BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ

Photo: ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ
Saturday, January 18, 2014

တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji  ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီ့အချိန်ကစ ရေမချိုး၊ မသန့် ရှင်းပဲ နေထိုင်ခဲ့တဲ့ Amou Haji ဟာ အခုဆို အသက် ၈၀ အရွယ်ကို ရောက်ရှိလာပါပြီ။  အချစ်ရေးကံခေ ခဲ့ပြီးနောက် Amou ဟာ အီရန်နိုင်ငံတောင်ပိုင်း ၊ Dejgah ဆိုတဲ့ ရွာနားက တောနက်ထဲမှာ တစ်ကိုယ်ရည် နေခဲ့ပြီး ၊ ညတွေမှာဆို သူဟာ မြေတွင်းထဲမှာ အိပ်စက်ပြီး ဆောင်းရာသီမှာတော့ ရွာသားတွေက သူ့ အတွက် ဆောက်ပေးထားတဲ့ အုတ်တိုက်ငယ်လေးမှာ နေထိုင်ပါတယ်။

သူ အနှစ်သက်ဆုံးအရာကတော့ တိရစ္ဆာန်နောက်ချေးခြောက်တွေကို ဆေးတံထဲထည့်ပြီး သောက်ရတာကိုပါတဲ့။ Amou ဟာ သူ့ ရဲ့ စုတ်စုတ်ပြတ်ပြတ်နေထိုင်တဲ့ ပုံစံကို လက်ခံပြီး သူနဲ့ အတူ နေထိုင်နိုင်မယ့် အမျိုးသမီးကို လက်ထပ်ချင်တယ်လို့ Tehran Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Dejgah ရွာထဲက လူငယ်တွေဟာ Amou က တစ်ခါက ရေချိုးသန့် စင်ပေးဖို့ ဝိုင်းကြိုးစားခဲ့ကြပေမယ့် ၊ Amou က ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူရေမချိုးရတဲ့ အကြောင်းရင်းက သူဟာ သန့် သန့် ရှင်းရှင်းနေထိုင်ရင် ဖျားနာတတ်တယ်လို့ ယူဆနေလို့ ပါ။

နှစ်ခြောက်ဆယ်လုံး ရေမချိုးပဲ ညစ်ညစ်ပတ်ပတ်နေခဲ့ပေမယ့် သူဟာ အခုထိ မိန်းမလိုချင်တုန်းဖြစ်ပြီး ရွာထဲက မိန်းမတွေကို လူပျိုလာလှည့်ရင် မီးရှို့ ထားတဲ့ တုတ်နဲ့  သူ့ ရဲ့ ရှည်လျားကြမ်းတမ်းတဲ့ မုတ်ဆိတ်၊ပါးသိုင်းမွှေးတွေကို လောင်မြှိက်လိုက်ပြီး ၊ ကားနောက်ကြည့်မှန် အစုတ်တစ်ခုနဲ့ သူ့ ကိုယ်သူ လှပအောင် ပြင်ဆင်ပြီး ရွာထဲလာတယ်လို့ ဆိုပါတယ်။

Ref: Tehran Times
Trend Myanmar

RangonNewsDaily:: January . 18 .2014
တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီ့အချိန်ကစ ရေမချိုး၊ မသန့် ရှင်းပဲ နေထိုင်ခဲ့တဲ့ Amou Haji ဟာ အခုဆို အသက် ၈၀ အရွယ်ကို ရောက်ရှိ
လာပါပြီ။ အချစ်ရေးကံခေ ခဲ့ပြီးနောက် Amou ဟာ အီရန်နိုင်ငံတောင်ပိုင်း ၊ Dejgah ဆိုတဲ့ ရွာနားက တော
နက်ထဲမှာ တစ်ကိုယ်ရည် နေခဲ့ပြီး ၊ ညတွေမှာဆို သူဟာ မြေတွင်းထဲမှာ အိပ်စက်ပြီး ဆောင်းရာသီမှာတော့ ရွာသားတွေက သူ့ အတွက် ဆောက်ပေးထားတဲ့ အုတ်တိုက်ငယ်လေးမှာ နေထိုင်ပါတယ်။

သူ အနှစ်သက်ဆုံးအရာကတော့တိရစ္ဆာန်နောက်ချေးခြောက်တွေကို ဆေးတံထဲထည့်ပြီး သောက်ရတာကိုပါ
တဲ့။ Amou ဟာ သူ့ ရဲ့ စုတ်စုတ်ပြတ်ပြတ်နေထိုင်တဲ့ ပုံစံကို လက်ခံပြီး သူနဲ့ အတူ နေထိုင်နိုင်မယ့် အမျိုး
သမီးကို လက်ထပ်ချင်တယ်လို့ Tehran Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Dejgah ရွာထဲက လူငယ်တွေဟာ Amou က တစ်ခါက ရေချိုးသန့် စင်ပေးဖို့ ဝိုင်းကြိုးစားခဲ့ကြပေမယ့် ၊ Amou က ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူရေမချိုးရတဲ့ အကြောင်းရင်းက သူဟာ သန့် သန့် ရှင်းရှင်းနေထိုင်
ရင် ဖျားနာတတ်တယ်လို့ ယူဆနေလို့ ပါ။

နှစ်ခြောက်ဆယ်လုံး ရေမချိုးပဲ ညစ်ညစ်ပတ်ပတ်နေခဲ့ပေမယ့် သူဟာ အခုထိ မိန်းမလိုချင်တုန်းဖြစ်ပြီး ရွာထဲ
က မိန်းမတွေကို လူပျိုလာလှည့်ရင် မီးရှို့ ထားတဲ့ တုတ်နဲ့  သူ့ ရဲ့ ရှည်လျားကြမ်းတမ်းတဲ့ မုတ်ဆိတ်၊ပါးသိုင်း
မွှေးတွေကို လောင်မြှိက်လိုက်ပြီး ၊ကားနောက်ကြည့်မှန် အစုတ်တစ်ခုနဲ့ သူ့ ကိုယ်သူ လှပအောင် ပြင်ဆင်ပြီး ရွာထဲလာတယ်လို့ ဆိုပါတယ်။

Ref: Tehran Times
Trend Myanmar , kolatt(PBDN)
RangonNewsDaily