Saturday, March 23, 2013
Breaking News: ရမည်းသင်း မြို့နယ် ရွာတုန်းကျေးရွာ တရွာလုံးနီးပါးပြာကျ (ည ၁၁ နာရီ)
မတ်လ၂၃၊၂၀၁၃ည၁၁နာရီရမည်းသင်းမြို့နယ်၊ ရွာတုန်းအုပ်စု ရွာတန်းကျေးရွာ ကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါး မိးလောင်ပြာကြသွားကြောင်း သတင်းရရှိသည်။ ရေကြည်ရွာနဲ့ ပုရွက်ဆိတ် ရွာဘက်ကို လူတစ်ထောင်လောက် ထွက်သွားကြကြောင်း သိရှိရပါသည်။
မိထ္ထီလာ အကြမ်းဖက်မှုတွင် ကိုယ်တိုင် ပါဝင် ကျူးလွန်ခဲ့သူ တစ်ဦးအား ခြေရာခံမိခြင်း နှင့် ကြိုတင်ကြံစည်မှုများ ရှိကြောင်း သိရှိရခြင်း
မျိုးမင်းဟုခေါ်သော ဓာတ်ပုံရှင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.
M.C) ရဲ့မိတ္ထီလာ တူရကီ စစ်သင်္ချိုင်းနှင့်ပတ်သက်ပြီး ရေးသားထားသောပို့စ်၌ မတ်လ ၁၈ ရက်နေ့(အကြမ်း
ဖက်မှု မဖြစ်ပွားခင် ၂ ရက်အလို) ၌ မိတ္ထီလာတွင် ၄င်းကိုယ်တိုင် လူသတ်ပွဲကျင်းပရလိမ့်မည်၊ ကုလားတွေ
မျိုးကန်အောင် ဆော်ရမှာပဲဟု ပထမအကြိမ် Commentပေးခဲ့ကြောင်းသတင်းရရှိသည်။
ဂရိအကျဉ်းထောင်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်
Saturday,, March 23, 2013
ဂရိနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ညလုံးပေါက် ပစ်ခတ်တိုက်ခိုက် မှု ဖြစ်ပွားပြီးနောက် အကျဉ်းသား ၁၁ ဦး သောကြာနေ့က ထွက် ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဂရိနိုင်ငံရှိ ထရီကာလာ အကျဉ်းထောင်မှ အယ်လ်ဘေးနီးယား အကျဉ်းသား ၁၁ ဦးက ထွက် ပြေးလွတ်မြောက်မသွားမီ အကျဉ်းထောင်စောင့်များနှင့် AK-47 ကိုင် သေနတ်သမားများကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

မိတ္ထီလာမြို့အကြမ်းဖက်ဖက်မှုတွင် အကြမ်းဖက်အဖွဲ့မှ မီးသေနတ် များသုံးစွဲခဲ့
မိတ္ထီလာ ဘာသာရေး အကြမ်းဖက် သတ်ဖြတ်မှုမှာ လက်နက်များ သုံးစွဲခဲ့မိတ္ထီလာမြို့မှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်969အကြမ်းဖက်ဂိုဏ်းမှ အကြမ်းဖက်
မီးရှို့တိုက်ခိုက်မှုများတွင် လက်နက်များ သုံးစွဲခဲ့တယ်လို့
မျက်မြင်တွေ့ရှိခဲ့သောဒုက္ခသည်များမှပြောကြားပါတယ်။`မီးသေနတ်တွေလို့ထင်တယ်။ ဘယ်လိုဟာမျိုး
တော့အတိအကျမပြောတတ်ဘူး။ထွက်ပြေးနေတဲ့အချိန်နောက်ကနေလှမ်းပစ်လိုက်တာပဲ။ချက်ချင်းတစ်ကိုယ်
