BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY
Trending News
ခေါင်းနှစ်လုံးပါ လင်းပိုင်ငယ်တစ်ကောင်အား တူရကီ ကမ်းခြေတစ်ခုတွင် တွေ့ရှိ
RangonNewsDaily:: August . 12 .2014
ခေါင်းနှစ်လုံးပါရှိသော လင်းပိုင်ငယ် တစ်ကောင်သည် တူရကီနိုင်ငံ အနောက်ကမ်းရိုးတန်းရှိ အိုင်ဇီမာ ကမ်းခြေ တစ်ခုသို့ သြဂုတ် ၁၁ ရက် က သေဆုံး မျောပါလာသည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။
ကိုယ့် ဈာပန အခမ်းအနား ကိုယ်တိုင် တက်ရောက်ခဲ့သူ
RangonNewsDaily: June . 2 .2014
ပွာတိုရီကို နိုင်ငံက အသက် ၈ဝ အရွယ် ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဟာ သူ့ရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင် တက် ရောက်နိုင် တဲ့သူ ဖြစ်ပါတယ်။ 
အိန်္ဒိယ နိုင်ငံ က ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား
RangonNewsDaily: February . 26 .2014
အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။
ထူးဆန်းအံ့ဖွယ် မွေးကတည်းက အစာမစားတဲ့ ကမ္ဘာ့တစ်ဦးတည်းသော လူသား
Photo: ထူးဆန်းအံ့ဖွယ် မွေးကတည်းက အစာမစားတဲ့ ကမ္ဘာ့တစ်ဦးတည်းသော လူသား
ဖေဖေါ်ဝါရီ ၁၃ ရက် ၂၀၁၄
လူသား တွေ ကျန်းမာ စွာ အသက်ရှင် နေထိုင် ဖို့ အစား အစာ ဟာ မရှိ မဖြစ် အရေး ပါတယ် လို့ ပြော ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန်္ဒိယ နိုင်ငံ၊ နယူး ဒေလီ မြို့မှာ နေ ထိုင် တဲ့ အသက် (၂၅) နှစ် အရွယ် ရှိ ဒါ ဟာရာ အမည်ရ အမျိုး သမီး တစ်ဦး ဟာ မွေးက တည်းက အစာ မစားခဲ့ ဘူးလို့ သိရ ပါတယ်။ ဒါဟာရာ ဟာ မွေး ကင်းစ အရွယ် ကတည်း က လက်ရှိ အချိန် အထိ အစာ မစားဘဲ နွားနို့၊ လက်ဖက်ရည်နဲ့ ရေတို့ ကိုသာ သောက် သုံးပြီး အသက်ရှင်နေခြင်း ဖြစ်ပါတယ်။ ဒါဟာရာဟာ တစ်နေ့ကို နွားနို့ လေးလီ တာ ကနေ ငါးလီတာ အ ထိ သောက် သုံးကာ ဘ၀ကို ဖြတ်သန်းနေခြင်းဖြစ်ပြီး အ ဖတ်ပါတဲ့ အစာမာတွေကို စားသုံးပါက နာမ ကျန်း ဖြစ် တဲ့ ဝေဒနာ ခံစားရ တတ် ပါတယ်။
ဒါဟာရာဟာ ဆေးပညာအဆိုအရ achalasia ရောဂါ ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒီရော ဂါ ဟာ အစားအစာ ကို လည်ချောင်းထဲကနေ အစာအိမ် ထဲကို မပို့ ဆောင်ပေးနိုင်ခြင်းဖြစ်ပြီး အကျိုးဆက် က တော့ လည်ချောင်းတွေ နာကျင်တဲ့ ဝေဒနာခံစား ရတတ်ပါတယ်။ ဒီ ရောဂါ ခံစား နေ ရသူ ဟာ ဗြိတိန် တစ်ခု တည်း မှာ တောင် (၆၀၀၀)နီးပါး အထိ ရှိပါတယ်။ ဒါပေမဲ့ ဒီရောဂါဟာ ခွဲစိတ် ကုသမှု ခံယူလို့ရှိရင် ပျောက်ကင်း တယ် လို့ သိ ရပါတယ်။ ဒါဟာရာ မိသားစုဟာ ဆင်းရဲတာ မို့ ရောဂါ ဝေဒနာကို ပျောက်ကင်း အောင် ကုသ နိုင် ခြင်း မရှိပါဘူး။ ဒါဟာရာ မိဘ တွေဟာ ဆေးဖိုး မတတ် နိုင်လို့ နွားတစ်ကောင်ဝယ်ယူ ပြီး နွားနို့ရဖို့ကိုပဲ ဆောင် ရွက် ပေးနိုင်ပါတယ်။ ဒါဟာရာဟာ မွေးချင်း (၇)ဦးမှာ (၁) ဦး ဖြစ်ပြီး အသက် (၂)နှစ်အရွယ်က စတင်ပြီး ရောဂါ ဝေဒနာကို ခံစားခဲ့ရတာလို့ မိခင်ဖြစ်သူ က ဖွင့်ဟခဲ့ပါတယ်။ လည်ချောင်း အတွင်း မှာ ရှိတဲ့ ကြွက်သားတွေဟာ အ စားအစာကို ၀ါး မျိုးချနိုင်ခြင်းမရှိတာမို့ ဒါဟာရာအနေနဲ့ ဒီလို ခံစားနေရတာဖြစ်ပေမယ့် လက်ရှိအချိန်အ ထိ တော့ ကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။
By The Messenger
RangonNewsDaily: February . 14 .2014
လူသား တွေ ကျန်းမာ စွာ အသက်ရှင် နေထိုင် ဖို့ အစား အစာ ဟာ မရှိ မဖြစ် အရေး ပါတယ် လို့ ပြော ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန်္ဒိယ နိုင်ငံ၊ နယူး ဒေလီ မြို့မှာ နေ ထိုင် တဲ့ အသက် (၂၅) နှစ် အရွယ် ရှိ ဒါ ဟာရာ အမည်ရ အမျိုး သမီး တစ်ဦး ဟာ မွေးက တည်းက အစာ မစားခဲ့ ဘူးလို့ သိရ ပါတယ်။
ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ
Photo: ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ
Saturday, January 18, 2014
တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji  ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီ့အချိန်ကစ ရေမချိုး၊ မသန့် ရှင်းပဲ နေထိုင်ခဲ့တဲ့ Amou Haji ဟာ အခုဆို အသက် ၈၀ အရွယ်ကို ရောက်ရှိလာပါပြီ။  အချစ်ရေးကံခေ ခဲ့ပြီးနောက် Amou ဟာ အီရန်နိုင်ငံတောင်ပိုင်း ၊ Dejgah ဆိုတဲ့ ရွာနားက တောနက်ထဲမှာ တစ်ကိုယ်ရည် နေခဲ့ပြီး ၊ ညတွေမှာဆို သူဟာ မြေတွင်းထဲမှာ အိပ်စက်ပြီး ဆောင်းရာသီမှာတော့ ရွာသားတွေက သူ့ အတွက် ဆောက်ပေးထားတဲ့ အုတ်တိုက်ငယ်လေးမှာ နေထိုင်ပါတယ်။
သူ အနှစ်သက်ဆုံးအရာကတော့ တိရစ္ဆာန်နောက်ချေးခြောက်တွေကို ဆေးတံထဲထည့်ပြီး သောက်ရတာကိုပါတဲ့။ Amou ဟာ သူ့ ရဲ့ စုတ်စုတ်ပြတ်ပြတ်နေထိုင်တဲ့ ပုံစံကို လက်ခံပြီး သူနဲ့ အတူ နေထိုင်နိုင်မယ့် အမျိုးသမီးကို လက်ထပ်ချင်တယ်လို့ Tehran Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Dejgah ရွာထဲက လူငယ်တွေဟာ Amou က တစ်ခါက ရေချိုးသန့် စင်ပေးဖို့ ဝိုင်းကြိုးစားခဲ့ကြပေမယ့် ၊ Amou က ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူရေမချိုးရတဲ့ အကြောင်းရင်းက သူဟာ သန့် သန့် ရှင်းရှင်းနေထိုင်ရင် ဖျားနာတတ်တယ်လို့ ယူဆနေလို့ ပါ။
နှစ်ခြောက်ဆယ်လုံး ရေမချိုးပဲ ညစ်ညစ်ပတ်ပတ်နေခဲ့ပေမယ့် သူဟာ အခုထိ မိန်းမလိုချင်တုန်းဖြစ်ပြီး ရွာထဲက မိန်းမတွေကို လူပျိုလာလှည့်ရင် မီးရှို့ ထားတဲ့ တုတ်နဲ့  သူ့ ရဲ့ ရှည်လျားကြမ်းတမ်းတဲ့ မုတ်ဆိတ်၊ပါးသိုင်းမွှေးတွေကို လောင်မြှိက်လိုက်ပြီး ၊ ကားနောက်ကြည့်မှန် အစုတ်တစ်ခုနဲ့ သူ့ ကိုယ်သူ လှပအောင် ပြင်ဆင်ပြီး ရွာထဲလာတယ်လို့ ဆိုပါတယ်။
Ref: Tehran Times
Trend Myanmar
RangonNewsDaily:: January . 18 .2014
တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။
မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး
Photo: မြိတ်မြို့နယ် လူမနေ ကျွန်းပေါ်က ထူးခြားသည့် ကျောက်ခေါင်းအုံး
Friday, January 03, 2014
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့ ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်းအနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး လူသူတစ်ဦး တစ်ယောက်မျှ နေထိုင်ခြင်းမရှိသော ဒန်းကျွန်းပေါ်တွင်တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော ထူးဆန်း သည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ ထားကြောင်း သိရသည်။
အဆိုပါ ထူးဆန်းသော ကျောက်ခေါင်းအုံးအား တွေ့ရှိခဲ့သူ ကျွန်းစုမြို့နယ်နေ ရေလုပ်သား ကိုမောင်ဝင်းအား သိလိုသည်များ မေးမြန်း ခဲ့မှုအပေါ် ၎င်းက ''လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ် ၉လပိုင်း လောက်က ဒန်းကျွန်း လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို ရောက်ခဲ့ပါတယ်။
ဒီကျွန်းမှာက လူသူတစ် ဦးတစ်ယောက်မျှ မနေပါဘူး။ ဒီကျွန်းက ရေချို၊ ရေငန် စပ်တာဆိုတော့ ကျွန်တော်တို့ ငါးဖမ်း ရေလုပ်သားတွေ ရေချိုးရင်း အနားယူတာ မျိုးတွေ လုပ်ကြပါ တယ်။
အဲ့ဒီအချိန်မှာ ကျွန်တော် ရေချိုးဖို့ကျွန်း ပေါ်ကို တက်လာတဲ့ အခါ သောင်ပြင်မှာ သာမန် ခေါင်းအုံး တစ်လုံးနဲ့ အရွယ်အစားချင်း တူညီတဲ့ ကျောက်ခေါင်းအုံး တစ်ခုကို တွေ့ခဲ့ပါတယ်။
ကျွန်တော် လည်း လှေပေါ်မှာ ခေါင်းအုံး လုပ်ဖို့ ထမ်းယူ လာခဲ့ပါတယ်''ဟု ပြောကြားသည်။
ဆက်လက်၍ ''ကျွန်တော့်အိမ်ရောက်တော့ ဒီခေါင်းအုံးနဲ့ အိပ်လိုက်တဲ့အခါမှာ ညသန်းခေါင်ကျော် အချိန်ရောက်ပြီဆို
တာနဲ့ ခေါင်းထဲမှာ တဖျစ်ဖျစ်မြည် လာပြီးတဲ့ နောက် ဦးခေါင်းတွေ၊ ခြေဖျား၊ လက်ဖျားတွေ အထိ တဖျစ်ဖျစ် အသံတွေ မြည်သွားပါတယ်။
ကျွန်တော်လည်း အံ့အားသင့်သွားပြီး နောက်နေ့ နံနက်လင်းတဲ့ အချိန်မှာ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေပြီး နေလို့ထိုင်လို့ အရမ်းကောင်းတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်နေ တာကို တွေ့ရပါတယ်။
