Pages

Saturday, June 29, 2013

အလိုအလျောက် ကားပါကင်ထိုးနိုင်မည့် Volvo နည်းပညာသစ်

Photo

Volvo မော်တော်ကား ကုမ္ပဏီသည် အလိုအလျောက် ကားပါကင် ထိုးနိုင်မည့် နည်းပညာတစ်ရပ်ကိုစမ်းသပ်
တီထွင်လျှက် ရှိပြီး အထိုက်အလျောက် အောင်မြင်မှု ရရှိနေကြောင်း သိရှိရသည်။ အဆိုပါနည်းပညာအရ ယာဉ်မောင်းမပါဘဲနှင့် မော်တော်ကားသည်အလိုအလျောက်ယာဉ်ရပ်နားမည့်နေရာ
ကို ရှာဖွေကာ ပါကင်ထိုးနိုင်မည်ဟု ဆိုသည်။ Volvoသည် အလိုအလျောက် မောင်းနှင်စနစ်နှင့်အာရုံခံနည်း
ပညာတို့ကို ပေါင်းစပ်ပြီး လူမပါဘဲ ပါကင်ထိုးပေးမည့် အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်နေ
ခြင်း ဖြစ်သည်။ 
 
ဆွီဒင်ကားကုမ္ပဏီကြီးကတာဝန်ယူလုပ်ဆောင်နေသောနည်းပညာအရ ကျဉ်းမြောင်းသည့် နေရာလွတ်တွင်
ပင်အဆင်ပြေပြေအလိုအလျောက်ပါကင်ထိုးနိုင်မည်ရန်စိတ်ကူးပုံဖော်လျှက်ရှိသည်။Volvoသည်ယာဉ်မောင်း
များတွင် တွေ့ကြုံရတတ်သည့်ပါကင်ပြဿနာကို ဖြေရှင်းရန်ယခုနည်းပညာကိုတီထွင်လာခြင်း ဖြစ်သည်။ 
 
လူတစ်ဦးသည်ကားပေါ်မှဆင်းလိုက်ပြီးနောက်မိမိဦးတည်သည့်ဆိုင်ခန်းဖြစ်စေ၊အိမ်ခန်းဖြစ်စေအလုပ်ခွင်ကို
ဖြစ်စေ သွားရောက်ပြီးနောက် မော်တော်ကားကမူ ပါကင်နေရာသို့ အလိုအလျောက် သွားရောက်ကာနေရာ
လွတ်တွင် အဆင်ပြေပြေ ဝင်ရောက် ရပ်တန့်သွားမည် ဖြစ်သည်။ 
 
ယင်းကဲ့သို့ ပါကင်ထိုးရာတွင် နံဘေးဝန်းကျင်ရှိ ကားများကို ထိခိုက်မှု မရှိအောင် လုံခြုံစွာ၊ ချောမွေ့စွာဖြင့် လုပ်ဆောင်နိုင်မည်ဟုလည်းသိရသည်။Volvoကယာဉ်ပိုင်ရှင်သည် အဆိုပါစနစ်ကိုစတင်သက်ဝင်စေရန်အ
တွက် မိမိ၏ စမတ်ဖုန်းဖြင့်ပင် ခိုင်းစေ ညွှန်ကြားနိုင်အောင် ဖန်တီးထားကြောင်း ဆိုသည်။ 
 
Volvoသည် အလိုအလျောက် ပါကင်ထိုးသည့် စနစ်ကို ယခုသီတင်းပတ်အတွင်း အတည်ပြုစမ်းသပ်ရန်စီစဉ်
ထားသည်။ "ယာဉ်မောင်းက ကားအပြင်ကို ထွက်ပြီးတာနဲ့ မော်တော်ကားက ပါကင်နေရာမှာ သွားရပ်မယ်။ ယာဉ်မောင်း ပြန်ထွက်လာရင်ပထမရပ်ထားတဲ့ နေရာမှာကားက အလိုလို လာကြိုပါမယ်"ဟု Volvo၏ အကြီး
တန်း လုံခြုံရေး အကြံပေး အရာရှိ သောမတ်စ် ဘရိုဘာ့ဂ်က ပြောကြားခဲ့သည်။ 
 
 မော်တော်ကားတွင် တပ်ဆင်ထားမည့် အာရုံခံ စနစ်သည် ကားနှင့် ပတ်ဝန်းကျင် ပါကင်နေရာ အကျယ်အ
ဝန်းတို့ကြား အကွာအဝေး ခြားနားချက်ကို တွက်ချက်သိရှိနိုင်သည်။ 
 
Volvoသည်(၂၀၁၄) နှစ်ကုန်ပိုင်းတွင် ထုတ်လုပ် ရောင်းချမည့် Volvo XC90 မော်ဒယ်လ် မော်တော်ကားများ
တွင် အလိုအလျောက် ထိန်းချုပ်စနစ်ကို စတင် ထည့်သွင်းပေးရန်လည်း စီစဉ်နေကြောင်း သိရှိရသည်။
 
RangonNewsDaily
kolatt(PBDN): 29.6.2013
Photo

Photo

Photo

Photo

0 comments:

Post a Comment