လုံး မီးလောင်ကုန်တယ်။ အလူးလူးအလှိမ့်အလှိမ့်ဖြစ်နေပြီးတော့ သေကုန်တယ်။ အိမ်တွေကိုလည်း ဒီလိုပဲ လှမ်းပစ်တယ်။´ ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပြတာ ဖြစ်ပါတယ်။
ရမည်းသင်းမြို့နယ် ရွာတန်းအုပ်စု ဈေးကုန်းဗလီ ယနေ့ ည ၈-နာရီခန့်က မီးရှိုခံရ
မတ်လ-၂၃-၂၀၁၃
ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီအား ယနေ့ ည ၈-နာရီခန့်က မီးရှို့နေသည်ဟု သတင်းကြားသိရပါသည်။ ရွာတန်းကျေးရွာတွင် မွတ်စလင်မ် အိမ်ခြေ (၄၀)၀န်းကျင်ခန့်သာရှိပြီး ယင်းမီးရှို့ခံရသည့်သတင်းကြောင့် ရမည်းသင်းမြို့မှ မီးသတ်ကားများရွာတန်းကျေးရွာသို့  သွားရောက်နေပြီး ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့်လည်း သွားရောက်နေသည်ဟုသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီးတွင် ဟိန္ဒူဘာသာဝင်များဘုရားဖူးလှည့်လှည်နေစဉ် အကြမ်းတိုက်ခိုက်ဖက်ခံရ
ယမန်နေ့ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊
အင်းစိန်လမ်းမကြီး၊ ရွာမကွေ့၊ ရေကြောင်းသိပ္ပံအနီးမှ ဟိန္ဒူဘာသာဝင်များ
ဒေသစာရီ ဘုရားလှည့်လည်ပွဲကျင်းပနေစဉ် လူဦးရေ (၂၀၀) ခန့်မှ တုတ်များဖြင့်
ရောက်ရှိလာပြီး အကြမ်းဖက် ၀ိုင်းရိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
တောင်တွင်းမြို့ တွင် ဆူပူမှုဖြစ်အောင် လှုံ့ဆော်စာတွေဝေနေ
နိုင်ငံတော်သမ္မတကြီးက ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာ ဝါဒဖြန့်တာ လုပ်ရင် အရေးယူမယ်လို့ မနေ့ကကြေငြာတဲ့အထဲမှာထည့်ပြောသွားပါတယ်။မနေ့ကကောဒီနေ့နေ့ခင်းကော တောင်တွင်းကြီး မြို့မဈေး
ထဲမှာမွတ်စလင်တွေအပေါ်အထင်မြင်လွဲမှားစေရန်ပဋိပက္ခဖြစ်စေရန်လှုံ့ဆော်ထားတဲ့ လက်ကမ်းစာတွေ
ဝေခဲ့ပါတယ် ။ တာဝန်ရှိသူတွေ တားစီးတာ အရေးယူတာ မတွေ့ရပါဘူး။ ရေးထားတာတွေက တမင် အကွတ်ချ မဟုတ်မဟတ် လုပ်ကြံရေးထားတာတွေ ဖြစ်ပြီး ဘာသာနှစ်ခုကြား ပြဿနာ မဖြစ်ဖြစ်အောင် လုပ်ဆောင်ထားတာတွေပါ။
နိုင်ငံတကာသတင်းဌာနများတွင် မိတ္ထီလာမြို့ အကြမ်းဖက်မှု သတင်းပြချက်
Reuters - ယခုဖြစ်စဉ်မှာ ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် အစွန်းရောက်များ
အဖွဲ့ဖွဲ့ စုစည်းကာ လူနည်းစု မွတ်စလင်များကို စုပေါင်းတိုက်ခိုက်ခဲ့သည့်
ပုံစံနှင့်တူကြောင်း။
...
CNN - လူ (၁၀၀)ခန့်ရှိသော ဘုန်းကြီးများပါဝင်သည့် ဗုဒ္ဓဘာသာအကြမ်းဖက် အုပ်စုမှာ မတ်လ(၂၁)ရက် ညပိုင်း၌ အစ္စလာမ်ဘာသာ ဝတ်ပြုကျောင်း ဗလီများကို မီးရှို့ခဲ့ကြသည်။
...