ကျွန်တော်လည်း အံ့သြ တကြီးနဲ့ ပဲ ဒီအတိုင်း နေခဲ့ပါတယ်။ ကျွန်တော်တို့ တံငါရေလုပ်သား တွေဟာ အသောက်အစား မကင်းပါဘူး။ တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး သောက် စားကြ တာမျိုးတွေလည်း ရှိပါတယ်။
အဲဒီလို အခါမျိုးမှာ အိမ်ပြန်ရောက်လို့ ကျောက်ခေါင်းအုံးပေါ်မှာ အိပ်လိုက်တယ် ဆိုရင်ပဲ ဦးခေါင်း တစ်ခုလုံးဟာ မီးနဲ့ မြှိုက်ထားသလို ပူလောင်လာပါတယ်။
ကျွန်တော်လည်း အရမ်းကို အံ့သြမိပြီး ဒီကျောက်တုံးဟာ သာမန်ရိုးရိုးတော့ မဟုတ်ဘူးလို့ သင်္ကာမကင်း ဖြစ်တာနဲ့ အရက်သောက်လာရင် မအိပ်ရဲ တော့ပါဘူး။
ဒါ့ကြောင့် ကျွန်တော့်ဆီ ရောက်ပြီး ရှစ်လခန့်အကြာမှာ မြိတ်မြို့ သိမ်တော်ကြီးဘုရားမှာ သွားရောက် လှူဒါန်းခဲ့တာပါ''ဟု ထူးခြားသည့် ကျောက် ခေါင်းအုံး အကြောင်းကို ပြောပြ၍ သိရသည်။ ။
မောင်မျိုး(ဧရာဝတီ)
မြ၀တီ
RangonNewsDaily:: January . 3 .2014
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု(ခေါ်) ကျွန်းစုမြို့နယ် အတွင်း ကမ္ဘာ့ ရေလမ်းကြောင်းနှင့် မီးစိမ်းကျွန်းအနီး၌ ရေချို၊ ရေငန် ဆက်စပ် လျက်ရှိပြီး လူသူတစ်ဦး တစ်ယောက်မျှ နေထိုင်ခြင်းမရှိသော ဒန်းကျွန်းပေါ်တွင်တံငါရေ လုပ်သားတစ်ဦး တွေ့ရှိခဲ့သော ထူးဆန်း သည့် ကျောက်ခေါင်းအုံး တစ်ခုအား မြိတ်မြို့ သိမ်တော်ကြီး စေတီ ဗုဒ္ဓယဉ် ကျေးမှု ပြတိုက်တွင် အများပြည်သူ ကြည့်ရှု လေ့ လာ နိုင်စေရန် ပြသ ထားကြောင်း သိရသည်။
မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူဆယ်ယောက်ကို တစ်ပြိုင်နက် အနိုင်ယူခဲ့တဲ့ စစ်တုရင်ကစားသမား
Photo: မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူဆယ်ယောက်ကို တစ်ပြိုင်နက် အနိုင်ယူခဲ့တဲ့ စစ်တုရင်ကစားသမား
Saturday, November 23, 2013
“ ကျွန်တော့်သူ့ ကို အနိုင်ကစားနိုင်မယ်ဆိုတာ သိတယ်၊ ကျွန်တော်ကခြောက်တန်းထဲက စစ်တုရင်ထိုးလာတာဗျ၊ဘယ်နှယ့် မျက်လုံးမှိတ်ပြီးကစားရတယ်လို့ ၊ကြည့်နေ ကျွန်တော်သူ့ ကို အနိုင်ယူပြမယ်လို့ ” ထောင်မှူးကို  လှမ်းပြော လိုက်ပါတယ် ။ သူ့ ထင်သလိုဖြစ်မလာခဲ့ပါဘူး ၊ Timur ကလွယ်လွယ်ကူကူပဲ ဆယ်ယောက်လုံးကိုအနိုင်ယူပြသွားပါတယ်။ ဘယ်လိုကစားခဲ့တာလဲလို့  Timur ကိုမေးကြည့်တော့
ဒီလုပ်ရပ်ဟာ စတန့် ထွင်ပြီးလုပ်တဲ့ လုပ်ရပ်မဟုတ်သလို အလကားသက်သက်အကျိုးမရှိတဲ့ လုပ်ရပ်လည်းမဟုတ်ပါဘူး။ Timur က သူဒီလို ထောင်သားတွေနဲ့ စစ်တုရင်လာကစားတဲ့အဓိကရည်ရွယ်ချက်ကို အခု လိုပြော သွားပါ တယ်။
၂၀၁၃၊မေလ ကတင် Timur Gareev ဟာ စိန့် လူးဝစ်စ် မြို့ မှာ မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူ ၃၃ ယောက်ကို တစ်ပြိုင်တည်း စစ်တုရင်ကစားပြခဲ့ရာ ၂၉ ယောက်ကို အနိုင်ရရှိပြီး ၄ ယောက်ကိုသရေကျသွားခဲ့ပါတယ် ။ အခု သူဟာ ကမ္ဘာ့ စံချိန်တင်ဖို့ အတွက် လူငါးဆယ်နဲ့ တစ်ပြိုင်တည်း  စစ်တုရင်ထိုးဖို့ လေ့ကျင့်နေပါတယ်တဲ့ ။
ွှTrend Myanmar
RangonNewsDaily:: November . 24 .2013
အသက်၂၅ နှစ်အရွယ်သာရှိသေးတဲ့TimurGareevဟာအီလီနွိုက်စ်ပြည်နယ်ကွတ်ခ်ကောင်တီအကျဉ်းထောင်
မှာ အကျဉ်းသားဆယ်ယောက်နဲ့ ချက်စ်ပွဲ (၁၀)ပွဲကို တစ်ပြိုင်တည်း ကစားခဲ့ပါတယ်ဦးနှောက်ရယ်အမြင်အာ
ရုံရယ် အဓိကကျတဲ့ဒီကစားနည်းမှာ Timur က အမြင်အာရုံကိုဖယ်ရှားပစ်ပြီး သူ့ ဦးနှောက်မှတ်ဥာဏ်တစ်ခု
တည်းနဲ့ ဆယ်ပွဲလုံးကို အနိုင်ကစားပြသွားပါတယ်။
နှစ်ပေါင်း ၄၀ ကြာ အိပ်စက်ခြင်း မရှိခဲ့သူ October 15th, 2013
Photo: နှစ်ပေါင်း ၄၀ ကြာ အိပ်စက်ခြင်း မရှိခဲ့သူ October 15th, 2013
 Tuesday, October 15, 2013
ဗီယက်နမ်နိုင်ငံ ကွီဆန်  အုပ်ချုပ်မှုပိုင် ကွီထရမ် ခရိုင်ငယ်မှ မှ အသက် ၆၄ နှစ်အရွယ် ဟိုင်နော့ဆိုသူ သည် ၁၉၇၃ခုနှစ်က မကျန်းမမာဖြစ်ခဲ့ရာမှ ယခုအချိန် နှစ်ပေါင်း ၄၀ လုံးလုံး ညဘက်တွင် အိပ်မပျော်တော့ကြောင်း သိရသည်။
