BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

အလိုလျောက် လည်နေတဲ့ အီဂျစ် ရုပ်တု

Photo: အလိုလျောက် လည်နေတဲ့ အီဂျစ် ရုပ်တု
Tuesday, June 25, 2013

မန်ချက်စတာမြို့ ပြတိုက်က မှန်ခန်းထဲမှာ ပြသ ထားတဲ့ ဘီစီ ၁၈၀၀ လောက် က အီဂျစ် ရုပ်တုဟာ သူ့ အလို အလျောက် တဖြည်းဖြည်း ချင်း လည်နေ ခဲ့ တာကို ကင်မရာ ကနေ မှတ်တမ်း တင်ထားနိုင်ခဲ့ ပါတယ်။

၁၀ လက္မ အရွယ် ဒီရုပ်တုရဲ့ အနေ အထား ပြောင်းနေတာကို ပြတိုက် တာဝန် ရှိသူတွေ ကနေ သတိထား မိရာ ကနေ ကင်မရာ တပ်ပြီး ကြည့်ရာမှာ တကယ် လည်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပြတိုက် တာဝန်ရှိသူ တဦး ကတော့ ဒါဟာ လူတွေ သွားလာ လှုပ်ရှားနေတဲ့ တုန်ခါမှုကြောင့် မဖြစ်နိုင်ကြောင်းနဲ့ တခြားသော ရူပဗေဒ စွမ်းအင် ဆိုင်ရာ ရွေ့လျားမှုတွေလည်း မဖြစ်နိုင်ကြောင်း ပြောပါတယ်။

သူ့ အထင် ကတော့ ရှေးဟောင်း အီဂျစ် လူမျိုးတွေဟာ အခုလို ရုပ်တုတွေမှာ ဝိညာဉ် သွင်းထားလေ့ ရှိတာနဲ့ ဆက်စပ် နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese

Tuesday, June 25, 2013

မန်ချက်စတာမြို့ ပြတိုက်ကမှန်ခန်းထဲမှာ ပြသ ထားတဲ့ဘီစီ ၁၈၀၀ လောက် က အီဂျစ် ရုပ်တုဟာ သူ့ အလို 
အလျောက် တဖြည်းဖြည်း ချင်း လည်နေ ခဲ့ တာကို ကင်မရာ ကနေ မှတ်တမ်း တင်ထားနိုင်ခဲ့ ပါတယ်။ ၁၀ လက္မ အရွယ် ဒီရုပ်တုရဲ့ အနေ အထား ပြောင်းနေတာကို ပြတိုက်တာဝန်ရှိသူတွေကနေသတိထားမိရာ
ကနေ ကင်မရာ တပ်ပြီး ကြည့်ရာမှာ တကယ် လည်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပြတိုက် တာဝန်ရှိသူ တဦး ကတော့ ဒါဟာ လူတွေ သွားလာ လှုပ်ရှားနေတဲ့ တုန်ခါမှုကြောင့်မဖြစ်နိုင်ကြောင်း
နဲ့ တခြားသော ရူပဗေဒ စွမ်းအင် ဆိုင်ရာ ရွေ့လျားမှုတွေလည်း မဖြစ်နိုင်ကြောင်း ပြောပါတယ်။

သူ့ အထင် ကတော့ ရှေးဟောင်း အီဂျစ် လူမျိုးတွေဟာ အခုလို ရုပ်တုတွေမှာ ဝိညာဉ် သွင်းထားလေ့ ရှိတာနဲ့ ဆက်စပ် နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese , RangonNewsDaily
kolatt(PBDN): 25.6.2013