BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ဟန်ဂေရီ နိုင်ငံသား ဇော့တ်ဆင်ကာ တန် ၅ဝ အလေးချိန်ရှိ လေယာဉ်ကြီး အား သွားဖြင့်ဆွဲပြခဲ့ပြီး စံချိန်သစ်တင်

Photo: ဟန်ဂေရီ နိုင်ငံသား ဇော့တ်ဆင်ကာ တန် ၅ဝ အလေးချိန်ရှိ လေယာဉ်ကြီး
အား သွားဖြင့်ဆွဲပြခဲ့ပြီး စံချိန်သစ်တင်ခဲ့
Tuesday, June 25, 2013

ဇော့တ်ဆင်ကာ အမည်ရှိ ဟန်ဂေရီနိုင်ငံမှ အမျိုးသား တစ်ဦးသည် တန်
၅ဝ အလေးချိန်ရှိ ကုန်တင်လေယာဉ်ကြီး တစ်စင်းအား ၎င်း၏သွားကိုသာ အသုံးပြု၍ ဆွဲပြခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံအတွက်စံချိန်သစ် တစ်ရပ် တင်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားထားသည်။

ဇော့တ်ဆင်ကာသည် Airbus A320 လေယာဉ်အား ဘူဒါပတ်မြို့ရှိ Liszt Ferenc လေဆိပ်၌ ဇွန် ၂ဝ ရက်တွင် ၅၂ စက္ကန့်အတွင်း ၃၉ ဒသမ ၂ မီတာ အထိ သွားဖြင့် အောင်မြင်စွာ ဆွဲပြနိုင်ခဲ့ခြင်း ဖြစ်သည်။ အားကောင်းသော ၎င်းပုဂ္ဂိုလ်သည် လေယာဉ်နှင့်ချိတ်ဆွဲထားသော အဝါရောင် ကြိုးတစ်ချောင်း
ကို ၎င်း၏ ပါးစပ်အတွင်းကိုက်၍ ဆွဲပြခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပြုလုပ်နေစဉ် အတွင်း အမျိုးသမီးများက ၎င်းအား နံဘေးမှနေ၍ ကြွေးကြော် အားပေး
ခဲ့ကြောင်း သိရသည်။

မြ၀တီ

Tuesday, June 25, 2013

ဇော့တ်ဆင်ကာအမည်ရှိ ဟန်ဂေရီနိုင်ငံမှအမျိုးသားတစ်ဦးသည် တန် ၅ဝ အလေးချိန်ရှိ ကုန်တင်လေယာဉ်
ကြီး တစ်စင်းအား ၎င်း၏သွားကိုသာ အသုံးပြု၍ ဆွဲပြခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံအတွက်စံချိန်သစ် တစ်ရပ် တင်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားထားသည်။ ဇော့တ်ဆင်ကာသည် Airbus A320 လေယာဉ်အား ဘူဒါပတ်မြို့ရှိ Liszt Ferenc လေဆိပ်၌ ဇွန် ၂ဝ ရက်တွင် ၅၂ စက္ကန့်အတွင်း ၃၉ ဒသမ ၂ မီတာ အထိ သွားဖြင့် အောင်မြင်စွာ ဆွဲပြနိုင်ခဲ့ခြင်း ဖြစ်သည်။ 
 
အားကောင်းသော ၎င်းပုဂ္ဂိုလ်သည် လေယာဉ်နှင့်ချိတ်ဆွဲထားသော အဝါရောင် ကြိုးတစ်ချောင်းကို ၎င်း၏ပါး
စပ်အတွင်းကိုက်၍ ဆွဲပြခဲ့ခြင်း ဖြစ်ပြီး ထိုသို့ ပြုလုပ်နေစဉ် အတွင်း အမျိုးသမီးများက ၎င်းအား နံဘေးမှနေ၍
ကြွေးကြော် အားပေးခဲ့ကြောင်း သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၅.၆.၂၀၁၃