Pages

Wednesday, July 27, 2022

မန္တလေး အမရပူရက လူငယ်တစ်ဦး ကားလုယက် ခံရပြီး အသ-တ်ခံရ၊ အလောင်းကို လမ်းဘေးမှာ တွေ့၊

သေဆုံးသူမောင်ရဲကိုထက်

RangonNewsDaily::July 27, 2022 (MFP)

မန္တလေးမြို့ အမရပူရမြို့နယ်နေ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ဒိနေ့ မနက်ပိုင်း ကိုယ်ပိုင်ကားနဲ့ ပြည်ကြီးတံခွန်မြို့နယ် စွယ်တော်စက်မှုဘက် ပစ္စည်းသွားပို့ရာကနေ ကားလုယက်ခံရကာ အသ-တ်ခံရပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားတာ တွေ့ရှိရတယ်လို့ မြို့ခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သေဆုံးသူမောင်ရဲကိုထက်


လူသေဆုံးမှု့ဖြစ်ပွားခဲ့ပြီးပျောက်ဆုံးနေခဲ့သောကား(ယခင်ဓာတ်ပုံဟောင်း)
သေဆုံးသူဟာ အမရပူရမြို့နယ်၊ မြစ်လောင်းရွာနေ အသက်(၃၀)အရွယ် မောင်ရဲကိုထက် ဖြစ်ပြီး ဒီနေ့ ဇူလိုင်(၂၆)ရက် မနက်(၉)နာရီကျော်က ကိုယ်ပိုင်ကားဖြစ်တဲ့ Suzuki Swift 3/R နဲ့ မန္တ္တလေးမြို့ စွယ်တော်စက်မှုဘက် ပစ္စည်းသွားပို့ချိန်မှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတာလို့ နီးစပ်သူတွေက ဆိုပါတယ်။
“ကျွန်မမောင်လေးပါ မနက်(၉)နာရီလောက်က အိမ်ကထွက်သွားတာ အခုထိ အဆက်သွယ် မရသေးလို့ပါ။ ဖုန်းလည်း အိမ်မှာ ကျန်ခဲ့တာပါ။ တွေ့ရင် ကျေးဇူးပြု၍ အကြောင်းကြားပေးကြပါ။ ကားလည်းပါသွားပါတယ်” လို့ သေဆုံးသူရဲ့ အမဖြစ်သူက ဖုန်းနံပတ်တွေနှင့်တကွ ဖေ့စ်ဘါတ်ခ်မှာ ရေးသားထားပါတယ်။
အဲ့ဒီနောက် နေပလည်(၂)နာရီခွဲမှာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၁၃၈)လမ်းနှင့် (၁၃၉)လမ်းကြား၊ (၇၇)လမ်းနှင့် (၇၈)လမ်းကြား လမ်းဘေးခြုံထဲမှာ အသက်(၃၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး မျက်ကွင်းများညိုမဲပြီး နှာခေါင်းထဲက သွေးထွက်ကာ မှောက်လျှက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရှိကြောင်း ဖုန်းဆက် သတင်းပေးလာတဲ့အတွက် မန္တလေးဆေးရုံကြီးကို ပို့ပေးထားတယ်လို့ ရွှေမဉ္ဇူ ပရဟိတအသင်းက ဆိုပါတယ်။
“အလောင်းပိုင်ရှင်၏ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားချင်းများ သိရှိစေရန် ဝိုင်းဝန်း ကူညီကြပါအုန်းခင်ဗျာ” လို့ ရွှေမဉ္ဇူ ပရဟိတအသင်းက ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့ပါတယ်။
အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နာရီပိုင်းအကြာမှာ မိသားစုနှင့် အဆက်အသွယ် ရခဲ့ပြီး သေဆုံးသူဟာ အမရပူရမြို့နယ်၊ ​မြစ်လောင်းရွာက အမျိုးသားဖြစ်ပြီး ကားလုယက်ကာ အသတ်ခံလိုက်ရတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
လုယက်ခံရတဲ့ ကားဟာ ဆူဇူကီးအမျိုးအစား အဖြူရောင် Suzuki Swift 3/R… ဖြစ်ကာ တွေ့ရှိပါက ဆက်သွယ် ကူညီပေးကြဖို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေက လူသ-တ်မှု၊ ခိုးမှု၊ ဓားပြမှု၊ မုဒိ-န်းမှု၊ ဖောက်ထွင်းမှု စတဲ့ ရာဇဝတ် ပြစ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ရာဇဝတ်သားတွေ၊ နှစ်ကြီး အကျဉ်သားတွေ အားလုံးကို စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ထောင်က လွှတ်ပေးခဲ့ပါတယ်။ စစ်အုပ်စုဟာ နိုင်ငံတဝန်းက ရာဇဝတ်သားတွေကို အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ်လက နောက်ဆုံးအသုတ်အဖြစ် ရာဇဝတ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ထောင်က လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
မန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ဓားပြမှုတို့လို ရာဇဝတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ ကားလုယက်ခံရပြီး အသ-တ်ခံရတဲ့ လူငယ်နှင့် လုယက်သွားတဲ့ကား/Photo – CJ

0 comments:

Post a Comment