ထို့သို့ နှစ်ချီကြာ အိပ်မရသောရောဂါသည် သူ၏ ကျန်းမာရေးကို ထိခိုက်၊ မထိခိုက်ဆိုသည်ကို သူအတိကျ မသိကြောင်း၊ လက်ရှိအချိန်အထိ စိုက်ပျိုးမွေးမြူရေး အလုပ်များကို အခြားသူများနည်းတူ လုပ်ကိုင်နိုင်သေးကြောင်း ဖွင့်ဟခဲ့သည်။
ကွီထရမ် ခရိုင်ငယ်မှ သူ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရသော တာဝန်ရှိသူတစ်ဦးက ၅၀ ကီလိုဂရမ်လေးသော ဓာတ်မြေသြဇာအိတ်နှစ်အိတ်ကို လေးကီလိုမီတာ ကွာဝေးသည့် ခရီး နေ့စဉ် ထမ်းပိုးသယ်ဆောင်နိုင်သေးကြောင်း ဆိုသည်။
သူ၏ ဇနီးသည်က ခင်ပွန်းသည်မှာ တစ်ချိန်က အအိပ်မက်သူတစ်ဦးဖြစ်သော်လည်း နေမကောင်းဖြစ်ပြီး နောက်ပိုင်းတွင် အရက်သောက်သည့်တိုင် အိပ်မရတော့ကြောင်း၊ ဒါနော့မြို့သို့ သွားရောက်ကာ ဆေးစစ်သည့်အခါ အသည်းလုပ်ဆောင်ချက် အနည်းအကျဉ်းအားနည်းသည်မှ အပ ကျန်ရောဂါမတွေ့ရကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် ဟိုင်နော့သည် နေ့စဉ် ၅ဟက်တာကျယ်သော စိုက်ပျိုးရေးခြံလုပ်ငန်း၊ ကြက်နှင့် ၀က် မွေးမြူသည့် အလုပ်များကို နေ့စဉ်လုပ်ကိုင်လျှက်ရှိသလို ညဘက်တွင်လည်း သူ၏ခြုံအတွက် သူခိုးရန်မှ ကာကွယ်ရန် ညစောင့်တာဝန်လည်း ယူထားလျှက်ရှိသည်။
Ref; WLC
မြန်မာ့ခေတ်
RangonNewsDaily:: October. 15 .2013
ဗီယက်နမ်နိုင်ငံ ကွီဆန် အုပ်ချုပ်မှုပိုင် ကွီထရမ် ခရိုင်ငယ်မှ မှ အသက် ၆၄ နှစ်အရွယ် ဟိုင်နော့ဆိုသူ သည် ၁၉၇၃ခုနှစ်က မကျန်းမမာဖြစ်ခဲ့ရာမှ ယခုအချိန် နှစ်ပေါင်း ၄၀ လုံးလုံး ညဘက်တွင် အိပ်မပျော်တော့ကြောင်း သိရသည်။
စပိန် နိုင်ငံတွင် ပေ ၃၀ ရှည်သည့် ပြည်ကြီးငါး တစ်ကောင် တွေ့ရှိ
Photo: စပိန် နိုင်ငံတွင် ပေ ၃၀ ရှည်သည့် ပြည်ကြီးငါး တစ်ကောင် တွေ့ရှိ
Monday, October 7, 2013
စပိန်နိုင်ငံ ကန်တာဘရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ်းခြေတစ်ခုတွင် Architeuthis Dux မျိုးရင်း အမည်ရှိ ကြီးမားသော ပြည်ကြီးငါး တစ်ကောင်ကို အားလပ်ရက် ခရီး ထွက်သူ များက ယခုရက် သတ္တပတ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ကြီးငါးသည် ပေ ၃၀ ရှည်ပြီး အလေးချိန်မှာ ပေါင် ၄၀၀ ရှိကြောင်းနှင့် ယခုအခါ ယင်းပြည်ကြီးငါးကို ဒေသတွင်းရှိ ပင်လယ်ရေကြောင်း ဆိုင်ရာ ပြတိုက်သို့ လွှဲပြောင်းပေးခဲ့ သည်။
ယင်းပြည်ကြီးငါးကို တွေ့ရှိမှုသည် ရှားပါးသော ရှာဖွေ တွေ့ရှိမှု တစ်ခုဖြစ်ပြီး ယင်းငါးများသည် ကမ္ဘာ့ပေါ်တွင် အကြီးမားဆုံး ကျောရိုးမဲ့ သတ္တ၀ါ အမျိုးအစား ဖြစ်သည့်အပြင် ပင်လယ်ရေ အောက်အနက်ပေ ၁၀၀၀ နှင့် ၃၀၀၀ အကြားတွင် နေထိုင် ကျက်စားလေ့ ရှိသည့် သတ္တ၀ါများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ကြီးငါးများသည် ပင်လယ်နှင့် သမုဒ္ဒရာ အတွင်း၌သာ သေဆုံးလေ့ရှိပြီး ပင်လယ်ရေစီးကြောင့် ကမ်းခြေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုတွေ့ ရှိသော ပြည်ကြီး ငါး သည် လက်တစ်ချောင်း ကျိုးနေခြင်းမှ လွဲ၍ ကောင်းမွန်သော အခြေအနေရှိကြောင်း သိရသည်။
မြ၀တီ
RangonNewsDaily:: October. 7 .2013
စပိန်နိုင်ငံ ကန်တာဘရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ်းခြေတစ်ခုတွင် Architeuthis Dux မျိုးရင်း အမည်ရှိ ကြီးမားသော ပြည်ကြီးငါး တစ်ကောင်ကို အားလပ်ရက် ခရီး ထွက်သူ များက ယခုရက် သတ္တပတ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
၁၃၂ ပေါင်ရှိသော ဝှေးစေ့နှင့်အမျိုသား
၁၃၂ ပေါင်ရှိသော ဝှေးစေ့နှင့်အမျိုသား
Friday, August 16, 2013
အသက် (၄၉)နှစ်ရှိပြီဖြစ်သော Wesley Warren Jr သည် Las Vegas မြို့
မှ ဖြစ်ပြီးသူကို လူသိများစေတာကတော့ (၁၃၂) ပေါင်ရှိသော ဝှေးစေ့ ရှိသော
ကြောင့်ဖြစ်သည်။
လွန်ခဲ့သော နှစ်များတွင်နိုင်ငံတကာ မှ သတင်းများ၏ ခေါင်းကြီးပိုင်း
