BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

မန္တလေးမြို့တွင် ၄.၅(M)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားသွား




မန္တလေး။ ဇူလိူင် ၂၉. ၂၀၂၆

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀) နာရီ၊ (၃၂) မိနစ်၊ (၄၅) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အောင်မြေသာဇံမြို့နယ်၏ အနောက်မြောက်ဘက် (၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၀၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၂) ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၅(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

မိုးဇလ