Wednesday, March 5, 2014
ဖြုတ်ချခံ သမ္မတ ဗစ်တာယာ နူကိုဗစ်ခ်ျသည် ယူကရိန်း နိုင်ငံ၏ တရားဝင် သမ္မတ ဖြစ်နေဆဲဟု ရုရှားပြောကြား
RangonNewsDaily: March . 5 .2014
ယူကရိန်း နိုင်ငံ၏ ဖြုတ်ချခံ သမ္မတ ဗစ်တာယာ နူကိုဗစ်ခ်ျသည် နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှုကို ပြန်လည် ထူထောင်နိုင်ရေး အတွက် ယင်းနိုင်ငံ အတွင်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန် ရုရှား နိုင်ငံအား တောင်းဆို ခဲ့သည်ဟု ယူကရိန်း အရေးနှင့် ပတ်သက်၍ အရေးပေါ် ပြုလုပ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ နောက် ဆုံး ဆွေးနွေးပွဲတွင် ရုရှား နိုင်ငံက မတ် ၃ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့ တခြမ်းပဲ့ဗလီရှေ့တွင် မဖွယ်မရာ ပြုလုပ်၍ ရန်စမှုများပေါ်ပေါက်
တခြမ်းပဲ့ဗလီရှေ့တွင် မဖွယ်မရာ ပြုလုပ်ခဲ့ပြီး ကားပေါ်ပြန်တတ်နေသော အဆိုပါလူစီးနင်းလာသော ယာဉ်နှင့်အတူ CCTV Camera မှတဆင့်တွေ့မြင်ရစဉ်
RangonNewsDaily: March . 5 .2014ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ အောင်ဆန်း အားကစားကွင်းအနီးတွင်ရှိသော တခြမ်းပဲ့ဗလီကြီးအား အစ္စလာမ်ဘာသာဝင်မဟုတ်သူအချို့က မဖွယ်မရာများပြုလုပ်၍ ရန်စမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အင်းလျားဘေး ၃၄ ထပ်မြင့် အဆောက်အဦ ဆောက်တာ ဥပဒေနဲ့ ညီရဲ့လား
RangonNewsDaily: March . 5 .2014
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက် ဦးထွန်းငြိမ်းလမ်းသည် အင်းလျားကန်ဘေးတွင် တည်ရှိပြီး ဆိပ်ငြိမ် ရပ်ကွက်တခုဟု လူသိများခဲ့သည်။ သို့သော် အခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် ၃၄ ထပ် အဆောက်အဦကြီးတခု လာရောက်ဆောက်လုပ်ရာမှ ရပ်ကွက်နေပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ကြောင့်ကြစရာ ဖြစ်လာနေခဲ့ရသည်။ သူတို့၏ စိုးရိမ်မှုများကို သက်ဆိုင်ရာအာဏာပိုင်များက လျစ်လျူရှုနေခဲ့သည်။
အထပ်မြင့်တိုက် ဆောက်လုပ်ရေး စာချုပ်အရည်အသွေး၊ အချက်အလက် တိကျစွာမဖော်ပြ
RangonNewsDaily: March . 5 .2014
မြန်မာနိုင်ငံတွင်း အထပ်မြင့်တိုက်များ ဆောက်လုပ်ရန် စာချုပ်ရာတွင် ပါဝင်ပစ္စည်းများ၏ အရည်အသွေးကို တိကျစွာ ဖော်ပြထားမှု မရှိကြောင်း စင်ကာပူနိုင်ငံ Changi နိုင်ငံတကာ လေဆိပ်စီမံကိန်းနှင့် အင်ဂျင်နီယာဌာနမှ မန်နေဂျာ ဦးစိုးမင်းဆက်က ပြောကြားသည်။
မြန်မာနိုင်ငံတွင်း အထပ်မြင့်တိုက်များ ဆောက်လုပ်ရန် စာချုပ်ရာတွင် ပါဝင်ပစ္စည်းများ၏ အရည်အသွေးကို တိကျစွာ ဖော်ပြထားမှု မရှိကြောင်း စင်ကာပူနိုင်ငံ Changi နိုင်ငံတကာ လေဆိပ်စီမံကိန်းနှင့် အင်ဂျင်နီယာဌာနမှ မန်နေဂျာ ဦးစိုးမင်းဆက်က ပြောကြားသည်။
တပ်မတော် လေ့ကျင့်ရေးကွင်း အနီး ကောက်ရသော ကျည်ဆန်ကို ကစားရာမှ နွားကျောင်းနေသူတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရ
RangonNewsDaily: March . 5 .2014
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်စပ်ရှိ ဖက်တောကျေးရွာမှ အသက် ၂၀ ရှိ လူငယ်တစ်ဦးနှင့် အသက် ၁၂ နှစ်မှ ၆ နှစ်အတွင်းရှိ ယောက်ျား သုံးဦးတို့သည် မတ်လ ၁ ရက်နေ့က တပ်မတော် လေ့ကျင့်ရေးကွင်း နယ်နိမိတ်အတွင်း ဝင်ရောက် နွားကျောင်းရာမှ ကျည်ဆန်တစ်ခု ကောက်ရပြီး ဆော့ ကစားစဉ် ပေါက်ကွဲပြီး ၁၂ နှစ် အရွယ် ယောက်ျားလေးတစ်ဦး သေဆုံး၍ ကျန် သုံးဦး ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြောင်း ကာယကံရှင်များ၏ မိဘများထံမှ စုံစမ်းသိရှိရသည်။
ထီးချိုင့်တွင် စက်ရုံထွက် အနံ့ဆိုးများကြောင့် ဒေသခံအများစု အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားဟုဆို
RangonNewsDaily: March . 5 .2014
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာ အုပ်စုတွင် ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းစု ကုမ္ပဏီလီမိတက်ပိုင် သကြားစက်၊ အီသနော၊ မက်သနောစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ဟွန်ဒါ မြန်မာသစ်ပါးလွှာ စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် ဒေသခံအများစုမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များလာကြောင်း အဆိုပါ မောင်းကုန်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
Subscribe to:
Posts (Atom)