CNN - လူ (၁၀၀)ခန့်ရှိသော ဘုန်းကြီးများပါဝင်သည့် ဗုဒ္ဓဘာသာအကြမ်းဖက် အုပ်စုမှာ မတ်လ(၂၁)ရက် ညပိုင်း၌ အစ္စလာမ်ဘာသာ ဝတ်ပြုကျောင်း ဗလီများကို မီးရှို့ခဲ့ကြသည်။
မော်လမြိုင် မြို့နှင့် ပဲခူးမြို့တို့တွင် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်စာများ ပေးပို့ထားကြောင်းသတင်းရရှိ
မော်လမြိုင်မြို့ ကျော်ကြား
အိမ်ဆောက်ပစ္စည်းဆိုင် နှင့် ရွှေဝတီ အလှပြင်ဆိုင် (ေ၇ွှကျီး ငရုတ်မှုန့် )
တို့မှ ငွေကြေး အကုန်အကျခံကာ ဓါးအလက် ၃၀၀၀(သုံးထောင် )ကို
ဘီလူးကျွန်းမြို့နယ်ချောင်းဆုံရွာတွင်
ရိုက်နှက် (ပြုလုပ်) စေပြီး မော်လမြိုင်မြို့နယ် လမုတန်းရပ်ကွက်အတွင်းဖြန့်ဝေထား လျက်ရှိပါသည်။ လူငယ်များကိုစည်းရုံးသိမ်းသွင်း၍
လျှို့ဝှက် သင်တန်းပေးလျှက်၇ှိကြောင်း သိရပါသည်။ နိုင်ငံတော်အနေဖြင့်
အချိန်မှီ တားဆီးပေးပါရန် အကြမ်းဖက်မလိုလားသော ဗုဒ္ဓဘာသာဝင် များဘက်မှ
မေတ္တာရပ်ခံအပ်ပါသည်။
မိတ္ထီလာမြို့ အကြမ်းဖက်မှုများ နောက်ကွယ်မှ သံသယ ဖြစ်စရာများ စိစစ်တွေ့ရှိ
၁။ ပြဿနာ မဖြစ်ပွားခင် တစ်ပတ်အလို : အွန်လိုင်းပေါ်မှာ မိတ္ထီလာမြို့မှာ ဘာသာခြားတွေ လွှမ်းမိုးနေပါတယ်လို့ အော်တယ်။ ဆန့်ကျင်စာတွေ ဖြန့်တယ်။ အဲဒီမြို့မှာလဲ ဖြန့်လိမ့်မယ်လို့ ထင်တယ်။ ၂။ ပြဿနာ ထဖြစ်ချိန် : တစ်နယ်က လာတဲ့ လင်မယားနှစ်ယောက် (ဘယ်နယ်က လာမှန်းမသိဘူး) ဘာသာခြားဆိုင်ကိုမှ ရွှေဝင်ရောင်းတယ်။
ရွှေဆိုင်ကလူတွေ ဆိုတာကရော အဆင်မပြေတာနဲ့ ဘာလို့ ၀ိုင်းရိုက်လွှတ်ကြတာလဲ။
ရုတ်ရုတ်သည်းသည်းဖြစ်ရင် ရွှေဆိုင်ဆိုတာ အနာချည်းပဲ ဆိုတာ နားမလည်ဘူးလား။
နားလည်လျက်က ရိုက်သလား။အရိုက်ခံရသူနဲ့ ရိုက်သူတွေက အခုမှ တွေ့ဘူးကြတာ ဟုတ်ရဲ့လား။
Myanmar army takes control of central city, imposing tense calm after violence kills dozens (ဓာတ်ပုံ များ က ပြောသော မိတ္ထီလာ )
MEIKHTILA, Myanmar — Myanmar’s army took control of a ruined central city on Saturday, imposing a tense calm after several days of clashes between Buddhists and Muslims left piles of corpses in the streets and buildings ablaze in the worst sectarian bloodshed to hit the Southeast Asian nation this year.