တွင် သူ့အကြောင်းကို ဖော်ပြခဲ့ကြရာတွင် သူသည် scrotal lympledene ဟု
ခေါ်သော ရောဂါခံစားနေသူဖြစ်သည်ဟု သိရှိရသည်။
ကံကောင်းထောက်မစွာ သူ၏အခက်ခဲကို ကူညီဖို့ စိတ်ဆန္ဒရှိသူ
ကယ်လီဖိုးနီးယားမှ ခွဲစိတ်ဆရာဝန်တဦးက အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်ကြောင်း
သိရသည်။
စက္ကန့် (၃၀) လောက်လမ်းလျှောက်ပြီးတိုင်း ခေတ္တနားနေရသော
ကြောင့် ကလေးလိုပဲလို့ သူကဆိုပါတယ်။
(၁၃) နာရီကြာမယ့် ဒီခွဲစိတ်မူအတွက် အောင်မြင်ပြီးဆုံးချိန်တွင်
သူသည် ဝှေးစေ့ မရှိသော အမျိုးသားတန်ဆာဖြင့် ကောင်းမွန်ပြည့်စုံသော
အိမ်ထောင်သုခ မရမှာကို သူစိုးရွံ့နေသည်။
ကျွန်တော် ဒီအခွင့်အရေးရဖို့ ebay မှာ ကျွန်တော့ဝှေးစေ့ကို
လေလံတင်ခဲ့ကြောင်း၊ အများမှ အားပေးသော e-mail များ မှာလည်းသူ့
အတွက်အားဖြစ်ရပါကြောင်း နှင့် အမှောင်ဖုံးနေသော လိုင်ခေါင်းတွင်းမှ
အစွန်းတဖက်က အလင်းရောင်ကိုမြင်နေရပါပြီ ...သို့ပေမဲ့ ဗျာ ကျွန်တော်
လိုင်ခေါင်းထဲမှာပဲရှိပါသေးတယ်လို့ သူကပြောခဲ့ပါကြောင်း တင်ဆက်လိုက်
ပါတယ်။
ref:dailymail
Hau Sian Siam ( MM Social Sky)
အေးချမ်းမွန် Credit To >MM Social Sky < Thanks
Re-posted By ACM 16-8-2013 Suvarnabhumi Airport
https://www.facebook.com/excellencemedia
RangonNewsDaily:: Aug 16, 2013
အသက် (၄၉)နှစ်ရှိပြီဖြစ်သော Wesley Warren Jr သည် Las Vegas မြို့မှ ဖြစ်ပြီးသူကို လူသိများစေတာကတော့ (၁၃၂) ပေါင်ရှိသော ဝှေးစေ့ ရှိသောကြောင့်ဖြစ်သည်။
မိမိကိုယ်ကို ခွဲစိတ်ခဲ့တဲ့ ခွဲစိတ် ဆရာဝန်
မိမိကိုယ်ကို ခွဲစိတ်ခဲ့တဲ့ ခွဲစိတ် ဆရာဝန်
Thursday, August 15, 2013
၁၉၆၁ ခုနှစ်တုန်းကပါ။ ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်တဲ့ Leonid Rogozov ( ၂၇ နှစ်) ဟာ ဆိုဗီယက် တောင်ပိုင် မှာ နေထိုင်ရင်း အလွန်ပြင်းထန်းတဲ့ အစာအိမ်ရောဂါကို ခံစားခဲ့ရတာကြောင့် အပြင်းအထန် ဖျားနာခဲ့ပါတယ်။
(သူတို့ ဆိုထားတာကတော့ ဆိုဗီိယက်တွေဟာ ကုန်ကျမှုကို လျှော့ချနေတဲ့ အချိန်လို့ ပြောပါတယ်)
Rogozov ဟာ ဆုံးဖြတ်ချက်ချခဲ့ပြီး မိမိမှာ ခံစားနေရတဲ့ ရောဂါကို ခွဲစိတ်ပြီး ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။ အူအတက်ရောင် ရောဂါဖြစ်ပွားခြင်းကြောင့် ဆိုတာကို သိရှိပြီး နောက်မှာတော့ ပြည်တွင်းဖြစ် ထုံဆေးကို အသုံးပြုပြီး
အူအတက်ကို ဖယ်ရှားခဲ့ပါတယ်။
Kaung Zay Yan
(Discoveries Myanmar)
အေးချမ်းမွန် Credit To > Discoveries Myanmar << Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
RangonNewsDaily:: Aug 14, 2013 ၁၉၆၁ ခုနှစ်တုန်းကပါ။ ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်တဲ့ Leonid Rogozov ( ၂၇ နှစ်) ဟာ ဆိုဗီယက် တောင်ပိုင် မှာ နေထိုင်ရင်း အလွန်ပြင်းထန်းတဲ့အစာအိမ်ရောဂါကိုခံစားခဲ့ရတာကြောင့်အပြင်းအထန်ဖျားနာခဲ့ပါတယ်။
အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 
RangonNewsDaily:: Aug 2, 2013
အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။
ကလေးမွေးဖွားစဉ် တစ်ခါအော်ပါက ငါးဒေါ်လာ ဒဏ်တပ်သည့် ဇင်ဘာဘွေနိုင်ငံ
Photo: ကလေးမွေးဖွားစဉ် တစ်ခါအော်ပါက ငါးဒေါ်လာ ဒဏ်တပ်သည့် ဇင်ဘာဘွေနိုင်ငံ
Tuesday, July 23, 2013
ဇင်ဘာဘွေ နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကလေးမွေးဖွားစဉ် အတွင်း 
အော်ပါက တစ်ခါအော်ဟစ်မိလျှင် ဒဏ်ငွေငါးဒေါ်လာ ပေးဆောင် 
ရမည်ဖြစ်သည်။ ၎င်းစည်းကမ်းသည် မိခင်များထံမှ မတရားပိုက်ဆံ ရယူလိုခြင်းပင် ဖြစ်သည်။ 
ထို့ကြောင့် ယင်းနိုင်ငံရှိ ကိုယ်ဝန်သည်များသည် မိမိအိမ်၌သာ ကလေးများ မွေးဖွားကြသည်။ ခန့်မှန်းချက် များအရ ဇင်ဘာဘွေနိုင်ငံတွင် တစ်ရက်လျှင် ကိုယ်ဝန်သည် ရှစ်ဦးလောက် သေဆုံးကြသည်။ 
