BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

အမဲသားလုံး ဟင်းချို

ကြက်သားသီဟိုဠ် ဆေးဘဲဥ ချက်နည်း

ကြက်သားသီဟိုဠ် ဆေးဘဲဥ
• • • • • • • • • • • • • • •

ပါဝင်ပစ္စည်း
=======
၁။ ဆီ - စားပွဲဇွန်း  ၄ဇွန်း
၂။ ကြက်သွန်ဖြူထောင်း - အနည်းငယ်
၃။ ကြက်သွန်နီ - ၁ လုံး
၎။ ပြောင်းဖူးအသေး - ၃ဖူး
၅။ ပန်းငရုတ်ပွအစိမ်း - ၁ ကျပ်သား
၆။ သီဟိုဠ်စေ့အလုံး - ၁ ကျပ်သား
၇။ ကြက်သွန်မြိတ် - အနည်းငယ်
၈။ ကြက်သား - ၁၀ ကျပ်သား (အရိုးမပါ)
၉။ ဆေးဘဲဥ - ၁လုံး
၁၀။ ခရုဆီ - စားပွဲဇွန်း ၁ဇွန်း
၁၁။ ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၂။ ဟင်းခတ်အမှုန့် - အနည်းငယ်
၁၃။ အရိုးပြုတ်ရည် - အနည်းငယ်

ချက်ပြုတ်ပြင်ဆင်နည်း
=============
၁။ အရိုးထုတ်ထားသောကြက်သားကို 
အနေတော်အတုံးလေးများဖြစ်အောင်လှီးပါ။

၂။ ဆေးဘဲဥကို ၄စိတ်စိတ်ထားပြီး၊ 
သီဟိုဠ်စေ့အလုံးကို ဆီပူပူတွင် 
ခဏကြော်ပြီးဆယ်ထားပါ။

၃။ ကြက်သွန်ဖြူထောင်း ဆီသတ်ပြီး
 ကြက်သားထည့်ကာ ပါဝင်သော အရသာများကို
ထည့်၍ သမအောင်မွှေပြီး 
မီးပြင်းပြင်းနှင့်ချက်ပါ။

၎။ ကြက်သားမကျက်တကျက်တွင်
 ကြက်သွန်နီ၊ ပန်းငရုတ်ပွစိမ်း၊
 ပြောင်းဖူးသေးတို့ကို ထည့်ပြီးချက်ပါ။ 
ထို့နောက် အရိုးပြုတ်ရည် အနည်းငယ်ထည့်ပါ။

၅။ ချက်ထားသော ကြက်သားပေါ်တွင်
 ကြော်ထားသော သီဟိုဠ်စေ့အလုံးနှင့် 
၎စိတ်စိတ်ထားသော ဆေးဘဲဥကိုလှအောင်ထည့်ပါ။

၆။ ကြက်သွန်မြိတ်ကို အပေါ်မှအုပ်ပါ။ 
အနံ့အရသာမွှေးကြိုင်နေပြီး လျင်မြန်လွယ်ကူသော
 ကြက်သားသီဟိုဠ်ဆေးဘဲဥ တရုတ်ဟင်းလျာကို
အပြင်မှာ ၀ယ်ယူရန် မလိုဘဲ
ကိုယ်တိုင်ချက်ပြုတ်သုံးဆောင်နိုင်ပါသည်။


• ဤကြက်သားသီဟိုဠ်ဆေးဘဲဥ ချက်ပြုတ်ပြင်ဆင်နည်းကို
 Feel 3 Gold  စားသောက်ဆိုင်မှ ကူညီပါသည်။

ချက်ပြုတ်ပြင်ဆင်နည်း
=============
၁။ အရိုးထုတ်ထားသောကြက်သားကို အနေတော်အတုံးလေးများဖြစ်အောင်လှီးပါ။

၂။ ဆေးဘဲဥကို ၄စိတ်စိတ်ထားပြီး၊ သီဟိုဠ်စေ့အလုံးကို ဆီပူပူတွင် ခဏကြော်ပြီးဆယ်ထားပါ။

၃။ ကြက်သွန်ဖြူထောင်း ဆီသတ်ပြီးကြက်သားထည့်ကာ ပါဝင်သော အရသာများကိုထည့်၍ သမအောင်မွှေပြီး မီးပြင်းပြင်းနှင့်ချက်ပါ။

ငွေကုန်သက်သာပြီ အရသာရှိတဲ့ သရက်သီးသုပ် (ထိုင်း/ မြန်မာ) ပြုလုပ်နည်း



အခုတစ်ခါတင်ပေးမှာ တော့ သုတ် ကြိုက်တတ်တဲ့ သူငယ်ချင်းတွေ အတွက် အချိန်ကုန်ငွေကုန်သက်
ာ ပြီး အရသာ ရှိတဲ့ သရက်သီး သုတ် (ထိုင်စတိုင်/မြန်မာ စတိုင်) ပြုလုပ်ပုံ လေးပဲဖြစ်ပါတယ်။ ဟင်ချက်
နည်း တွေ စဉ်ဆက်မပြတ်ရေးနေတဲ့ သူငယ်ချင်းမေသဇင် ဆီကနေတဆင့်ပြန်လည်မျှဝေပေးလိုက်တာပါ။

ကြက်သားနှင့် စပါးလင်ချက် (ဗီယက်နမ်စတိုင်) ဟင်းချက်နည်း



ဒီတခါတင်ပေးမှာကတော့ ကြက်သားနှင့် စပါးလင် ရောပြီး ဗီယက်နမ်စတိုင် ဟင်းချက်နည်း လေးပဲဖြစ်ပါ
တယ်။ ဆိုဒ်ထဲကိုရောက်လာတဲ့သူငယ်ချင်းတွေ အတွက် ကျွန်တော်သူငယ်ချင်း မေသဇင် တင်ပေးထားတဲ့ ဟင်ချက်နည်းလေးကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။