Tuesday, February 25, 2014
မြန်မာနိုင်ငံတွင် ပထမဆုံး ပိုလီတက္ကနစ်တက္ကသိုလ် တည်ထောင်မည်
RangonNewsDaily: February . 25 .2014
နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများ အတွက် မြန်မာနိုင်ငံတွင် ပထမဆုံး ပိုလီတက္ကနစ် တက္ကသိုလ်ကို တောင်ကိုရီးယားနိုင်ငံ ပိုလီတက္ကနစ် တက္ကသိုလ်နှင့် ပူးပေါင်းပြီး ရန်ကုန်မြို့တွင် တည်ထောင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကိုကိုဦးက ပြောကြားသည်။

မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဓါတ်ဆီဖြည့်ရာမှ မီးလောင်မှုဖြစ်
RangonNewsDaily: February . 25 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ရေခဲစက်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှတ ပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အိမ်အမှတ်(၁၇၈)နေ ဒေါ်စိမ်းစိမ်းမြင့်(၄၈)နှစ်၏ ““၀ါဝါ၀င်း””စက်သုံးဆီနှင့်စားသုံးဆီအရောင်းဆိုင်တွင် အလုပ်သမားဖြစ်သူ အောင်အောင်က ဓါတ်ဆီပေပါမှပလပ်စတစ်ပုံးခွံအတွ င်းသို့ ဓါတ်ဆီဖြည့်ရာမှ မီးလောင်ကျွမ်းခဲ့ကြောင်းတွေ့ရှိရသည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ရေခဲစက်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှတ
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဆက်သွယ်မည့် တံတားတစ်စင်း ထပ်မံဆောက်လုပ်မည်
RangonNewsDaily: February . 25 .2014
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာ အုပ်စုမှ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်သို့ ဆက်သွယ်ပေးမည့် နတ်ကြီး-ဖာပွန် သံကူကွန်ကရစ် တံတားတစ်စင်း ထပ်မံဆောက်လုပ်ရန် ပြည်နယ် ဘဏ္ဍာငွေမှ ကျပ်သန်း ၁၅၀၀ အသုံးပြုမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြောကြားသည်။
ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားများကို နယ်စပ်ဖြတ်ကျော်မှု ကန့်သတ်
RangonNewsDaily: February . 25 .2014
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာနိုင်ငံသားများ ကန်ချနပူရီ-စံခလပူရီ-ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ကာ ပြည်တော်ပြန်နေမှုကို ထိုင်းအာဏာပိုင်တို့က ဖေဖော်ဝါရီ ၂၃ရက်တွင်စတင်ကန့်သတ်လိုက်သည်။“ဒီညွှန်ကြားချက်က ချော်ကော်
(ကန်ချနပူရီအခြေစိုက် အမှတ်(၉) တပ်မတော်ဌာနချုပ်)ကလာတဲ့ တိုက် ရိုက်ညွှန်ကြားချက်ဖြစ်တယ်။ ဒီလမ်းမှာ ထိုင်းရဲတွေက ရှောင်တခင်ဂိတ်တွေချပြီး ပတ်စပိုစ့်သမားတွေ ကို တစ်ဦးကို ၁၀၀ ဘတ်ကောက်တယ်။ ဒါကို ဖြေရှင်းချင်တာလည်း ပါတယ်။ နောက်တစ်ခုက ဒီလမ်း က တရားဝင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်း မဟုတ်ဘူး”ဟု ထိုင်း အမှတ်(၉)တပ်မတော်မှ အမည်မ ဖော်လိုသူ အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာနိုင်ငံသားများ ကန်ချနပူရီ-စံခလပူရီ-ဘုရားသုံးဆ