ဆေးရုံတွင် မွေးဖွားရသည့် ငွေကြေးသည် ဒေါ်လာ ၅၀ ဖြစ်ပြီး
၎င်းငွေသည် ဇင်ဘာဘွေနိုင်ငံသားများ အတွက် တစ်နှစ်ရှာရသော ငွေ၏ 
သုံးပုံ တစ်ပုံခန့်လောက် ရှိသည်။
Kyaw Lin Naing (MM Social Sky)
Tuesday, July 23, 2013
ဇင်ဘာဘွေ နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကလေးမွေးဖွားစဉ် အတွင်း အော်ပါက တစ်ခါအော်ဟစ်မိလျှင်ဒဏ်ငွေ
ငါးဒေါ်လာ ပေးဆောင် ရမည်ဖြစ်သည်။ ၎င်းစည်းကမ်းသည်မိခင်များထံမှမတရားပိုက်ဆံရယူလိုခြင်းပင် ဖြစ်
သည်။
အသေးဆုံး ဖရဲသီးများ တရုတ်ပြည်တွင် ၀ယ်ယူနိုင်ပြီ
Photo: အသေးဆုံး ဖရဲသီးများ တရုတ်ပြည်တွင် ၀ယ်ယူနိုင်ပြီ
Wednesday, July 17, 2013
Pepquino ဟု အမည်ပေးထားသည့် သေးငယ်သည့် ဖရဲသီးမျိုးများအား တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပြည်နယ်ရှိ Jinshan ဒေသတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်သည်။
Pepquino ဖရဲသီးမျိုးမှာ တောင်အမေရိကတွင် မူလစတင်တည်ရှိ ခဲ့ပြီး ရှေးအကျဆုံးမျိုးစိတ်များတွင် တစ်ခုဖြစ်သည်။
အဆိုပါ မျိုးမှာ ဖရဲသီးနှင့် အလွန်နီးစပ်မှုရှိကာ အခြေခံ အားဖြင့် သေးငယ်သော သခွားမျိုးရင်းဝင်ဖြစ်သည်။ အသီးမှာ ၃စင်တီမီတာခန့်သာ ရှည်လျားပြီး အခွံအရောင်မှာ ဖရဲသီးနှင့်ဆင်တူပေသည်။
Pepquino ဖရဲသီးများအား ဧပြီလမှ နိုဝင်ဘာလအတွင်း ၀ယ်ယူရရှိနိုင်ကာ တစ်ကီလိုဂရမ်လျှင် တရုတ်ငွေ ယွမ် ၁၆၀ ရှိပေသည်။
Source: ချိုင်းနားဒေလီ
Bo Sein
ပင်းယမဂ္ဂဇင်း
Wednesday, July 17, 2013
Pepquino ဟု အမည်ပေးထားသည့် သေးငယ်သည့် ဖရဲသီးမျိုးများအား တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပြည်နယ်ရှိ Jinshan ဒေသတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်သည်။
ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်
ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက် 
Saturday, 13 July 2013
ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးကတော့ ဘရာဇီးနိုင်ငံက Elisany da Cruz Silva အမည်ရ ဆယ်ကျော်သက် မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။ 
အသက် ၁၇ နှစ်သာရှိသေးပြီး အရပ်ကတော့ ၆ ပေ ၉ လက်မ ရှိပါ တယ်။ ဘေး က သူ့ချစ်သူကတော့ အရပ် ၅ ပေ ၄ လက်မပဲ ရှိပါတယ်။ ဦးနှောက်အောက်မှာ ရှိတဲ့ အကြိတ်တစ်မျိုးကြောင့် ခန္ဓာကိုယ် တစ်ခုလုံးကို သက်ရောက်ပြီး ၁၄ နှစ်သမီး အရွယ်ကစလို့ အရပ်ကို အင်မတန် ရှည်ထွက် စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ယင်း အကြိတ်ကို ဖယ်ထုတ်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်နေပါပြီ။ အရပ် ၁ လက်မပဲ ထပ်လျော့သွား ပါ တယ်။ ဒါကြောင့် ယခု အသက် ၁၇ နှစ်မှာ အရပ်က ၆ ပေ ၉ လက်မ ရှိနေပြီ ဖြစ်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ အရပ်ထပ် ထွက်နေနိုင်ပါသေးတယ်။ 
ကျောင်းဘတ်စ်ကားဆီးဖို့တော့ အဆင်မပြေနိုင်တော့ပါဘူး။ လက်ရှိ မှာ မော်ဒယ်လည်း လုပ်နေပါတယ်။ ကမ္ဘာ့ အရပ်အရှည်ဆုံး မောဒယ် အဖြစ် လည်း စံချိန်တင်ထားကြောင်း သိရပါတယ်။ 
Ref: duknow
ရိုးရာလေး ထူးဆန်းထွေလာ
http://www.yoyarlay.com/entertainment/123-discovery/36611-world-tallest-teenager
Saturday, 13 July 2013
ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးကတော့ ဘရာဇီးနိုင်ငံက Elisany da Cruz Silva အမည်ရ ဆယ်ကျော်သက်
 မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။
အလိုလျောက် လည်နေတဲ့ အီဂျစ် ရုပ်တု
Photo: အလိုလျောက် လည်နေတဲ့ အီဂျစ် ရုပ်တု
Tuesday, June 25, 2013
မန်ချက်စတာမြို့ ပြတိုက်က မှန်ခန်းထဲမှာ ပြသ ထားတဲ့ ဘီစီ ၁၈၀၀ လောက် က အီဂျစ် ရုပ်တုဟာ သူ့ အလို အလျောက် တဖြည်းဖြည်း ချင်း လည်နေ ခဲ့ တာကို ကင်မရာ ကနေ မှတ်တမ်း တင်ထားနိုင်ခဲ့ ပါတယ်။