ကျောက်ဆည်ခရိုင်ဆူးလေကုန်းကျေးရွာရှိမိတ္ထီလာမြို့မှဒုက္ခသည် များအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများလိုအပ်လျှက်ရှိနေ
ကျောက်ဆည်ခရိုင်ဆူးလေကုန်းကျေးရွာရှိမိတ္ထီလာမြို့မှဒုက္ခသည်များအတွက် အရေးပေါ်ကယ်ဆယ်ရေး
ပစ္စည်းများလိုအပ်လျှက်ရှိနေကြောင်းသတင်းရရှိပါသည်။မိတ္တိလာမြို့ဘောလုံးကွင်း အတွင်း နေရာချထား
သောဒုက္ခသည်များထံရေနှင့်အစားသောက်များမရရှိသေးကြောင်းလဲသိရသည်။ အရေးပေါ်ကယ်ဆယ်ရေး
အတွက်လိုအပ်နေသောပစ္စည်းများမှာ--
Embassy Phone Number နိုင်ငံတကာ သံရုံများရဲ့ တယ်လီဖုန်းနံပါတ်များ
(1) Saudi arabia (ဆော်ဒီအာရေဗီယာ သံရုံး)
Tel :: 01536153 / 01516952
(2) Turkey (တူရကီ သံရုံး)
Tel :: 01662992 / 01661365
email :: myates@mfa.gov.tr / trembassyygn@yahoo.com
(3) Brunei (ဘရူနိုင်း သံရုံး)
Tel :: 01526985 / 01503978
Tel :: 01536153 / 01516952
(2) Turkey (တူရကီ သံရုံး)
Tel :: 01662992 / 01661365
email :: myates@mfa.gov.tr / trembassyygn@yahoo.com
(3) Brunei (ဘရူနိုင်း သံရုံး)
Tel :: 01526985 / 01503978
မိတ္ထီလာ အဓိကရုဏ်းကိုထိန်းသိမ်းဖို့ တပ်ရင်း ၁၀ ရင်းထပ်မံရောက်ရှိ
သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့နယ်နဲ့မလှိုင်၊ဝမ်း တွင်းနဲ့သာစည်မြို့ရဲ့
အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရန်ကုန်အခြေစိုက် အမှတ်(၄)
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းဟာ မနေ့ညက
မိတ္ထီလာမြို့ကို ရောက်ရှိလာပါတယ်။ ဒီတပ်ရင်းတွေဟာ
ကြိုတင်ရောက်ရှိနေတဲ့ တပ်မ ၇၇ ရဲ့တပ်ရင်းသုံးရင်းနဲ့ ပူးပေါင်းပြီး
အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်လေးမြို့နယ်ရဲ့
တရားဥပဒေစိုးမိုးရေးနဲ့နယ်မြေတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
မြန်မာ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ယန်းသန်း ၁၅ ဘီလီယံကျော် ကူညီ
Saturday,, March 23, 2013
ဂျပန်အစိုးရက မြန်မာအစိုးရအား ယန်းသန်း ၁၅ ဘီလီယံကျော် ကူညီမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန မှတဆင့် သိရသည်။ ယင်းအတွက် မြန်မာ-ဂျပန် အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို မတ်လ ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။
ရွှေတိဂုံ စေတီတော် ၏ ၂၆၀၁ နှစ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော်ကြီး ကျင်းပပြုလုပ်မည်
Saturday,, March 23, 2013
ရွှေတိဂုံ စေတီတော် ၏ ၂၆၀၁ နှစ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော်ကြီးကို ၁၇-၃-၂၀၁၃ ရက်နေ့မှ ၂၆-၃-၂၀၁၃ ရက်နေ့ အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိရာ စေတီတော် ကြီးအားသံဃာတော်အပါး၁၈၀ ဖြင့်
ဗုဒ္ဓါဘိသေက အနေကဇာ တင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနား နှင့် ရေစက်ချ အနုမောဒ
နာ အခမ်းအနား များအားလည်း အောက်ပါ အစီအစဉ် အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဆန္ဒဖော်ထုတ်ပွဲ ယနေ့စနေပြီ
Saturday,, March 23, 2013
ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ
စီစစ်ခြင်းမရှိပါဘဲ၊ လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်ခြင်းကို
ကန့်ကွက်သည့်အနေဖြင့် တောင်ကုတ်မြို့နယ် လူမှုကွန်ယက်မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို စတင်ရန်ပြင်ဆင်နေပြီဟု သိရသည်။
Anroid ဖုန်းများအတွက် Gothere Myanmar ဗားရှင်းအသစ်လွှင့်တင်
ရန်ကုန် မတ် ၂၃