(ကန်ချနပူရီအခြေစိုက် အမှတ်(၉) တပ်မတော်ဌာနချုပ်)ကလာတဲ့ တိုက် ရိုက်ညွှန်ကြားချက်ဖြစ်တယ်။ ဒီလမ်းမှာ ထိုင်းရဲတွေက ရှောင်တခင်ဂိတ်တွေချပြီး ပတ်စပိုစ့်သမားတွေ ကို တစ်ဦးကို ၁၀၀ ဘတ်ကောက်တယ်။ ဒါကို ဖြေရှင်းချင်တာလည်း ပါတယ်။ နောက်တစ်ခုက ဒီလမ်း က တရားဝင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်း မဟုတ်ဘူး”ဟု ထိုင်း အမှတ်(၉)တပ်မတော်မှ အမည်မ ဖော်လိုသူ အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
မြန်မာအိမ်အကူများ ဟောင်ကောင်သို့ ပထမအသုတ် ရောက်ရှိ
RangonNewsDaily: February . 25 .2014
ပထမဆုံးအသုတ်အနေဖြင့် မြန်မာအိမ်ဖော်များ ဟောင်ကောင်သို့ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၄ ရက်)က ရောက်ရှိခဲ့ပြီး နောက်လ
များတွင် မြန်မာအိမ်အကူ ၂၀၀နှင့် နောက်နှစ်တွင် ၁,၀၀၀ ထက်မနည်းရောက်ရှိ လာလိမ့်မည်ဟု မျှော်လင့်ကြောင်း South China Morning post သတင်းတွင် ဖေဖော်ဝါရီ ၂၄ ရက်က ဖော်ပြထားသည်။
အိုဘားမား နှင့် ဒလိုင်းလားမား တွေ့ဆုံမှု တရုတ် ကန့်ကွက်
တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား နှင့် အမေရိကန် သမ္မတ အိုဘားမား တွေ့ဆုံစဉ် (ဓာတ်ပုံ – White House)
RangonNewsDaily: February . 25 .2014အမေရိကန် သမ္မတ အိုဘားမားက တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်က ၀ါရှင် တန် ဒီစီ ရှိ သမ္မတ အိမ်ဖြူတော်တွင် လက်ခံတွေ့ဆုံလိုက်ခြင်းကို တရုတ် အစိုးရက ပြင်းထန်စွာ ဝေဖန်ကန့်ကွက်လိုက်သည်။
ဂျပန်အခြေစိုက် Aeon ကုမ္ပဏီရန်ကုန်မြို့တွင်ဈေးဝယ်စင်တာ တည်ဆောက်မည်
RangonNewsDaily: February . 25 .2014
ဂျပန်နိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု ဖြစ်သော Aeon ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဈေးဝယ် စင်တာတည်ဆောက်ရေးစီမံချက်တစ်ရပ် ချမှတ်လိုက်သည်ဟု ရှန်ဟိုင်းနေ့စဉ်သတင်းဌာနက ယနေ့ဖော်ပြသည်။
Aeon ကုမ္ပဏီသည်လာမည့်မတ်လတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရုံးခွဲဖွင့်လှစ်ရန်လာရောက်လေ့လာမည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ရန်ရည်ရွယ်ထားသောဈေးဝ ယ်စင်တာအတွက် တည်ဆောက်ရေးလုပ်ငန်းများစတင်သွားမည်ဟုလည်းသိရသည်။
ဂျပန်နိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု
Aeon ကုမ္ပဏီသည်လာမည့်မတ်လတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရုံးခွဲဖွင့်လှစ်ရန်လာရောက်လေ့လ
လာမည့် ဘဏ္ဍာနှစ် အတွင်း ဆက်သွယ်ရေး တာဝါတိုင် နှစ်ထောင်ကျော် ထပ်မံ တည်ဆောက်မည်
RangonNewsDaily: February . 25 .2014