၁၀ လက္မ အရွယ် ဒီရုပ်တုရဲ့ အနေ အထား ပြောင်းနေတာကို ပြတိုက် တာဝန် ရှိသူတွေ ကနေ သတိထား မိရာ ကနေ ကင်မရာ တပ်ပြီး ကြည့်ရာမှာ တကယ် လည်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ပြတိုက် တာဝန်ရှိသူ တဦး ကတော့ ဒါဟာ လူတွေ သွားလာ လှုပ်ရှားနေတဲ့ တုန်ခါမှုကြောင့် မဖြစ်နိုင်ကြောင်းနဲ့ တခြားသော ရူပဗေဒ စွမ်းအင် ဆိုင်ရာ ရွေ့လျားမှုတွေလည်း မဖြစ်နိုင်ကြောင်း ပြောပါတယ်။
သူ့ အထင် ကတော့ ရှေးဟောင်း အီဂျစ် လူမျိုးတွေဟာ အခုလို ရုပ်တုတွေမှာ ဝိညာဉ် သွင်းထားလေ့ ရှိတာနဲ့ ဆက်စပ် နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
BBC Burmese
Tuesday, June 25, 2013
မန်ချက်စတာမြို့ ပြတိုက်ကမှန်ခန်းထဲမှာ ပြသ ထားတဲ့ဘီစီ ၁၈၀၀ လောက် က အီဂျစ် ရုပ်တုဟာ သူ့ အလို 
အလျောက် တဖြည်းဖြည်း ချင်း လည်နေ ခဲ့ တာကို ကင်မရာ ကနေ မှတ်တမ်း တင်ထားနိုင်ခဲ့ ပါတယ်။
ဟန်ဂေရီ နိုင်ငံသား ဇော့တ်ဆင်ကာ တန် ၅ဝ အလေးချိန်ရှိ လေယာဉ်ကြီး အား သွားဖြင့်ဆွဲပြခဲ့ပြီး စံချိန်သစ်တင်
Photo: ဟန်ဂေရီ နိုင်ငံသား ဇော့တ်ဆင်ကာ တန် ၅ဝ အလေးချိန်ရှိ လေယာဉ်ကြီး
အား သွားဖြင့်ဆွဲပြခဲ့ပြီး စံချိန်သစ်တင်ခဲ့
Tuesday, June 25, 2013
ဇော့တ်ဆင်ကာ အမည်ရှိ ဟန်ဂေရီနိုင်ငံမှ အမျိုးသား တစ်ဦးသည် တန်
၅ဝ အလေးချိန်ရှိ ကုန်တင်လေယာဉ်ကြီး တစ်စင်းအား ၎င်း၏သွားကိုသာ အသုံးပြု၍ ဆွဲပြခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံအတွက်စံချိန်သစ် တစ်ရပ် တင်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားထားသည်။
ဇော့တ်ဆင်ကာသည် Airbus A320 လေယာဉ်အား ဘူဒါပတ်မြို့ရှိ Liszt Ferenc လေဆိပ်၌ ဇွန် ၂ဝ ရက်တွင် ၅၂ စက္ကန့်အတွင်း ၃၉ ဒသမ ၂ မီတာ အထိ သွားဖြင့် အောင်မြင်စွာ ဆွဲပြနိုင်ခဲ့ခြင်း ဖြစ်သည်။ အားကောင်းသော ၎င်းပုဂ္ဂိုလ်သည် လေယာဉ်နှင့်ချိတ်ဆွဲထားသော အဝါရောင် ကြိုးတစ်ချောင်း
ကို ၎င်း၏ ပါးစပ်အတွင်းကိုက်၍ ဆွဲပြခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပြုလုပ်နေစဉ် အတွင်း အမျိုးသမီးများက ၎င်းအား နံဘေးမှနေ၍ ကြွေးကြော် အားပေး
ခဲ့ကြောင်း သိရသည်။
မြ၀တီ
Tuesday, June 25, 2013
ဇော့တ်ဆင်ကာအမည်ရှိ ဟန်ဂေရီနိုင်ငံမှအမျိုးသားတစ်ဦးသည် တန် ၅ဝ အလေးချိန်ရှိ ကုန်တင်လေယာဉ်
ကြီး တစ်စင်းအား ၎င်း၏သွားကိုသာ အသုံးပြု၍ ဆွဲပြခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံအတွက်စံချိန်သစ် တစ်ရပ် တင်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားထားသည်။
ဘောလ်ပင်နှင့် ဆွဲသော အံ့မခန်း ပန်းချီကား
Photo: ဘောလ်ပင်နှင့် ဆွဲသော အံ့မခန်း ပန်းချီကား
Monday, June 17, 2013
ဒီပန်းချီကားကို ဆွဲဖို့အတွက် ရောင်စုံ ဘောလ်ပင် ၆ ချောင်းပဲ အသုံးပြု သွားပါတယ်။ ၈ လက်မx ၉ လက်မ အရွယ် ပန်းချီကားဖြစ်ပြီး ရွှေရောင် သန်းတဲ့ ဆံပင်ကိုတောင် ဘောလ်ပင်နဲ့ပဲ ဆွဲတာ ဖြစ်ပါတယ်။
ပန်းချီဆရာကတော့ ပေါ်တူဂီနိုင်ငံမှ ရှေ့ နေ့ တစ်ဦးဖြစ်သူ Samuel Silva ဖြစ်ပါတယ်။ ပန်းချီဆွဲရာမှာ ဝါသနာ ပါပြီး Illusion အတတ်ပညာ ကို ကောင်းကောင်း ပိုင်နိုင်သူ ဖြစ်ပါတယ်။ အရောင် တောက်နေပြီး ဓာတ်ပုံလို့တောင် ထင်ရတဲ့ Silva ရဲ့  အသက်ဝင်နေသော ပန်းချီကားကို Master Piece အဖြစ် လက်ခံခဲ့ကြပါတယ်။
--
Ref:duknow
ရိုးရာလေး အနုပညာ
Monday, June 17, 2013
ဒီပန်းချီကားကို ဆွဲဖို့အတွက် ရောင်စုံ ဘောလ်ပင် ၆ ချောင်းပဲ အသုံးပြု သွားပါတယ်။ ၈ လက်မx ၉ လက်မ အရွယ် ပန်းချီကားဖြစ်ပြီး ရွှေရောင် သန်းတဲ့ ဆံပင်ကိုတောင် ဘောလ်ပင်နဲ့ပဲ ဆွဲတာ ဖြစ်ပါတယ်။
ကမ္ဘာ့အခြောက်ခြားဆုံး မင်္ဂလာဆောင်ကို မြင်တွေ့ရမည့် ကျွန်း
ကမ္ဘာ့အခြောက်ခြားဆုံး မင်္ဂလာဆောင်ကို မြင်တွေ့ရမည့် ကျွန်း
Thursday, June 13, 2013