အန်းဒရွိုက်ဖုန်းများ၌ထည့်သွင်းအသုံးပြုနေသည့်GothereMyanmarအယ်ပလီကေးရှင်းအား ဗားရှင်းအသစ်ဖြင့် ထပ်မံဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဗားရှင်းအသစ်အား ယနေ့ ညနေမှ စတင်၍ ၄င်းတို့၏ www.go-there-myanmar.com တွင် စတင်ဆွဲယူနိုင်ပြီဖြစ်ပြီး ဗားရှင်းအသစ်တွင် အခကြေးငွေဖြင့် အသုံးပြုရမည့် စနစ်များပါဝင်လာမည် ဖြစ်ကြောင်းသိရသည်။
ထိန်းသိမ်းခံ အာရဗီကျာင်းသားများ ပြန်လွတ်
မိတ္ထီလာ အမှတ်(၁)ရဲစခန်းမှ ထိန်းသိမ်းထားသည့်
အာရဗီစာသင်သား(၈၅)ဦးမှာ လူမှုရေးအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် မတ်လ၂၃ ရက်နေ့
နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။
မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် နှစ်စင်း အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွား ရောက် ခဲ့ရာမှ ပြန်လည် ရောက်ရှိ
Saturday,, March 23, 2013
မြန်မာ့ တပ်မတော် (ရေ) မှ စစ်ရေယာဉ် အောင်ဇေယျနှင့် စစ်ရေယာဉ် ဘုရင့်နောင်
တို့သည် အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern Naval
Command) တည်ရှိရာ အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊ VISHAKHAPATNAM ဆိပ်ကမ်းသို့ ချစ်ကြည်ရေး ခရီး အလည် အပတ် သွားရောက်ရန် မတ် ၅ ရက်က စတင်ထွက်ခွာ သွားရာမှ ယနေ့ နံနက် ၁ဝ နာရီတွင် အမှတ်(၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ) သို့
ပြန်လည်ရောက် ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး
ဦးဆောင်သော တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစု များက ကြိုဆို
နှုတ်ဆက်ကြသည်။

မိတ္ထီလာမြို့ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ် အခြေအနေ
မိတ္ထီလာမြို့ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အား အရေးပေါ်အခြေအနေ
ကြေညာပြီးနောက်ပိုင်း မီးရှို့ခြင်း၊ ဆူပူအကြမ်းဖက်မှုများ မရှိတော့ပဲ
ဒေသအခြေအနေ တည်ငြိမ်မှု ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်၍ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်တွင် Eleven Media Group မှ မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ ဆေးရုံတာဝန်ရှိသူ တစ်ဦးက “မနေ့ညနေ လေးနာရီ စာရင်းပိတ်ပြီး ကတည်းက သေဆုံး၊ ဒဏ်ရာရတဲ့သူတွေ ဆေးရုံကို ရောက်ရှိလာခြင်း မရှိတော့ပါဘူး။

နေပြည်တော်အနီး အေလာမြို့နှင့် ၂-မိုင်ခန့် ကွာဝေးသည့် ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရပြန်
မတ်လ ၂၃၊ ၂၀၁၃
အေလာမြို့ ။ ။ နေပြည်တော်အနီး၊ အေလာမြို့၊ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များအား ၂၃
-ရက် မနက်(၁)နာရီခန့်မှစ၍ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ နေပြည်တော်အနီး အေလာမြို့နှင့် ၂-မိုင်ခန့် ကွာဝေးသည့် ရုံးပေရွာတွင် ဗလီနှင့် လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီမှစ၍ မီးရှို့နေ
သည့်အတွက် ရုံးပေရွာရှိ မွတ်စလင်မ်များ ထွက်ပြေးနေရကြောင်းသိရသည်။

အရေးပေါ်အခြေအနေ ကြေညာအပြီး မိတ္ထီလာမြို့ငြိမ်သက်နေ
အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက်
ဆူပူမှုတွေကို မတွေ့ရတော့ဘူးလို့ ဒေသခံ NLD ပါတီဝင် ဒေါက်တာသိန်းလွင်က
ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း
အခြေအနေကိုတော့ ဗွီအိုအေ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာက
ဆက်သွယ်မေးမြန်းချိန်မှာ ဒေါက်တာ သိန်းလွင်က အခုလို ပြောပါတယ်။
Subscribe to:
Posts (Atom)