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးရန် လိုင်စင် ရရှိထားသော တယ်လီနော၊ Oreedoo ကုမ္ပဏီတို့နှင့် မြန်မာ ဆက်သွယ်ရေး လုပ်ငန်းတို့ ပူးပေါင်းကာ လာမည့် ဘဏ္ဍာနှစ် အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး တာဝါတိုင် နှစ်ထောင်ကျော် ထပ်မံ တိုးချဲ့ တည်ဆောက်သွား မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

ရွန်နီ၏ ခေါင်းဆောင်မှု အရည်အသွေးများကို ဗီဒစ်ချီးကျူး
RangonNewsDaily: February . 25 .2014
မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာတော့မည်ဖြစ်သော အသင်းခေါင်းဆောင် နီမန်ယာဗီဒစ်က တိုက်စစ်မှူး ဝိန်းရွန်နီ၏ ခေါင်းဆောင်မှု စွမ်းရည်များကို အသိအမှတ်ပြု ပြောကြားလိုက်သည်။စာချုပ်သက်တမ်း ကုန်ဆုံးမည့် နွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းမည်ဟု ကြေညာထားသည့် ဆာဘီးယား ဗဟိုနောက်ခံလူ၏ မှတ်ချက် စကားများက လာမည့်ရာသီသစ်အတွက် ယူနိုက်တက်တွင် မည်သူမည်ဝါ အသင်းခေါင်းဆောင် ဖြစ်သင့်ကြောင်း အရိပ်အမြွက် ထောက်ခံသည့်သဖွယ် ဖြစ်လာသည်။
တောင်ငူမီးဘေးသင့် ဈေးသူ၊ ဈေးသားများ သမ္မတနှင့် တွေ့ခွင့်မရ
RangonNewsDaily: February . 25 .2014
ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ် ခရီးစဉ်သို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လာရောက်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို မီးဘေးသင့် ဈေးသူ၊ ဈေးသားများက တွေ့ခွင့်ရရန် သုံးနာရီနီးပါး စောင့်ဆိုင်း ခဲ့ရသော်လည်း တွေ့ခွင့် မရခဲ့ကြောင်း တောင်ငူ မြို့မဈေးကြီး လုပ်ငန်း စစ်ဆေးရေး ကော်မတီဝင် ဦးလွင်အေးက ပြောကြားသည်။
အမျိုးသမီးဝန်ကြီးဌာနထားဖို့ အစီအစဉ် မရှိသေး
RangonNewsDaily: February . 25 .2014
အမျိုးသမီးတွေကို အထူးအခွင့်အရေးပေးပြီး အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသမီးဝန်ကြီးဌာန သီးခြားထားပေးဖို့ အစီအစဉ် ရှိ မရှိ ထန်တလန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာ အဲဒီလိုအစီအစဉ် မရှိသေးကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
မိုင်းဖုန်း ဆရာတော် မန္တလေးသို့ နှစ်ရက်ခန့် ကြွရောက် သီတင်းသုံးမည်
RangonNewsDaily: February . 25 .2014
ပြီးခဲ့သည့် ဆယ်နှစ်ကျော်ခန့်က မိုင်းဖုန်း ဆရာတော်နှင့် အတူ စီးနင်း လိုက်ပါလာသည့် ယာဉ်တန်းတွင် မူးယစ်ဆေးဝါး တွေ့ရှိမှုဖြင့် ဆယ်နှစ်ကြာ ပြည်ဝင်ခွင့် ပိတ်ခံ ထားရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော မိုင်းဖုန်း ဆရာတော်သည် မန္တလေး မြို့တော်သို့ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် မန္တလေး ရှမ်းသာရေး နာရေး အသင်း၌ သီတင်းသုံးမည် ဖြစ်ကြောင်း အဆိုပါ အသင်း အတွင်းရေးမှူး ဦးစိုင်းဆိုင်မိန်းက ပြောကြားသည်။

တိုင်းရင်းသား လူမျိုးများစာရင်းကို သန်းခေါင်စာရင်းပြီးမှ ပြင်မည်
RangonNewsDaily: February . 25 .2014
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Subscribe to:
Posts (Atom)