Izu Islands လို့ခေါ်ပါတယ်။ ကျွန်းစုကြီးပါ။ ဂျပန်တိုကျို ရဲ့ အရှေ့ တောင်ဘက် ပင်နီဆူလ သုမဒ္ဒရာထဲမှာ တည်ရှိပါတယ်။
ကျွန်းအားလုံး စုစုပေါင်း လူဦးရေ ၂၆၀၀၀ ဝန်းကျင်သာရှိပါတ်။ ပတ်ဝန်းကျင် ကတော့ တကယ် လှပတဲ့နေရာပါ။ သို့ပေမယ့် ဆိုးတာ တစ်ခုက မီးတောင် ဖြစ်ပါတယ်။ မီးတောင်အမြဲ ပေါက်ကွဲနေတဲ့ နေရာ ဖြစ်ပြီး လေထုမှာ ဆာလဖာဓာတ်များ သိသိသာသာ မြင့်တက်ပါတယ်။ ဒါကြောင့် လူ့ကျန်းမာရေး ထိခိုက်မှုကို ကာကွယ်ရန်အတွက် အပြင်သွားရင် မြို့သူမြို့သား အားလုံး အောက်ဆီဂျင်မျက်နှာဖုံးစွတ်ရပါတယ်။
ပုံမှာမြင်တွေ့နေရတာဟာ မင်္ဂလာပွဲတစ်ခုပါ။ အဲ့လိုပဲ ကြာကြာတစ်ခါ ပြလုပ်တဲ့ မင်္ဂလာပွဲတိုင်းမှာ မီးတောင်ပေါက်ကွချိန်နဲ့တိုးရင် အားလုံး မျက်နှာဖုံးစွတ်ရပါတယ်။ ဒါကြောင့် မင်္ဂလာပွဲဟာ အင်မတန်ခြောက်ခြားတဲ့ ပုံရိပ်များထွက်ရှိစေပါတယ်။
ဒါကြောင့် Izu Islands ကို ကမ္ဘာ့ခြောက်ခြားဖွယ် အကောင်းဆုံး မင်္ဂလာပွဲ ကျင်းပရာ ကျွန်းစုအဖြစ် မှတ်တမ်းတင်စေခဲ့ကြောင်း သိရပါတယ်။
.
Ref: wiki
ရိုးရာလေး
Thursday, June 13, 2013
Izu Islands လို့ခေါ်ပါတယ်။ ကျွန်းစုကြီးပါ။ ဂျပန်တိုကျို ရဲ့ အရှေ့ တောင်ဘက် ပင်နီဆူလသမုဒ္ဒရာထဲမှာ တည်
ရှိပါတယ်။
ကမ္ဘာ့နေရာဒေသ အနှံ့အပြား မှာ ရေပန်းစားနေတဲ့ မယားထမ်း ပြေးပွဲ
မယားထမ်း ပြေးပွဲ
မေလ ၈ ရက် ၂၀၁၃
မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြု လုပ်တဲ့ နိုင်ငံကတော့ ဥရောပတိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေသ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။ 
အားကစား ဝင်ပြိုင်ဖို့အတွက် ကိုယ်ထမ်းရမယ့် အမျိုးသမီးက ဇနီးသည် မဟုတ်လည်း ရပါတယ်။ သူငယ်ချင်း၊ အိမ်နီးချင်၊ အသိမိတ်ဆွေ အမျိုးသမီး လည်း ထမ်းခွင့်ရှိပါတယ်။ အမျိုးသမီးက အသက် ၁၈ နှစ် အထက် ရှိရ မှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကလည်း ၄၅ ကီလိုဂရမ် အထက် ဖြစ်ပါတယ်။ 
သွားရတဲ့ ခရီးက ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမတူပါဘူး။ အများစုမှာကတော့ ကုန်းလမ်း၊ ရေလမ်း၊ ရွှံ့ လမ်း၊ မြေပြင်လမ်း တို့ ပါဝင်ပြီး ပင်ပင် ပန်းပန်းပြေး လွှားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ထမ်းထားတဲ့ အမျိုးသမီးကို လွတ်ချ ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။ 
ပြိုင်ပွဲမှာ ချီးမြင့်တဲ့ ဆုကလည်း ထူးခြားပါတယ်။ ပထမရသူအနေနဲ့ ထမ်းပြေးတဲ့ အမျိုးသား ရမယ့် ဆုကတော့ အမျိုးသမီးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာဖြစ်ပြီး အမျိုးသမီးကတော့ သူနိုင်သလောက် သယ်သွားခွင့် ရှိတဲ့ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါတယ်။ ဒုတိယ၊ တတိယ တို့လည်း အခြားဆုများ ချီးမြင့်ပါတယ်။ ဒါက ဖင်လန်နိုင်ငံက ဆုပေး စနစ်ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ 
ယင်းမယားထမ်းအပြေးပြိုင်ပွဲဟာ ရေပန်းစားလာပြီး ကမ္ဘာ့ချိန်ပီယံရှစ်ပ်ဆို တာမျိုးတော့ လုပ်ပါတယ်။ ကမ္ဘာအနှံ့အပြားက စုံတွဲများ လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ မှာတောင် ၂၀၁၁ ခုနှစ်က စလို့ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ 
ပြိုင်ပွဲ၍ ရည်ရွယ်ချက်ကလည်း အမျိုးသားနဲ့ အမျိုးသမီးကြား ချစ်ခင်ရင်းနှီး မှု၊ လက်တွဲလုပ်ကိုင်မှုစွမ်းရည်၊ အမျိုးသားတို့ တာဝန်ယူနိုင်မှု စွမ်းရည် တို့ကို ဂုဏ်ပြုခြင်း ဖြစ်ပြီး ပျော်စရာ ပွဲတော်တစ်ခု အဖြစ် ကျင်းပလာကြတာ ကို တွေ့ရပါတယ်။ 
---
Ref:unsuafact
ရိုးရာလေး ဗဟုသုတ
YoYarLay
မေလ ၈ ရက် ၂၀၁၃
မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြု လုပ်တဲ့ နိုင်ငံကတော့ ဥရောပတိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေသ အနှံ့
အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။