Tuesday, November 5, 2013
ငွေစာရင်းမထုတ်ပြန်သည့်အတွက် နယ်မြေမှူးကို ပြည်သူ ၉၂ ဦး တိုင်ကြား
RangonNewsDaily:: November . 5 .2013
လားရှိုးမြို့ရှိ နယ်မြေမှူး တစ်ဦးအား ရေဘေးသင့်ပြည်သူများထံ လှူဒါန်းထားငွေများ ငွေစာရင်းရှင်းတမ်း မ
ထုတ်ပြန်သည့်အတွက်အရေးယူပေးရန်ရပ်ကွက်နေပြည်သူ၉၂ ဦးကလက်မှတ်ထိုးတိုင်ကြားထားကြောင်း
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဆီးရီးယား အရေးနှင့်ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြား သဘောတူညီမှု ရရှိ
RangonNewsDaily:: November . 5 .2013 ဆီးရီးယားနိုင်ငံတွင်းအခြေအနေတွေနဲ့ပတ်သက်လို့
အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြားမှာ သဘောတူညီမှုတွေ
ရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
ဆော်ဒီနဲ့အမေရိကန်ကြား ဆက်ဆံရေးဟာ မဟာဗျူဟာကျပြီး ကြာရှည်ခံမယ့်
ဆက်ဆံရေးမျိုး ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။

Myanmar Handsome အထည်ချုပ်စက်ရုံအလုပ်သမားများ ငါးရက်မြောက် အဖြစ် ဆက်လက်သပိတ်မှောက်နေကြပြီး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲ
RangonNewsDaily:: November . 5 .2013 ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ်စက်ရုံ မှ သပိတ်မှောက်အလုပ်သမား
၃၂၀ ကျော်မှာ ငါးရက်မြောက်အဖြစ်
ဆက်လက်သပိတ် မှောက်ခဲ့ကြပြီး တောင်းဆိုချက် (၄) ချက်အား
စက်
ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်သမားခေါင်းဆောင်
တစ်ဦးဖြစ် သူ ကိုစည်သူမင်းကပြောကြားခဲ့သည်။

ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေသော နည်းလမ်းသုံးခု
RangonNewsDaily:: November . 5 .2013
ကျောက်ကပ်က ခန္ဓာကိုယ် တွင်းနဲ့ သွေးကြောတွေကို သန့်စင်ပေးတဲ့ အင်္ဂါ အစိတ်အပိုင်း တစ်ခုပါ။ ကျောက်ကပ်ထဲ မှာ ပိတ်ဆို့နေပါက အညစ်အကြေးတွေ ကို ကောင်းစွာ မစွန့်ထုတ်နိုင်ပါ။ အောက် ပါ နည်းလမ်း သုံးခုကို လိုက်နာပါက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ပြီး ကျောက်ကပ် ရောဂါတွေ ဖြစ်ပွားမှုမှ ကင်းဝေးစေပါတယ်။

အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
RangonNewsDaily:: November . 5 .2013
မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး
ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး
သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး
အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင်
နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်သို့ မုန်တိုင်း 30W နှင့် 31W ရောက်ရှိလာတော့မည်
RangonNewsDaily:: November . 5 .2013
လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း ဗုံးပေါက်ကွဲ လူ ၄ဦးဒဏ်ရာရ
RangonNewsDaily:: November . 5 .2013
ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်အတွင်းရှိ အမို-ဆင်ဖြူတိုင်-ဘောင်း
တိလမ်းခွဲတွင် ယမန်နေ့ နေ့လည် ၁၂နာရီက ဗုံး တစ်လုံး ပေါက်ကွဲရာ ထိုင်းလူမျိုးအရပ်သား ၃ဦးနှင့် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကေအိုင်စီ က စုံစမ်းသိရှိရသည်။

တိုင်းရင်းသား ၁၆ ဖွဲ့ရဲ့ ဘုံတင်ပြချက် ၂ ခုကို ဆွေးနွေးဖို့ အစိုးရ မဆုံးဖြတ်နိုင်သေး
RangonNewsDaily:: November . 5 .2013
မြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၆ ဖွဲ့နဲ့အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့သမိုင်းဝင်တဲ့ ဆွေးနွေး

ပွဲပြုလုက်ကြပြီး ပထမရက်
ဆွေးနွေးမှုအတွင်း တိုင်းရင်းသားအဖွဲ့ဖက်က တင်ပြတဲ့ ဘုံသဘောတူညီချက် အချက် ၂
ချက်ကို အစိုးရဖက်က ထပ်မံ ဆွေးနွေးဖို့အချက်အဖြစ် သတ်မှတ်ထားပါတယ်။
အမေရိကန်ဒေါ်လာ အသစ်ထုတ်ဝေသည့် ဂယက်
RangonNewsDaily:: November . 5 .2013
အမေရိကန်နိုင်ငံက ငွေစက္ကူအသစ်များ ရိုက်ထုတ်လာသည့် သတင်းထွက်ပေါ်လာသည်။ စီးပွားရေး သတင်းကိုလိုက်ပြီး သတင်းဦး၊ သတင်းထူးများ ထုတ်ပြန်ပေးကြသည့် သတင်းစာ၊ ဂျာနယ်သမားများက စီးပွားရေးပညာရှင်များကို မေးကြမြန်းကြ၍ သတင်းဝေဖန်ချက်များ ရေးကြသည်။ သုံးသပ်ချက်များ ရေး ကြသည်။

သူလျှိုလုပ်တဲ့ ကိစ္စကြောင့် သြစီနဲ့ ပူးပေါင်းမှုအပေါ် ပြန်ဆန်းစစ်မယ်လို့ အင်ဒိုဆို
RangonNewsDaily:: November . 5 .2013
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ သြစတြေးလျသံရုံးမှာ ထောက်လှမ်းရေးပစ္စည်းကိရိယာတွေထားရှိတယ်

ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံအစိုးရကအမျက်ဒေါသထွက်နေပြီး သြစတြေးလျနဲ့ ပူးပေါင်းမှုလုပ်နေတဲ့ လုပ်ငန်းတချို့အပေါ် ပြန်လည်ဆန်းစစ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိရန် မဟာ ဓာတ်အားလိုင်းများ သွယ်တန်းနေ
RangonNewsDaily:: November . 5 .2013
မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို တန်းတူ ညီမျှဖွံ့ဖြိုး တိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ချင်းပြည်နယ်၏ မြို့တော် ဟားခါးဒေသ၌ ၂၄ နာရီ လျှပ်စစ် မီးလင်းနိုင်ရေးအတွက် မဟာ ဓာတ်အားလိုင်းကြီးများကို မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်မှ တစ်ဆင့် သွယ်တန်းလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

******************* မာန ရဲ့ ဆုလာဒ် *****************
RangonNewsDaily:: November . 4 .2013
✎✎ လမ်းခွဲကြတော့မဲ့ ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက်
မျက်နှာချင်းဆိုင်ရပ်လို့ ဆိတ်ငြိမ်နေတဲ့ ပတ်ဝန်းကျင်က ပိုပြီး
ချောက်ခြားစွာ အသက်ဝင်နေတယ်✎✎
::
☛ကောင်လေး☚
"ငါတို့ လမ်းခွဲကြရအောင် "
Subscribe to:
Posts (Atom)