ သုံးပြီးသားဆေးထိုးအပ်နဲ့ ဘိန်းဖြူမှုန့်လို့ယူဆရတဲ့အ၀ါရောင်အမှုန့်တွေ တွေ့ပါတယ်။ ဆေးစစ်ချက်ထွက်လာရင်တော့ အတည်ပြုနိုင်ပါပြီ”ဟု ၄င်းကပြောသည်။
.
သေဆုံးသူ၏အလောင်းကို ရန်ကုန်ဆေးရုံးကြီးက ပီအာရ် ၀၁၁ ဖြင့် လက်ခံစစ်ဆေးလျက်ရှိပြီး စမ်းချောင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်။
ကိုရဲ
#NewsWatch

0 comments:

Post a Comment